မိုးနည္းလြန္းတဲ့ ျမန္မာနိုင္ငံအလယ္ပိုင္းေဒသေတြမွာ မိုးရြာသြန္းမယ့္ရက္မ်ား

မိုးနည္းလြန္းတဲ့ ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသေတြမွာ မိုးရြာသြန္းမယ့္ရက္မ်ား

ျမန္မာတစ္ျပည္လုံးတြင္ အေနာက္ေတာင္မုတ္သုံေလဝင္ေရာက္နိုင္ကာ မိုးနည္းရပ္ဝန္းျဖစ္တဲ့ ျမန္မာနိုင္ငံအလယ္ပိုင္းေဒသမ်ားကိုပါ မိုးအသင့္အတင့္ ရရွိလာနိုင္ေသာ ဇြန္

လပထမပတ္အတြက္ မိုးေလဝသခန္႔မွန္းခ်က္”(၄-၆-၂၀၂၁)ရက္ေန႔မွ (၁၀-၆-၂၀၂၁)ရက္ေန႔ထိ

၃.၆.၂၀၂၁ ညေန ၇ နာရီ ၂၉ မိနစ္ မုန္တိုင္းျဖစ္ေပၚ နိုင္မႈအေျခအေနခန္႔မွန္းခ်က္

ဘဂၤလားပင္လယ္ေအာ္ေျမာက္ပိုင္းတြင္ လာမည့္ဇြန္လ(၁၀)ရက္ေန႔တြင္ ေလထုမၿငိမ္သက္မႈတစ္ခုျဖစ္လာနိုင္ၿပီး

ဆက္လက္အားေကာင္းလာၿပီးေနာက္ ျမန္မာနိုင္ငံအေပၚ အက်ိဳးသက္ေရာက္မႈရွိနိုင္ေသာ မုန္တိုင္းငယ္(Depression)အျဖစ္သို႔ ေရာက္ရွိလာနိုင္တယ္လို႔ေတာ့ ခန္႔မွန္းတြက္ခ်က္ရရွိထားပါတယ္။

ျမန္မာနိုင္ငံသို႔ အေနာက္ေတာင္မုတ္သုံေလ ဝင္ေရာက္နိုင္မႈအေျခအေနႀကိဳတင္ ခန္႔မွန္းခ်က္

အေနာက္ေတာင္မုတ္သုံေလသည္ ျမန္မာနိုင္ငံေတာင္ပိုင္းေဒသမ်ား၊ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္းသို႔ ေမလ (၂၁)ရက္ေန႔တြင္ လည္ေကာင္းျမစ္ဝကၽြန္းေပၚေဒသမ်ား၊ ဘဂၤလားပင္လယ္ေအာ္အေနာက္ေတာင္ပိုင္းႏွင့္ အေရွ႕အလယ္ပိုင္းသို႔ ေမလ(၂၅)ရက္ေန႔တြင္လည္ေကာင္း ျမန္မာနိုင္ငံအလယ္ပိုင္း ေဒသမ်ားႏွင့္ ဘဂၤလားပင္လယ္ေအာ္အေရွ႕ေျမာက္ပိုင္းသို႔ေမလ (၃၁)ရက္ေန႔တြင္လည္ေကာင္း အသီးသီးဝင္ေရာက္ခဲ့ၿပီး ျဖစ္ပါသည္။

ျမန္မာနိုင္ငံေျမာက္ပိုင္းေဒသမ်ားကိုေတာ့ လာမည့္ ဇြန္လ (၂ မွ ၅ )ရက္ေန႔တြင္းစတင္ဝင္ေရာက္နိုင္တယ္လို႔ေတာ့ ခန္႔မွန္းတြက္ခ်က္ရရွိထားပါတယ္။

ေျမျပင္မိုးေလဝသအေျခအေနဆန္းစစ္ခ်က္ထိုင္းနိုင္ငံ မိုးေလဝသဌာနမွ ထုတ္ျပန္ေသာ ေျမျပင္မိုးေလဝသအေျခအေနျပပုံအား ဆန္းစစ္ၾကည့္ေသာအခါ ျမန္မာနိုင္ငံအေပၚ Isobar lineမ်ား ခပ္က်ဲက်ဲ ျဖတ္ေနတာကိုေတြ႕ရပါတယ္။

ေလထုဖိအားမ်ားကို ဆန္းစစ္ၾကည့္ရာမွာလဲ ကခ်င္ျပည္နယ္အေရွ႕ပိုင္း မွာLow cell တစ္လုံးျဖစ္ေပၚေနသလို ေတာင္တ႐ုတ္ ပင္လယ္ျပင္ဘက္မွာလဲ မုန္တိုင္းတစ္လုံးျဖစ္ေနတာကို ေတြ႕ရပါတယ္။

