ကိုဗစ္ရန္ပုံေငြ အႏုပညာရွင္မ်ား လက္ေဝွ႕စိန္ေခၚပြဲ တြဲဆိုင္းမ်ားထြက္ေပၚ

Burmese Street Boxing ကေန ဦးေဆာင္စီစဥ္တဲ့ ကိုဗစ္ကာကြယ္ေဆးဝယ္ယူရန္ ထည့္ဝင္လႉဒါန္းမယ့္ ရန္ပုံေငြပြဲတစ္ခုျဖစ္ေသာ”Charity Boxing Exhibition Fight” ၿပိဳင္ပြဲမိတ္ဆက္ပြဲကို ဒီကေန႔ ဇန္နဝါရီလ၊

(၁၈) ရက္ေန႔၊ မနက္ပိုင္းက ရန္ကုန္ၿမိဳ႕၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ ကန္ေတာ္ေလး၊ မႏၲေလးလမ္းရွိ Warrior Gym ခန္းမမွာ က်င္းပခဲ့ပါတယ္။အဆိုပါပြဲမွာ ပါဝင္ယွဥ္ၿပိဳင္မယ့္ အႏုပညာရွင္တြဲဆိုင္းေတြကေတာ့

မိုးေအာင္ရင္ vs J Fire၊ ထူးျခား vs မ်ိဳးသက္ပိုင္၊ ညီဆက္ေက်ာ္ vs ရဲေနာင္၊ ႏိုဗမ္ထူး vs SZ နဲ႔ အမ်ိဴးသမီး တြဲဆိုင္းျဖစ္တဲ ပြင့္နဒီေမာင္ vs ဂ်င္းနီတို႔ျဖစ္ၿပီး လာမယ့္ေဖေဖာ္ဝါရီလ၂ရက္ေန႔မွာ Channel K free to air မွာ တိုက္႐ိုက္ထုတ္လႊင့္ျပသေပးသြားမွာျဖစ္ပါတယ္။

အဆိုပါပြဲမွာ ရရွိမယ့္အလႉေငြမ်ားကို ႏိုင္ငံေတာ္အစိုးရမွ ကိုဗစ္ကာကြယ္ေဆးမ်ား ဝယ္ယူေနရာတြင္ ထည့္ဝင္မယ့္အျပင္ ေမွ်ာ္မွန္းထားတဲ့ ရန္ပုံေငြထက္ပိုမိုရရွိခဲ့ပါက

ပရဟိတအသင္းမ်ား ၊မိဘမဲ့ကေလးေဂဟာမ်ားနဲ႔ မူးယစ္ေဆးဝါး ျဖတ္ေတာက္မႈစင္တာတို႔ကို ခြဲေဝလႈဒါန္းသြားဖို႔ ရည္႐ြယ္ထားတယ္လို႔ သိရပါတယ္။

Unicode

Burmese Street Boxing ကနေ ဦးဆောင်စီစဉ်တဲ့ ကိုဗစ်ကာကွယ်ဆေးဝယ်ယူရန် ထည့်ဝင်လှူဒါန်းမယ့် ရန်ပုံငွေပွဲတစ်ခုဖြစ်သော”Charity Boxing Exhibition Fight” ပြိုင်ပွဲမိတ်ဆက်ပွဲကို ဒီကနေ့ ဇန်နဝါရီလ၊

(၁၈) ရက်နေ့၊ မနက်ပိုင်းက ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်လေး၊ မန္တလေးလမ်းရှိ Warrior Gym ခန်းမမှာ ကျင်းပခဲ့ပါတယ်။အဆိုပါပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် အနုပညာရှင်တွဲဆိုင်းတွေကတော့

မိုးအောင်ရင် vs J Fire၊ ထူးခြား vs မျိုးသက်ပိုင်၊ ညီဆက်ကျော် vs ရဲနောင်၊ နိုဗမ်ထူး vs SZ နဲ့ အမျိူးသမီး တွဲဆိုင်းဖြစ်တဲ ပွင့်နဒီမောင် vs ဂျင်းနီတို့ဖြစ်ပြီး လာမယ့်ဖေဖော်ဝါရီလ၂ရက်နေ့မှာ Channel K free to air မှာ တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမှာဖြစ်ပါတယ်။

အဆိုပါပွဲမှာ ရရှိမယ့်အလှူငွေများကို နိုင်ငံတော်အစိုးရမှ ကိုဗစ်ကာကွယ်ဆေးများ ဝယ်ယူနေရာတွင် ထည့်ဝင်မယ့်အပြင် မျှော်မှန်းထားတဲ့ ရန်ပုံငွေထက်ပိုမိုရရှိခဲ့ပါက

ပရဟိတအသင်းများ ၊မိဘမဲ့ကလေးဂေဟာများနဲ့ မူးယစ်ဆေးဝါး ဖြတ်တောက်မှုစင်တာတို့ကို ခွဲဝေလှုဒါန်းသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။