မိန်းမ တစ်ယောက်ရဲ့ အကုသိုလ်ကံ

လောကမှာ ယောကျာ်းနဲ့ မိန်းမ တွေ့ကြုံဆုံကွဲ ဖြစ်ကြရတာ ဓမ္မတာပါ… ဘာထူးဆန်းလို့လဲလို့ မေးချင်စရာ… ဟုတ်တယ်.. မထူးဆန်းဘူး… ထူးဆန်းတာတာကတော့…အဲဒီမိန်းမတစ်ယောက်ဟာ…ကိုယ့်အပေါ် သစ္စာမရှိ…တန်ဖိုးမထား…ကိုယ့်အပြင် အခြား အခြားသော မိန်းမတကာ မိန်းမတွေကို လစ်ရင်တွယ်…ချောင်ရင်နှိုက်…ဖောက်ပြန်တတ်တဲ့ ယောကျာ်းကို ရထားပြီဆိုရင်တော့…အဲဒါ….ထူးဆန်းနေပြီ… ကျွန်မငယ်ရွယ်စဉ် စိတ်ဓာတ်မရင့်ကျက်ခင်ကာလတွေ…တရားတွေ ကို နားနဲ့ပဲနာခဲ့ပြီး နှလုံးသားနဲ့ မနာတတ်ခင်ကာလတွေတုန်းက… ယောကျာ်းတစ်ယောက် ကိုယ့်ကို ဖောက်ပြန်တာ ခံရပြီဆို..ပထမဦးဆုံး…သူ့ကိုဒေါသထွက်တယ်ဒုတိယ… ကိုယ့်ကိုကိုယ် ဒေါသထွက်တယ် တတိယ…သူနဲ့ဖောက်ပြန်တဲ့ မိန်းမကို ဒေါသထွက်တယ်အခုတော့…အဲလို (၃) မျိုးသော ဒေါသတွေ မရှိတော့ဘူး..ဖောက်ပြန်တတ်တဲ့ ယောကျာ်းဟာ…ကိုယ်နဲ့တွေ့ပြီးမှ ဖောက်ပြန်တာ မဟုတ်ပါဘူး…သူ့ရဲ့ မွေးရာပါ အငုံ့စိတ်ကိုက သူ့အသွေးအသား အတွေးထဲမှာ ပါလာခဲ့ပြီးသားပါ…အခွင့်အရေး မကြုံလို့သာ…သူလုပ်ခွင့်မရခဲ့တာပါ… ဒါကြောင့်…ကိုယ်နဲ့မယူခင် Single ဘဝမှာ ဖောက်ပြန်တတ်တဲ့ ယောကျာ်းကို ကိုယ်နဲ့ယူပြီးမှ ငြိမ်မယ် … Read more

“ဘုရားရှင် အား တစ်ကြိမ် ဦးချရခြင်းအကျိုး ဖတ်ပြီးရှယ်ပေးခြင်းဖြင့် ကုသိုလ်ယူနိုင်ကြပါစေ”

