ခ်စ္သူေတြ ေက်ာ္ျဖတ္ရတဲ့အဆင့္ (၇)ဆင့့္ ( ခ်စ္သူတိုင္း ဖတ္ၾကည့္သင့္ပါတယ္ )

ခ်စ္သူေတြ ေက်ာ္ျဖတ္ရတဲ့အဆင့္ ၇ဆင့့္ရွိသတဲ႔

ဖတ္မိတာေတာ္ေတာ္သေဘာက်လို႔သူငယ္ခ်င္းလည္းဖတ္ရေအာင္ေဝမ်ွတယ္တိုက္ႀကည့္ရေအာင္ေနာ္…

အဆင့္ ၁။ အရူးအမူးျဖစ္ၾကတဲ့ အဆင့္

ဒါကေတာ့ ခ်စ္သူတိုင္းၾကံဳေတြ႕ရတဲ့ ပထမဦးဆံုး အဆင့္ပါ။ဒီအဆင့္မွာ ခ်စ္သူေတြဟာ တစ္ေယာက္ကို တစ္ေယာက္ အရမ္းဆဲြေဆာင္ၾကပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္အျပစ္မျမင္ၾကဘဲ ကိုယ့္ခ်စ္သူရဲ႕ေကာင္းကြက္ေတြပဲ ကြက္ျမင္ၾကတဲ့ အဆင့္ေပါ့။

အဆင့္ ၂။ နားလည္မႈရလာတဲ့ အဆင့္

ဒီအဆင့္မွာေတာ့ တစ္ေယာက္အေၾကာင္း တစ္ေယာက္ပိုသိလာၾကျပီ။ ညဘက္ေတြဆို ခ်စ္သူနဲ႔ ဖုန္းေတြအၾကာၾကီးေျပာမယ္။ မိသားစုအေၾကာင္းေတြ၊ ရည္းစားေဟာင္းအေၾကာင္းေတြ၊ လ်ိဳ႕၀ွက္ခ်က္ေတြ အကုန္ေျပာမယ္။

ျပီးရင္ ခ်စ္သူဆီကလာတဲ့ မက္ေဆ့ခ်္တိုင္းက ကုိယ့္အတြက္ ခ်ိဳျမိန္ေနမယ္။ ေပ်ာ္ရြင္စရာအခ်ိန္ေလးေတြေပါ့။

အဆင့္ ၃။ အေႏွာင့္အယွက္၀င္တဲ့ အဆင့္

ဒီအဆင့္ေရာက္တဲ့အခါမွာေတာ့ ျပသနာေလးေတြ နည္းနည္းစလာျပီ။ကိုယ့္ခ်စ္သူနဲ႔ ပထမဦးဆံုး ရန္စျဖစ္ၾကတဲ့အခ်ိန္ေလးတို႔၊ စကားမ်ားျပီး စိတ္ေကာက္ၾကတဲ့အခ်ိန္ေလးတို႔ကို ျပန္ျမင္ေယာင္ၾကည့္ေပါ့။ ဒါေပမယ့္ အဲ့အေႏွာင့္အယွက္ေလးေတြက လြယ္လြယ္နဲ႔ ၿပီးသြားတာေလးေတြပါပ ဲ။

အဆင့္ ၄။ ပံုသြင္းတဲ့ အဆင့္

ဒီအဆင့္မွာက တစ္ေယာက္နဲ႔တစ္ေယာက္ အက်င့္စရိုက္ေလးေတြကို ဟိုဟာေလးျပင္သင့္တယ္၊ ဒီဟာေတာ့ မလုပ္ရဘူးလို႔ေျပာလာျပီ။ ခ်ဳပ္ခ်ယ္တာေတြ၊ ဆံုးမတာေလးေတြ လုပ္လာျပီေပါ့။

အဲ့လိုျဖစ္လာျပီဆိုရင္ ကိုယ့္ခ်စ္သူက စိတ္ညစ္လာတာပဲျဖစ္ျဖစ္၊ ႏွစ္ေယာက္ၾကားကအခ်စ္က အရိွန္ျမင့္လာတာ ပဲျဖစ္ျဖစ္၊ အက်ိဳးသက္ေရာက္မႈေလးေတာ့ စရိွလာျပီ။

