ညဘက္ ေျခအိတ္ ဝတ္အိပ္ျခင္းရဲ႕ လူသိနည္းေသးတဲ့ က်န္းမားေရးေကာင္းက်ိဳးမ်ား …

ေျခအိတ္ေတြကို ေရွးေခတ္ကတည္းက အီဂ်စ္လူမ်ိဳးေတြ၊ ဂရိလူမ်ိဳးေတြနဲ႕ ေရာမလူမ်ိဳးေတြက အသုံးျပဳခဲ့ၾကပါတယ္။ ေျခေထာက္ေတြ ေႏြးေထြးဖို႔နဲ႔ လမ္းေလွ်ာက္ရင္ သက္ေတာင့္သက္သာ ရွိဖို႔အျပင္ တျခားေသာ ရည္ရြယ္ခ်က္မ်ားစြာအတြက္ အသံုးျပဳခဲ့ၾကတာပါ။ ေျခအိတ္ေတြကေတာ့ ဝတ္ဆင္စရာ အသံုးအေဆာင္ တစ္ခုအျပင္ က်န္းမာေရးေကာင္းက်ိဳးေတြလည္း ေပးတတ္ပါေသးတယ္။ ညဘက္ေတြမွာ ေျခအိတ္ေတြကို ဝတ္ၿပီး အိပ္တဲ့အခါ အခုလို က်န္းမာေရး ေကာင္းက်ိဳးေတြကိုလည္း ရလာေစပါေသးတယ္။

(၁) ေျခအိပ္စြပ္အိတ္တဲ့အခါ အိပ္ေမာက်လြယ္တယ္

ေလ့လာခ်က္ေတြအရ ေျခအိတ္ စြပ္အိပ္တဲ့အခါ ျမန္ျမန္ အိပ္ေပ်ာ္ေစဖို႔ အေထာက္အကူျဖစ္တယ္လို႔ ဆိုထားပါတယ္။ ေျခအိတ္ကို စြပ္အိတ္တဲ့အခါ ေျခေထာက္ေတြက ေႏြးလာၿပီး ခႏၶာကိုယ္တြင္း အပူခ်ိန္ကို က်ဆင္းေစပါတယ္။ ဒီလို ခႏၶာကိုယ္အပူခ်ိန္ က်ေစတာဟာ ျမန္ျမန္အိပ္ေပ်ာ္ေစမွာပဲ ျဖစ္ပါတယ္။

(၂) ေျခေထာက္ေတြ ေအးၿပီး ထုံတတ္တဲ့ေရာဂါကို ကာကြယ္ေပးနိုင္တယ္

ေသြးလည္ပတ္မႈ မမွန္ကန္တဲ့အခါ ေျခေထာက္ေတြ ေအးစက္ၿပီး ထုံလာတာေတြ ျဖစ္တတ္ပါတယ္။ ရာသီဥတုေအးတာနဲ႕ ႂကြက္သားေတြ တင္းေနတာေၾကာင့္လည္း ျဖစ္တတ္ပါေသးတယ္။ တခါတေလမွာ ေျခေထာက္ေတြ ထုံတတ္တဲ့ေရာဂါက ႐ုတ္တရက္ နာက်င္လာတာနဲ႕ ႂကြက္တက္တာေတြပါ ျဖစ္ေစပါတယ္။ ေျခအိတ္ကို စြပ္အိပ္ျခင္းက ေသြးလည္ပတ္မႈကို မွန္ကန္ေစၿပီး ခႏၶာကိုယ္တြင္း အပူခ်ိန္ကို ထိန္းညွိေပးနိုင္တာေၾကာင့္ ေျခေထာက္ေတြ ေအးၿပီး ထုံတတ္တဲ့ေရာဂါကို ကာကြယ္ေပးနိုင္တာပဲ ျဖစ္ပါတယ္။