တစ်ခါတော့…ဘုရားရှင် ဟာ နံနက်မိုးသောက်ထတဲ့အချိန်မှာမဟာကရုဏာသမာပတ်ဝင်စားရင်း စဏ္ဍာလ တင်းကုပ် မှာနေတဲ့ သက်တမ်းကုန်နေတဲ့အဘွားအိုတစ်ယောက်ကို သွားမြင်တော်မူပါတယ်သူ့နာမည်က စဏ္ဍာလီတဲ့။ စဏ္ဍာလီ အမည်ရှိတဲ့ အဘွားအိုဟာ အခုမနက်ခင်းမှာပဲ သေတော့မယ် ပြီးတော့ ဘာကုသိုလ်မှလည်း မရှိတဲ့အတွက်ငရဲလည်း ကျမယ်တဲ့။ငရဲမကျစေချင်တဲ့အတွက် ဘုရားရှင်ဟာသံဃာပေါင်းများစွာခြံရံပြီးရာဇဂြိုဟ်မြို့ထဲကို ဆွမ်းခံကြွတော်မူပါတယ်။ အဲဒီအချိန်မှာ အဘွားအိုကလည်း မြို့ပြင်အထွက်လမ်းမှာ ဘုရားရှင်နဲ့ မျက်နှာချင်းဆိုင် တည့်တည့်တိုးနေတော့တာပေါ့။မြတ်စွာဘုရားရှင်ကလည်း အဘွားအို ရှေ့ဆက်သွားမရပဲ ရှိခိုးကန်တော့ဖြစ်သွားအောင် ရှေ့တည့်တည့်ကနေ ပိတ်ရပ်ထားတော်မူပါတယ်။ ဒါပေမဲ့…အဘွားအိုက ဘုရားရှင်ကို ရှိမခိုးဘူးတဲ့။ဒီအတိုင်းပဲ ပေပြီး ရပ်နေတယ်။ဒီအခါမှာ…အရှင်မောဂ္ဂလာန်က ဂါထာနှစ်ဂါထာနဲ့ ဘုရားရှင်ကိုရှိခိုးဖို့ အဘွားအိုကို တိုက်တွန်းပါတယ်။ စဏ္ဍာလီဒါယိကာမကြီး…အခြံအရံ အကျော်စောရှိတော်မူသောဂေါတမမြတ်စွာဘုရား၏ ခြေတော်ကို ရှိခိုးလော့။အမြတ်ဆုံးဣသိ ဖြစ်တော်မူသော မြတ်စွာဘုရားသည် သင့်ကိုသာလျှင် ချီးမြှောက်တော်မူခြင်းငှာ ရပ်တည်တော်မူ၏။ တာဒိဂုဏ်(လောကဓံနှင့် ကြုံသော်လည်းတုန်လူပ်ခြင်းမရှိ သည်းခံနိုင်ခြင်း)နှင့် ပြည့်စုံတော်မူသောပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား၌ … Read more

ညအိပ်ချိန်မှာ ဘရာဇီယာချွတ်အိပ်သင့်သလား ? မိန်းခလေးတိုင်းကို ဖတ်စေချင်ပါတယ်

ညအိပ်ချိန်မှာ ဘရာဇီယာချွတ်အိပ်သင့်သလား ? မိန်းခလေးတိုင်းကို ဖတ်စေချင်ပါတယ် ညအိပ်ချိန်မှာ ဘရာဇီယာချွတ်အိပ်သင့်သလား ? မိန်းခလေးတိုင်းကို ဖတ်စေချင်ပါတယ် မိန်းကလေးအချို့က ဘရာဇီယာကို အချိန်တိုင်း၊ အချိန်ပြည့် ဝတ်ထားရတာကိုပဲ သက်တောင့်သက်သာ ရှိတယ်လို့ ဆိုပါတယ် ဘရာဇီယာက ရင်သားတွဲကျခြင်းနှင့် ရင်သားပုံ မကျခြင်းတို့မှ ကာကွယ်ဖို့ အတွက် အမြဲ ဝတ်ထားသင့်တယ် ဆိုပေမယ့်လည်း ညအိပ်တဲ့ အခါမှာတော့ မဝတ်သင့်ပါဘူးနော်။ ညအိပ်တဲ့ အခါမှာ ဘရာဇီယာ ဝတ်အိပ်ခြင်းကြောင့် ကျန်းမာရေး အတွက် ဘယ်လို ဆိုကျိုးတွေ သက်ရောက်နိုင်လဲ ဆိုတာကို သိရှိနိုင်ဖို့ အတွက် ဝေမျှပေးလိုက်ပါတယ်နော်။ (၁) ညအိပ်ချိန်မှာ တင်းကြပ်နေတဲ့ ဘရာဇီယာ ဝတ်အိပ်ခြင်းကြောင့် သွေးလည်ပတ်မှုကို အနှောင့်အယှက် ဖြစ်စေပြီး ရင်သား ကြီးထွားမှုကို နှောင့်နှေးစေပါတယ်။ဒါ့အပြင် ဟော်မုန်းဓာတ် … Read more