အဆင့္ ၅။ ျပန္လည္ၾကည္ႏူးျခင္းအဆင့္

ဒီအဆင့္ေရာက္ရင္ေတာ့ အေျခအေနေတာ္ေတာ္ေလးေကာင္းလာျပီ။ ျပီးေတာ့ ေတာ္ေတာ္မ်ားမ်ားကိုလည္းျဖတ္ေက်ာ္ျပီးသြားျပီဆိုေတာ့ ကိုယ့္ခ်စ္သူနဲ႔ ေတာ္ေတာ္ အဆင္ေျပသြားျပီ။ဘယ္ေတာ့မွ မခဲြေတာ့ဘူးတို႔ ဘာတို႔ စေျပာတဲ့အခ်ိန္ေပါ့။

အဆင့္ ၆။ ျဂိဳလ္ဆိုး၀င္တဲ ့ အဆင့္

ဒီအခ်ိန္မွာေတာ့ သံသယေတြ၊ ျပသနာေပါင္းစံုေ တြစလာျပီ။ နည္းနည္းေလးမေတြ႕ရလိုက္တာနဲ႔ ေဘးလူေတြကေျပာတဲ ့ ကိုယ့္ခ်စ္သူရဲ႕ မဟုတ္တဲ့အေၾကာင္းေတြၾကားျပီး ရန္ေတြအၾကီးအက်ယ္ျဖစ္ျပီ။

ဒီအဆင့္မွာ တတိယလူ၀င္လာတာေတြေရာ၊ မိဘရဲ႕ ေႏွာင့္ယွက္မႈေတြေရာ၊သူငယ္ခ်င္းေတြက အျမင္မၾကည္ခံရတာေတြေရာ၊ အကုန္ပါလာျပီ။အခန္႔မသင့္တာနဲ႔လမ္းခဲြရႏိုင္တဲ့အဆင့္ေပါ့။

အဆင့္ ၇။ တည္ျငိမ္ ရင့္က်က္သြားတဲ့ အဆင့္

ဒါကေတာ့ ခ်စ္သူတို႔အတြက္ အေကာင္းဆံုးအဆင့္ေရာက္သြားျပီလို႕ေျပာရမလားပဲ။ ဒီအဆင့္ေရာက္လာျပီဆိုရင္ ေတာ္ေတာ္လည္း ႏွစ္ေယာက္စလံုးရဲ႕အခ်စ္ကတည္ျငိမ္သြားျပီ၊

ျပသနာေတြ၀င္လာရင္လည္း တစ္ေယာက္ေယာက္က ေတာင္းပန္လိုက္တာနဲ႔ ခ်က္ခ်င္းအဆင္ေျပသြားၾကျပီ။ ဘာအခက္အခဲေတြလာလာ ရင္ဆိုင္ႏိုင္သြားၾကျပီေပါ့။ ဒီအခ်ိန္မွာေတာ့ ခ်စ္သူႏွစ္ဦးဟာ လြယ္လြယ္နဲ႔မျပတ္ၾကေတာ့ပါဘူး။

ကဲ အဲ့ဒီအဆင့္ေလးေတြကိုဖတ္ျပီးရင္ ကိုယ့္ကိုယ္ကို အခုဘယ္အဆင့္မွာ ေရာက္ေနလဲဆိုတာကို သတိထားျပီးခ်စ္သူနဲ႔ အတူတူလက္တဲြေက်ာ္ျဖတ္ႏိုင္ေအာင္ၾကိဳးစားေပါ့။

ျပီးေတာ့ ဒီအဆင့္ေလးေတြကို ေလွကားထစ္ေလးေတြလို႔ သေဘာထားျပီး ခ်စ္သူတိုင္း ေမွ်ာ္လင့္တဲ့ ေပ်ာ္ရြင္ၾကည္ႏူးဖြယ္ရာ အခ်စ္ဘ၀ေလးကို ေရာက္ေအာင္သြားႏိုင္ၾကပါေစ။

