










Uniode

ဖခင်ဖြစ်သူကို ပစ်ထားခဲ့တယ်ဆိုပြီပြင်း ထန်တဲ့ဝေဖန်မှုတွေခံနေရတဲ့ မြင့်မြတ်ဘက်က ပြန်လည်ဖြေရှင်းလာခဲ့တဲ့ ယုန်လေး

ပရိသတ်ကြီးရေ သဘာဝမင်းသားလို့ပရိသတ်တွေ တင်စားခေါ်ဝေါ်ကြတဲ့ မင်းသားချောမြင့်မြတ်ကတော့ သာယာပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ထောင်ထားတာဖြစ်ပြီး ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ သူလေးဖြစ်ပါတယ်။

သူဟာကျရာဇာတ်ရုပ်ကိုလည်း အပီအပြင်သရုပ်ဆောင်နိုင်တဲ့သူလေးဖြစ်ပြီးအကယ်ဒမီထူးချွန်ဆုကြီးကိုလည်း ရရှိထားသူတစ်ယောက်ပါနော်။

မြင့်မြတ်ဟာ အနုပညာလောကမှာလည်း နှစ်ပေါင်းအတော်ကြာ ရပ်တည်အောင်မြင်နေတာလည်းဖြစ်ပြီးဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူး။

ယမန်နေ့ကတော့ မြင့်မြတ်ရဲ့ဖခင် ဦးမြင့်ကျော်က သူဖုန်းခေါ်ရင် မြင့်မြတ်အနေနဲ့ဖုန်းကိုင်စေချင်တဲ့အကြောင်းမီဒီယာကတဆင့် ပြောကြားခဲ့တာကြောင့်မြင့်မြတ်အနေနဲ့ ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်

ယနေ့မှာတော့ မြင့်မြတ်ရဲ့ သူငယ်ချင်းဖြစ်သူ ယုန်လေးကဝေဖန်ခံနေရတဲ့ မြင့်မြတ်ဘက်က ပြန်လည်ဖြေရှင်းလာခဲ့တာပဲဖြစ်ပါတယ်

ယုန်လေးက “အားလုံး ဆန္ဒမစောစေချင်ပါဘူး လူတိုင်းကို ကူညီနေတဲ့ မြင့်မြတ်စက်အဖွဲ့ က လူတစ်ယောက် ဒုက္ခရောက်ရင်တောင် ကူညီတဲ့ မြင့်မြတ် သူ့ အဖေ အမေ အရင်းမောင်နှစ်မ တွေကို ဘာမှမလုပ်ပေးဖူးဆိုတာဦးနောက် နဲ့ စဉ်းစားပေးကျပါ .

လစဉ် ထောင်ပံ့ကြေးမဆိုလိုဖူး .အဖေ အမေ ကိုကန်တော့တာ ဘယ်လောက်ထင်လဲ မှန်းကြည့်တာထက် ၃ ဆ လောက်ပိုနေရပါမယ် Covid ကြောင့် ဘယ်လိုခက်ခဲခဲ နော် .

တာဝန် မပျက်စေရဘူး ကျွန်တော်တို့ အားလုံးသိတဲ့ လူတွေ အတွက်လည်း ပြောရဖို့ ခက်ခဲပါတယ်..မိသားစု အရေးဆိုတော့ မြင့်မြတ် ဆိုတာ နာမည်နဲ့ လောက်အောင်မြင့်မြတ်ပါတယ်..ဘာမှ မသိပဲ မဝေဖန်ပါနဲ့ဦး

ဒါပဲ ပြောချင်ပါတယ် . 🙏🙏🙏မနက်ဖြန် ရေးတင်ပါမယ်” လို့ ဆိုလာခဲ့တာဖြစ်ပါတယ် ယုန်လေးကတော့ ဖခင်ဖြစ်သူကို ပစ်ထားခဲ့တယ်ဆိုပြီး ဝေဖန်ခံနေရတဲ့ မြင့်မြတ်ဘက်က ပြန်လည်ဖြေရှင်းလာခဲ့တာဖြစ်ပါတယ်နော် ပရိသတ်ကြီးရဲ့အမြင်ကိုလည်းပြောခဲ့ကြပါအုန်းနော်