ညအိပ်ယာမဝင်ခင် သောက်ပေးပြီး ဝမ်းဗိုက်အဆီတွေကို ဖယ်ရှားမယ်

ကျန်တဲ့နေရာမဝပေမဲ့ ဗိုက်မှာအဆီတွေစုနေတာ တကယ်ကို မအီမသာဖြစ်စရာပါ။ နေရလည်းခက်လှပါတယ်။ ဝမ်းဗိုက်အဆီတွေကို ဖယ်ရှားဖို့ တကယ်ကိုခက်ပါတယ်။ အဲဒီအတွက် ကိုယ်လက်လေ့ကျင့်ခန်းတွေသာမက သဘာဝ အဆီတွေကို ဖယ်ရှားပေးမယ့် ဖျော်ရည်ကိုလည်း အိမ်မှာလုပ်ပြီး သောက်သုံးပေးနိုင်ပါတယ်။ ဝမ်းဗိုက်အဆီပိုတွေကိုဖယ်ရှားနိုင်ဖို့အတွက် ပြုလုပ်နိုင်တဲ့ သဘာဝအဆီကျဖျော်ရည်ကို ညအိပ်ယာမဝင်ခင် ၁နာရီအလိုမှာ သောက်ပေးရမှာပါ။ ဖျော်ရည်လုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ သံပုယိုသီး ၁ လုံး (အရည်ညှစ်ပါ) ဂျင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ရှလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း သစ်ကြမ်းပိုးခေါက်မှုန့် အနည်းငယ် ရေ လီတာဝက် နံနံပင်အနည်းငယ် ပြုလုပ်နည်း ခွက်တစ်လုံးထဲမှာ ရေကိုဆူအောင်သည်ပြီး ပါဝင်ပစ္စည်းတွေအားလုံးကိုရောလိုက်ပါ။ ပြီးရင် အပူချိန်လျှော့်ပြီး ခဏလောက်သည်ထားပေးပါ။ အဲဒီနောက် မီးဖိုပေါ်ကချပြီး သေချာမွှေပေးပါ။ ခွက်တစ်လုံးထဲလောင်းထည့်ပြီး ညအိပ်ယာမဝင်ခင် တစ်နာရီအလိုမှာသောက်ပေးရမှာပါ။ … Read more

မိန်းကလေး တစ်ယောက်ကို ဖြတ်ချင်လာပြီဆိုရင် ယောကျာ်းတွေ သုံးတတ်တဲ့ အကွက်များ

သမီးရည်းစား Relationship တစ်ခုမှာ ကိုယ့်ချစ်သူက ကိုယ့်ကို စိတ်ကုန် လာပြီလားဆိုတဲ့ စိုးရိမ်စိတ်က မိန်းကလေးတွေမှာ ပိုတွေ့ရတတ်ပါတယ်။စစ်တ မ်းတွေအရဆိုရင် Relationship တွေမှာ မိန်းကလေးတွေဘက်ကနေ အရင် စပြီး လမ်းခွဲတာများပါတယ်။ယောက်ျားအများစုက လမ်း ခွဲရအောင်ဆိုတဲ့ စကား ကို သူတို့ဘက်ကနေ အရင်စပြီး ပါးစပ်ကနေ ဖွင့်မပြောပေမယ့် တစ်ဖက် မိန်း ကလေး သူ့အပေါ် စိတ်ပျက်ပြီး လမ်းခွဲချင်လာအောင် လုပ်ပြ၊နေပြတ တ်ကြ ပါ တယ်။နှုတ်ကနေ၊ပါးစပ်ကနေ ထုတ်မပြောပေမယ့် သူကိုယ့်ကို လမ်းခွဲ ချင်နေ ပြီဆိုတာကို ဘယ်လိုသိနိုင်လဲ..?ချစ်သူကောင်လေးကို လမ်းခွဲချင်လာပြီဆိုရင် ယောက်ျားတွေ (ပါးစပ်ကနေ လမ်းခွဲရအောင်လို့တော့ ဖွင့်မပြောပေမယ့်) လု ပ်ပြတတ်တဲ့ အပြုအမူတွေကို ဖော်ပြပေးချင်ပါတယ်။အဲ့ဒါတွေကတော့… (၁)အေးစက်လာတာ.. ဒါကတော့ ပြတဲ့ လက္ခဏာတွေထဲမှာမှ အသိသာဆုံးတွေထဲက … Read more