ျပႆနာေတြေတာ့ရိွမွာပဲ၊ အဖုအထစ္ေလးေတြေတြ႕မွာပဲ။ဒါေပမယ့္ ကိုယ့္ခ်စ္သူနဲ႔အတူတူအခ်စ္သစ္ပင္ေလးကို စိမ္းလန္းစိုေျပေအာင္ထားႏိုင္သေရြ႕ေတာ့ အရာအားလံုးအဆင္ေျပ ေခ်ာေမြ႕ေနမွာပါ။

မိန္းကေလးတိုုင္း ေတာင့္တျပီး ေယာက္က်္ားေလးတိုုင္း အားက်ေစဖို႔ …။Credit:Shwe Eain Si

unicode

ချစ်သူတွေ ကျော်ဖြတ်ရတဲ့အဆင့် ၇ဆင့်ရှိသတဲ့

ဖတ်မိတာတော်တော်သဘောကျလို့သူငယ်ချင်းလည်းဖတ်ရအောင်ဝေမျှတယ်တိုက်ကြည့်ရအောင်နော်…

အဆင့် ၁။ အရူးအမူးဖြစ်ကြတဲ့ အဆင့်

ဒါကတော့ ချစ်သူတိုင်းကြုံတွေ့ရတဲ့ ပထမဦးဆုံး အဆင့်ပါ။ဒီအဆင့်မှာ ချစ်သူတွေဟာ တစ်ယောက်ကို တစ်ယောက် အရမ်းဆွဲဆောင်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်အပြစ်မမြင်ကြဘဲ ကိုယ့်ချစ်သူရဲ့ကောင်းကွက်တွေပဲ ကွက်မြင်ကြတဲ့ အဆင့်ပေါ့။

အဆင့် ၂။ နားလည်မှုရလာတဲ့ အဆင့်

ဒီအဆင့်မှာတော့ တစ်ယောက်အကြောင်း တစ်ယောက်ပိုသိလာကြပြီ။ ညဘက်တွေဆို ချစ်သူနဲ့ ဖုန်းတွေအကြာကြီးပြောမယ်။ မိသားစုအကြောင်းတွေ၊ ရည်းစားဟောင်းအကြောင်းတွေ၊ လျို့ဝှက်ချက်တွေ အကုန်ပြောမယ်။

ပြီးရင် ချစ်သူဆီကလာတဲ့ မက်ဆေ့ချ်တိုင်းက ကိုယ့်အတွက် ချိုမြိန်နေမယ်။ ပျော်ရွင်စရာအချိန်လေးတွေပေါ့။

အဆင့် ၃။ အနှောင့်အယှက်ဝင်တဲ့ အဆင့်

ဒီအဆင့်ရောက်တဲ့အခါမှာတော့ ပြသနာလေးတွေ နည်းနည်းစလာပြီ။ကိုယ့်ချစ်သူနဲ့ ပထမဦးဆုံး ရန်စဖြစ်ကြတဲ့အချိန်လေးတို့၊ စကားများပြီး စိတ်ကောက်ကြတဲ့အချိန်လေးတို့ကို ပြန်မြင်ယောင်ကြည့်ပေါ့။ ဒါပေမယ့် အဲ့အနှောင့်အယှက်လေးတွေက လွယ်လွယ်နဲ့ ပြီးသွားတာလေးတွေပါပ ဲ။

အဆင့် ၄။ ပုံသွင်းတဲ့ အဆင့်

ဒီအဆင့်မှာက တစ်ယောက်နဲ့တစ်ယောက် အကျင့်စရိုက်လေးတွေကို ဟိုဟာလေးပြင်သင့်တယ်၊ ဒီဟာတော့ မလုပ်ရဘူးလို့ပြောလာပြီ။ ချုပ်ချယ်တာတွေ၊ ဆုံးမတာလေးတွေ လုပ်လာပြီပေါ့။

အဲ့လိုဖြစ်လာပြီဆိုရင် ကိုယ့်ချစ်သူက စိတ်ညစ်လာတာပဲဖြစ်ဖြစ်၊ နှစ်ယောက်ကြားကအချစ်က အရှိန်မြင့်လာတာ ပဲဖြစ်ဖြစ်၊ အကျိုးသက်ရောက်မှုလေးတော့ စရှိလာပြီ။