(၃) ခႏၶာကိုယ္မွာ ႐ုတ္တရက္ အပူတက္လာတာကို ကာကြယ္ေပးနိုင္တယ္

ခႏၶာကိုယ္တြင္းမွာ ေဟာ္မုန္းမညီမွ်ျဖစ္တဲ့အခါ အပူခ်ိန္ကို ပုံမွန္မထိန္းညွိေပးနိုင္ေတာ့တာေၾကာင့္ ႐ုတ္တရက္ အပူေဆာင့္တက္လာတာမ်ိဳးေတြ ႀကဳံရတတ္ပါတယ္။ ျဖစ္တတ္တဲ့ပံုစံကေတာ့ ရုတ္တရက္ မ်က္ႏွာေတြ နီရဲၿပီး ပူလာတာမ်ိဳး၊ ဦးေခါင္းေတြ ပူလာတာမ်ိဳးပဲ ျဖစ္ပါတယ္။ ဒီလိုအေျခအေနမ်ိဳးက အထူးသျဖင့္ ရာသီမမွန္တဲ့ အမ်ိဳးသမီးေတြမွာ ပိုအျဖစ္မ်ားတတ္ပါတယ္။ ေျခအိတ္ကို စြပ္အိပ္ျခင္းကေတာ့ ဒီလိုအေျခအေနမျဖစ္ေအာင္ ကာကြယ္ေပးနိုင္မွာပဲ ျဖစ္ပါတယ္။

(၄) က်န္းမာေရးပိုေကာင္းေစတယ္

ေျခအိတ္ကို စြပ္အိပ္ျခင္းက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ေစတဲ့အျပင္ ေသြးလည္ပတ္မႈကို ထိန္းညွိေပးနိုင္ပါတယ္။ ဒါ့အျပင္ ခႏၶာကိုယ္တြင္း အပူခ်ိန္ကိုလည္း ထိန္းညွိေပးနိုင္ပါတယ္။ အိပ္စက္ျခင္းက လူကို တက္ႂကြလန္းဆန္းေစၿပီး လိုအပ္တဲ့ စြမ္းအင္ေတြကို ျဖည့္စြမ္းေပးနိုင္ပါတယ္။ ဒါေၾကာင့္ ေျခအိတ္ စြပ္အိပ္တဲ့အခါ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္နဲ႕ ပုံမွန္ အိပ္ေမာက်ေစတာေၾကာင့္ က်န္းမာေရးကို ပိုမိုေကာင္းမြန္ေစမွာပဲ ျဖစ္ပါတယ္။

(၅) ေျခအိတ္ေတြက ေျခဖဝါးနဲ႕ ဖေနာင့္ ေျခာက္ေသြ႕တာကို သက္သာေစတယ္

ေျခအိတ္က အစိုဓာတ္ကို ထိန္းညွိေပးနိုင္ပါတယ္။ ေျခဖေနာင့္ေတြ အက္ကြဲၿပီး ေျခာက္ေသြ႕ေနရင္ ေျခအိတ္မစြပ္ခင္ လိုးရွင္းျဖစ္ျဖစ္ ဆီျဖစ္ျဖစ္လူးၿပီး ေျခအိတ္ စြပ္အိပ္တာက ေျခေထာက္အက္ကြဲတာေတြကို သက္သာေစမွာပဲ ျဖစ္ပါတယ္။ ဒါ့အေၾကာင့္ ေျခေထာက္မွာ အသားမာတက္တဲ့အခါ ဒီနည္းနဲ႔ ေျဖရွင္းလို႔ ရပါတယ္။

Kham

Unicode

ခြေအိတ်တွေကို ရှေးခေတ်ကတည်းက အီဂျစ်လူမျိုးတွေ၊ ဂရိလူမျိုးတွေနဲ့ ရောမလူမျိုးတွေက အသုံးပြုခဲ့ကြပါတယ်။ ခြေထောက်တွေ နွေးထွေးဖို့နဲ့ လမ်းလျှောက်ရင် သက်တောင့်သက်သာ ရှိဖို့အပြင် တခြားသော ရည်ရွယ်ချက်များစွာအတွက် အသုံးပြုခဲ့ကြတာပါ။ ခြေအိတ်တွေကတော့ ဝတ်ဆင်စရာ အသုံးအဆောင် တစ်ခုအပြင် ကျန်းမာရေးကောင်းကျိုးတွေလည်း ပေးတတ်ပါသေးတယ်။ ညဘက်တွေမှာ ခြေအိတ်တွေကို ဝတ်ပြီး အိပ်တဲ့အခါ အခုလို ကျန်းမာရေး ကောင်းကျိုးတွေကိုလည်း ရလာစေပါသေးတယ်။

(၁) ခြေအိပ်စွပ်အိတ်တဲ့အခါ အိပ်မောကျလွယ်တယ်

လေ့လာချက်တွေအရ ခြေအိတ် စွပ်အိပ်တဲ့အခါ မြန်မြန် အိပ်ပျော်စေဖို့ အထောက်အကူဖြစ်တယ်လို့ ဆိုထားပါတယ်။ ခြေအိတ်ကို စွပ်အိတ်တဲ့အခါ ခြေထောက်တွေက နွေးလာပြီး ခန္ဓာကိုယ်တွင်း အပူချိန်ကို ကျဆင်းစေပါတယ်။ ဒီလို ခန္ဓာကိုယ်အပူချိန် ကျစေတာဟာ မြန်မြန်အိပ်ပျော်စေမှာပဲ ဖြစ်ပါတယ်။