သုံးကြိမ်အထိ လက်ထပ်နိုင်သူကိုသာ ရွေးချယ်ပါ

အိမ်ထောင်ရေး (၃)မျိုးရှိတယ်။ ပထမအိမ်ထောင်ရေး —- ကိုယ်ချစ်တဲ့လူနဲ့ လက်ထပ်တာဖြစ်တယ်။ ဒုတိယအိမ်ထောင်ရေး —- ကိုယ်ချစ်တဲ့လူရဲ့အကျင့်နဲ့ လက်ထပ်တာဖြစ်တယ်။ တတိယအိမ်ထောင်ရေး—- ကိုယ်ချစ်တဲ့လူရဲ့အကျင့်၊ သူ့ရဲ့ဘက်ဂရောင်း (ဆွေမျိုးသားခြင်း)နဲ့ လက်ထပ်တာဖြစ်တယ်။ ပထမအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက တည်မြဲတဲ့အဆင့်မှာရှိတယ်။ ဒုတိယအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက ပိုတည်မြဲတဲ့အဆင့်မှာရှိတယ်။ တတိယအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက ကွာရှင်းတဲ့လမ်းမမြင်ခဲ့ဘူး။ ဒီလောကကြီးမှာ ဆံဖြူသွားကျိုးတဲ့အထိ ချစ်နိုင်ကြတဲ့လူတွေဟာ အခြေခံအားဖြင့် ဘဝမှာ(၃)ကြိမ် လက်ထပ်ကြရတယ်။ ပထမတစ်ကြိမ်က စားသောက်ဆိုင်မှာ၊ ဆိုင်ကြီးကနားမှာ မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းတွေရဲ့ ဆုမွန်ကောင်းတွေကြားမှာ ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်တာဖြစ်တယ်။ ဒုတိယအကြိမ်က အိမ်မှာလက်ထပ်တာဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦး သဟဇတဖြစ်အောင် တစ်ဘက်သားရဲ့အကျင့်နဲ့ လက်ထပ်တာဖြစ်တယ်။ တတိယအကြိမ်က အမျိုးတွေကြားမှာ လက်ထပ်တာဖြစ်တယ်။ တစ်ဘက်သားရဲ့ ဆွေမျိုးသားချင်းတွေနဲ့ သင့်မြတ်အောင် လက်ထပ်တာဖြစ်တယ်။ ဒုတိယအကြိမ်နဲ့ … Read more