အဆင့် ၅။ ပြန်လည်ကြည်နူးခြင်းအဆင့်

ဒီအဆင့်ရောက်ရင်တော့ အခြေအနေတော်တော်လေးကောင်းလာပြီ။ ပြီးတော့ တော်တော်များများကိုလည်းဖြတ်ကျော်ပြီးသွားပြီဆိုတော့ ကိုယ့်ချစ်သူနဲ့ တော်တော် အဆင်ပြေသွားပြီ။ဘယ်တော့မှ မခွဲတော့ဘူးတို့ ဘာတို့ စပြောတဲ့အချိန်ပေါ့။

အဆင့် ၆။ ဂြိုလ်ဆိုးဝင်တဲ့ အဆင့်

ဒီအချိန်မှာတော့ သံသယတွေ၊ ပြသနာပေါင်းစုံေ တွစလာပြီ။ နည်းနည်းလေးမတွေ့ရလိုက်တာနဲ့ ဘေးလူတွေကပြောတဲ့ ကိုယ့်ချစ်သူရဲ့ မဟုတ်တဲ့အကြောင်းတွေကြားပြီး ရန်တွေအကြီးအကျယ်ဖြစ်ပြီ။

ဒီအဆင့်မှာ တတိယလူဝင်လာတာတွေရော၊ မိဘရဲ့ နှောင့်ယှက်မှုတွေရော၊သူငယ်ချင်းတွေက အမြင်မကြည်ခံရတာတွေရော၊ အကုန်ပါလာပြီ။အခန့်မသင့်တာနဲ့လမ်းခွဲရနိုင်တဲ့အဆင့်ပေါ့။

အဆင့် ၇။ တည်ငြိမ် ရင့်ကျက်သွားတဲ့ အဆင့်

ဒါကတော့ ချစ်သူတို့အတွက် အကောင်းဆုံးအဆင့်ရောက်သွားပြီလို့ပြောရမလားပဲ။ ဒီအဆင့်ရောက်လာပြီဆိုရင် တော်တော်လည်း နှစ်ယောက်စလုံးရဲ့အချစ်ကတည်ငြိမ်သွားပြီ၊

ပြသနာတွေဝင်လာရင်လည်း တစ်ယောက်ယောက်က တောင်းပန်လိုက်တာနဲ့ ချက်ချင်းအဆင်ပြေသွားကြပြီ။ ဘာအခက်အခဲတွေလာလာ ရင်ဆိုင်နိုင်သွားကြပြီပေါ့။ ဒီအချိန်မှာတော့ ချစ်သူနှစ်ဦးဟာ လွယ်လွယ်နဲ့မပြတ်ကြတော့ပါဘူး။

ကဲ အဲ့ဒီအဆင့်လေးတွေကိုဖတ်ပြီးရင် ကိုယ့်ကိုယ်ကို အခုဘယ်အဆင့်မှာ ရောက်နေလဲဆိုတာကို သတိထားပြီးချစ်သူနဲ့ အတူတူလက်တွဲကျော်ဖြတ်နိုင်အောင်ကြိုးစားပေါ့။

ပြီးတော့ ဒီအဆင့်လေးတွေကို လှေကားထစ်လေးတွေလို့ သဘောထားပြီး ချစ်သူတိုင်း မျှော်လင့်တဲ့ ပျော်ရွင်ကြည်နူးဖွယ်ရာ အချစ်ဘဝလေးကို ရောက်အောင်သွားနိုင်ကြပါစေ။

ပြဿနာတွေတော့ရှိမှာပဲ၊ အဖုအထစ်လေးတွေတွေ့မှာပဲ။ဒါပေမယ့် ကိုယ့်ချစ်သူနဲ့အတူတူအချစ်သစ်ပင်လေးကို စိမ်းလန်းစိုပြေအောင်ထားနိုင်သရွေ့တော့ အရာအားလုံးအဆင်ပြေ ချောမွေ့နေမှာပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောက်ကျ်ားလေးတိုင်း အားကျစေဖို့ …။Credit:Shwe Eain Si