(၂) ခြေထောက်တွေ အေးပြီး ထုံတတ်တဲ့ရောဂါကို ကာကွယ်ပေးနိုင်တယ်

သွေးလည်ပတ်မှု မမှန်ကန်တဲ့အခါ ခြေထောက်တွေ အေးစက်ပြီး ထုံလာတာတွေ ဖြစ်တတ်ပါတယ်။ ရာသီဥတုအေးတာနဲ့ ကြွက်သားတွေ တင်းနေတာကြောင့်လည်း ဖြစ်တတ်ပါသေးတယ်။ တခါတလေမှာ ခြေထောက်တွေ ထုံတတ်တဲ့ရောဂါက ရုတ်တရက် နာကျင်လာတာနဲ့ ကြွက်တက်တာတွေပါ ဖြစ်စေပါတယ်။ ခြေအိတ်ကို စွပ်အိပ်ခြင်းက သွေးလည်ပတ်မှုကို မှန်ကန်စေပြီး ခန္ဓာကိုယ်တွင်း အပူချိန်ကို ထိန်းညှိပေးနိုင်တာကြောင့် ခြေထောက်တွေ အေးပြီး ထုံတတ်တဲ့ရောဂါကို ကာကွယ်ပေးနိုင်တာပဲ ဖြစ်ပါတယ်။

(၃) ခန္ဓာကိုယ်မှာ ရုတ်တရက် အပူတက်လာတာကို ကာကွယ်ပေးနိုင်တယ်

ခန္ဓာကိုယ်တွင်းမှာ ဟော်မုန်းမညီမျှဖြစ်တဲ့အခါ အပူချိန်ကို ပုံမှန်မထိန်းညှိပေးနိုင်တော့တာကြောင့် ရုတ်တရက် အပူဆောင့်တက်လာတာမျိုးတွေ ကြုံရတတ်ပါတယ်။ ဖြစ်တတ်တဲ့ပုံစံကတော့ ရုတ်တရက် မျက်နှာတွေ နီရဲပြီး ပူလာတာမျိုး၊ ဦးခေါင်းတွေ ပူလာတာမျိုးပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးက အထူးသဖြင့် ရာသီမမှန်တဲ့ အမျိုးသမီးတွေမှာ ပိုအဖြစ်များတတ်ပါတယ်။ ခြေအိတ်ကို စွပ်အိပ်ခြင်းကတော့ ဒီလိုအခြေအနေမဖြစ်အောင် ကာကွယ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

(၄) ကျန်းမာရေးပိုကောင်းစေတယ်

ခြေအိတ်ကို စွပ်အိပ်ခြင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေတဲ့အပြင် သွေးလည်ပတ်မှုကို ထိန်းညှိပေးနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တွင်း အပူချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ အိပ်စက်ခြင်းက လူကို တက်ကြွလန်းဆန်းစေပြီး လိုအပ်တဲ့ စွမ်းအင်တွေကို ဖြည့်စွမ်းပေးနိုင်ပါတယ်။ ဒါကြောင့် ခြေအိတ် စွပ်အိပ်တဲ့အခါ နှစ်နှစ်ခြိုက်ခြိုက်နဲ့ ပုံမှန် အိပ်မောကျစေတာကြောင့် ကျန်းမာရေးကို ပိုမိုကောင်းမွန်စေမှာပဲ ဖြစ်ပါတယ်။

(၅) ခြေအိတ်တွေက ခြေဖဝါးနဲ့ ဖနောင့် ခြောက်သွေ့တာကို သက်သာစေတယ်

ခြေအိတ်က အစိုဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ခြေဖနောင့်တွေ အက်ကွဲပြီး ခြောက်သွေ့နေရင် ခြေအိတ်မစွပ်ခင် လိုးရှင်းဖြစ်ဖြစ် ဆီဖြစ်ဖြစ်လူးပြီး ခြေအိတ် စွပ်အိပ်တာက ခြေထောက်အက်ကွဲတာတွေကို သက်သာစေမှာပဲ ဖြစ်ပါတယ်။ ဒါ့အကြောင့် ခြေထောက်မှာ အသားမာတက်တဲ့အခါ ဒီနည်းနဲ့ ဖြေရှင်းလို့ ရပါတယ်။

Kham