စိုးရိမ်စရာ မုန်တိုင်းကြီးတစ်ခု ဖြစ်လာတော့မှာလား

မုတ်သုန်ခေါ်လာနိုင်သောမုန်တိုင်းကြီးတစ်ခု ဖြစ်လာတော့မလား မုန်တိုင်းတစ်ခုရဲ့ဖြစ်စဉ်အစကို လေ့လာကြည့်ရင်လေထုဖိအားကျဆင်းနေရမယ် လေထုမညိမ်သက်မှု့တွေဖြစ်နေရမယ် ဒီဖြစ်စဉ်အနေအထားတွေကတော့လက်ရှိလေထုလှုပ်ရှားမှု အနေအထားအရကပ္ပလီပင်လယ် တောင်ဘက်မှာ ပြည့်စုံနေပါပြီ ဒါဆိုရင် လေဖိအားနည်းရပ်ဝန်းဖြစ်ဖို့မေလ ပထမအပတ်လောက်မှာ ဖြစ်လာနိုင်ခြေရှိလာနိုင်တယ်။ နောက်ကျလွန်းရင် နှစ်ရက်ပေါ့။‌အဓိကက လေဖိအားနည်းရပ်ဝန်းစဖြစ်လာရင်တော့ မုန်တိုင်းဖြစ်ဖို့ သေချာပါပြီး။ ဒီမုန်တိုင်းက- ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ- ရန်ကုန်တိုင်း- မွန်ပြည်နယ်တို့ အတွက် စိုးရိမ်စရာတော့ဖြစ်လာနိုင်တယ် အဓိကကတော့ မြစ်ဝကျွန်းပေါ်ဒေသပေါ့။ မုန်တိုင်းဖြစ်လာရင်တော့အနောက်တောင်မုတ်သုန်ကိုလည်းခေါ်လာနိုင်တယ်။ ဒါကြောင့် တနင်္သာရီတိုင်းဘုတ်ပြင်းဘက်မှာ စောစောဝင်လာနိုင်တယ်။ မုန်တိုင်း ဖြစ်လာရင်လည်းဆိုင်ကလုန်အဆင့်ထိဖြစ်လာနိုင်တယ်။ဒါကြောင့် ကြိုတင်ပြင်ဆင်မှု လုပ်ဆောင်နိုင်ရန်နှင့်ကြိုတင်သိရှိနိုင်အောင် မုန်တိုင်းတစ်ခုဖြစ်လာနိုင်ခြေကိုကြိုတင်အသိပေးလိုက်ပါတယ်။ ဒီမုန်တိုင်းကဖြစ်လာခဲ့ရင်အားအင်ကြီးမား ပြင်းထန်နိုင်လို့သတင်းအဆက်မပြတ် သိရှိဖို့‌တော့လိုအပ်နိုင်တယ် လေထုလှုပ်ရှားမှု့တွေ ပြောင်းလည်းမှုတွေကိုချက်ချင်းတင်ပေးနိုင်အောင်လည်းကြိုးစားပေးနေပါတယ် အကုန်သိရှိစေဖို့အတွက်က Like / share ထားပေးကြပါ။သ‌ဘာဝဘေး ဆိုတော့မဖြစ်လာခဲ့ရင်အကောင်းဆုံးပါ ဖြစ်လာခဲ့ရင်တော့ ကြိုတင်သိရှိကာကွယ်ထားသဖြင့်အထိအခိုက်အပျက်အဆီးနဲနိုင်သလိုလူအသေအပျောက်လည်းနဲလာနိုင်လို့ကြိုတင်ပြီးအသိပေးထားတာပါ။ ဆက်လက် စောင့်ကြည့်ကြပါစို့။ HtayAung Unicode မုတ်သုန်ခေါ်လာနိုင်သောမုန်တိုင်းကြီးတစ်ခု ဖြစ်လာတော့မလား မုန်တိုင်းတစ်ခုရဲ့ဖြစ်စဉ်အစကို … Read more

အမျိုးသမီး ( ၅ )ဦးလျှင် ( ၄ )ဦးက လက်မထပ်ခင် အတွေ့အကြုံရှိ

လက်ထပ်ထိမ်းမြားခြင်း မပြုမှီမှာပင် အမျိုးသမီး (၅)ဦးလျှင် (၃)ဦးကသူတို့၏ အပျိုစင်ဘဝကို ဘဝကြင်ဖော်မဟုတ်သည့် အခြားတစ်ယောက်နှင့် မျှဝေခဲ့ကြောင်းနှင့် (၅)ဦးလျှင် (၄)ဦးကမူ ကြင်ဖော် သို့မဟုတ် အခြားတစ်ယောက်နှင့် မျှ ဝေခဲ့ကြောင်း …. FNG ၏လေ့လာမှုစစ်တမ်းတစ်ရပ်အရ သိရသည်။ ရန်ကုန် ၊ မန္တလေးနှင့် နေပြည်တော်မြို့များတွင် ပြုလုပ်သည့် FNG ၏ ” လက်မထပ်မှီ အပျိုစင်ဘ၀ ထိမ်းသိမ်းနိုင်မှု ” စစ်တမ်းတွင် ရန်ကုန်မြို့မှ ၂၄ ဦး ၊ မန္တလေး မြို့ မှ ၁၅ ဦး နှင့် နေပြည်တော်မှ …. အမျိုးသမီး ရှစ်ဦးက သူတို့၏ အတွေ့အကြုံများကို မျှဝေခဲ့ကြသည်။ နိုဝင်ဘာလအတွင်းက လက်ထပ်ထိမ်းမြှားမှု ပြုခဲ့သည့် ကွန်ပျုတာဆော့ဖ်ဝဲနည်းပညာရှင်အသက် ၂၅ … Read more

