




Credit

Unicode

မိသားစုတွေအပြင် ပရိတ်သတ်တွေပါ စိုးရိမ်ပူပန်နေကြလို့ လက်ရှိအခြေနေလေးကိုပြောပြလိုက်တဲ့ ပိုင်တံခွန်

ပရိသတ်အချစ်တော် မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ဟာ အနုပညာ လောကမှာ မိန်းကလေး ပရိသတ်တွေ ရဲ့ သည်းသည်းလှုပ် အချစ်တွေ ကို အခိုင်အမာရရှိထားပြီး ပြည်တွင်း ပရိသတ်တွေအပြင် ပြည်ပနိုင်ငံတွေအထိ အောင်မြင် ကျော်ကြားတဲ့ မော်လ်ဒယ် မင်းသားချော လေး ပိုင်တံခွန်ပဲ ဖြစ်ပါတယ်..။ ပိုင်တံခွန် ကတော့ လူထုလှုပ်ရှား မှုတွေနဲ့ အင်တိုက် အားတိုက် နဲ့ နေတိုင်းလိုလို ပါဝင် လှုပ်ရှားနေတာ တွေကြောင့် တက်ကြွ ရဲရင့်တဲ့ လူငယ်တစ်ယောက် အဖြစ် ပရိသတ်တွေ ရဲ့ ချီးကျူးအားပေး မှု တွေကို ရရှိနေသူလည်း ဖြစ်ပါ တယ်နော်..။

သူ့ရဲ့ ထင်ပေါ် မှု နဲ့ ကြိုးစား တော်လှန် နေမှု တွေကြောင့် တစ်ဖက် ကို မျက်စိ ကျစရာဖြစ်လာခဲ့ ရပြီး လက်ရှိ မှာတော့ ပိုင်တံခွန် ဟာ ရှောင်တိမ်းပုန်းခိုနေရကာ အများပြည်သူတွေ နဲ့ အတူ ရှေ့ဆုံးကနေ တက်တက် ကြွကြွ ပါဝင်လှုပ်ရှား မှုတွေ ပြုလုပ်နေသလို ရှောင်တိမ်း နေရတဲ့ အချိန်မှာတော့ အဆက်အသွယ် ပြတ်သွားတာ ကြောင့် မိသားစု နဲ့ ပရိသတ်တွေ အားလုံးကလည်း ပိုင်တံခွန် အတွက် စိုးရိမ် ပူပန်နေကြတာလည်း တွေ့ရ ပါတယ်..။

ယခုဆိုရင် ပိုင်တံခွန်က ဘယ်လောက်ကြီးမား ခိုင်ခံ့ပြီး မာကြောတဲ့ ကျောက်ဆောင်ကြီး ဖြစ်နေပါစေ ကျောက်တူးသမားတစ်ယောက်ရဲ့ လက်အောက်မှာ ပြိုလဲရစမြဲပါ အချိန်တော့ ယူရမှာပေါ့ ဆိုပြီး သူရဲ့ fb acc မှာတင်ပီးပြောပြထားပါတယ်

Credit