ဖောက်ပြန်ဖို့ သေချာသလောက်ရှိတဲ့ မိန်းကလေးတွေရဲ့ ပုံစံများ…

ဖောက်ပြန်ဖို့ သေချာသလောက်ရှိတဲ့ မိန်းကလေးတွေရဲ့ ပုံစံများ… ဖောက်ပြန် ဖို့ သေချာသလောက်ရှိနေ တဲ့ မိန်းကလေးတွေရဲ့ ပုံစံတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …။ ( ၁ ) ပစ္စည်းဥစ္စာမက်တဲ့ မိန်းကလေး” ဒီလို မိန်းကလေးမျိုးးက ပစ္စည်းဥစ္စာအပေါ် အရမ်းတန်ဖိုးထားတဲ့ သူတွေပေါ့။ သူမဟာ ဟိုဟာဝယ်ဖို့၊ ဒီဟာဝယ်ပေးဖို့ အမြဲသင့်ကို ပူဆာနေတော့မှာပါ …။ သင်ဝယ်ပေးဖို့ ငြင်းလိုက်ရင်လည်း သင်သူ့ကို မချစ်ဘူးလို့ သူမထင်မှာပါ။ သင်ဝယ်ပေး နိုင်တုန်းတော့ သင့်ကိုချစ်နိုင်ပေမယ့် သင်မဝယ်ပေး နိုင်တော့တဲ့ တစ်နေ့မှာ …. တခြားအကောင်ကြီးကြီး တစ်ယောက်ကို သူမအချစ်တွေ သိမ်းကျုံး ပေးလိုက်မယ့်မိန်းမ မျိုးပေါ့ …။ ( ၂ ) သူများခံစားချက်ကို ကစားတတ်သူ” အထိအတွေ့တွေကို သာယာလို့ဖြစ်စေ၊ ယောက်ျားလေးတွေကို … Read more

ရိုးမြေကျ ပေါင်းသင်းနေထိုင်သွားရမယ့် ဖူးစာရှင် ဟုတ်၊ မဟုတ် သိနိုင်မယ့်အချက်(၅)ချက်

ဖူးစာ ဆိုတာ တကယ့်ကို ဆန်းကြယ်ပါတယ်။ ဒါကြောင့်လည်း ညားတိုင်းမချစ်၊ ချစ်တိုင်းမညားဆိုတဲ့ စကားပုံပေါ်လာတာပါ။ တကယ်လို့ သင်ချစ်တဲ့သူနဲ့ သင့်ကိုချစ်တဲ့သူ တစ်ထပ်တည်းကျခဲ့ရင် သင်ဟာ ကံအကောင်းဆုံး လူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီလူဟာ သင်နဲ့ ရိုးမြေကျ ပေါင်းသင်းနေထိုင်သွားရမယ့် ဖူးစာရှင် ဟုတ်၊ မဟုတ် ဆိုတာကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ (၁) ပြည့်စုံတယ်လို့ခံစားရတယ် လူတိုင်းဟာ အားနည်းချက်ကိုယ်စီနဲ့မို့လို့ ဘယ်တော့မှ ပြီးပြည့်စုံခြင်းဆိုတာ မရှိပါဘူး။ ဒါပေမယ့် ထူးဆန်းတာ တစ်ခုက သင့်ချစ်သူနဲ့ သင်နဲ့ ယှဉ်တွဲလိုက်တိုင်း ပြီးပြည့်စုံတယ်လို့ ခံစားရမှာပါ။ သူအနားမှာ ရှိနေရင် အရာရာကို စိတ်တိုင်းကျပြီး ကြည်နူးပျော်ရွှင်နေမှာပါ။ ဒါဆိုရင် သူဟာ သင့်ရဲ့ဖူးစာရှင်ဖြစ်ကြောင်း ဖော်ပြနေတဲ့ အထဲက တစ်ခုပါ။ (၂) စိတ်ထဲကနေ အလိုလိုသိနေတယ် သူ့ကိုသင် … Read more