မိုးရြာသြန္းနိုင္မႈ အေျခအေန ႀကိဳတင္ခန႔္မွန္းခ်က္စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္းႏွင့္ အလယ္ပိုင္း ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ကရင္ျပည္နယ္၊မြန္ျပည္နယ္ ၊ရခိုင္ျပည္နယ္၊ရန္ကုန္တိုင္းေဒသႀကီးႏွင့္ တနသၤာရီတိုင္းေဒသႀကီးတို႔မွာ ေနရာအႏွံ့အျပား မိုးထစ္ခ်ဳန္းရြာသြန္းကာ ရြာသြန္းျမဲကိုေက်ာ္လြန္နိုင္ၿပီး

မႏၲေလးတိုင္းေဒသႀကီး၊ရွမ္းျပည္နယ္ေျမာက္ပိုင္းႏွင့္ ေတာင္ပိုင္း၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ ကယားျပည္နယ္တို႔မွာ ေနရာစိပ္စိပ္မိုးထစ္ခ်ဳန္းရြာသြန္းနိုင္ၿပီး ရြာသြန္းျမဲခန္႔ရွိနိုင္ကာ က်န္တိုင္းေဒႀကီးႏွင့္ျပည္နယ္တို႔တြင္ ေနရာကြက္က်ားမွ ေနရာက်ဲက်ဲမိုးထစ္ခ်ဳန္းရြာသြန္းနိုင္တာကိုလဲ ခန္႔မွန္းတြက္ခ်က္ ရရွိထားပါတယ္ ခင္ဗ်ာ ။

စိုက္ပ်ိဳးေရးျပဳလုပ္မည့္ ေတာင္သူမ်ား၊ အုပ္လုပ္ငန္းလုပ္ကိုင္ေနသူမ်ား၊ ဆားလုပ္ငန္း လုပ္ကိုင္ေနသူမ်ား၊ေရလုပ္သားမ်ားအေနျဖင့္ ယခုတစ္ပတ္အတြင္း ျဖစ္ေပၚလာနိုင္ေသာ ရာသီဥတု အေျခအေနမ်ားကို ႀကိဳတင္ သိရွိနားလည္ၿပီး မိမိတို႔ရဲ့ လုပ္ငန္းလိုအပ္ခ်က္မ်ားအေပၚမူတည္ၿပီး လိုအပ္သလိုဆက္လက္လုပ္ဆာင္နိုင္ေအာင္ ႀကိဳတင္ခန္႔မွန္းထုတ္ျပန္ တင္ျပေပးလိုက္ပါတယ္ ခင္ဗ်ာ။

မိုးေလဝသျဖစ္စဥ္မ်ားသည္ အခ်ိန္ႏွင့္အမၽွ ေျပာင္းလဲေနေသာေၾကာင့္ အေျပာင္းအလဲအနည္းငယ္ရွိနိုင္လို႔ကၽြန္ေတာ္ရဲ့ေန႔စဥ္သတင္းထုတ္ျပန္ခ်က္မ်ား၊အနီးကပ္ Updateသတင္းခန္႔မွန္းခ်က္မ်ားႏွင့္ မိုးေလဝသႏွင့္ဇလေဗဒညြန္ၾကားမႈဦးစီးဌာနရဲ့ တရားဝင္ထုတ္ျပန္ခ်က္မ်ားကိုသာေစာင့္ၾကည္ေစလိုပါတယ္။

ကၽြန္ေတာ္တင္ေပးေနေသာ မိုးေလဝသ ေန႔စဥ္ခန္႔မွန္းခ်က္ အပတ္စဥ္ႏွင့္ လစဥ္ကဲ့သို႔ေသာ ရက္ေဝးခန္႔မွန္းခ်က္မ်ားကို အျမဲတမ္းဖတ္ရႈလိုပါကကၽြန္ေတာ္အေကာင့္ကိုFollowedလုပ္ထားျခင္း ႏွင့္ See First လုပ္ထားျခင္းတို႔ျဖင့္ ကၽြန္ေတာ္သတင္းတင္ေပးလိုက္တိုင္းျမင္ေတြ႕ရနိုင္မွာ ျဖစ္ပါတယ္ခင္ဗ်ာ။

ေတာင္သူဦးႀကီးမ်ားလဲ သီးႏွံပင္မ်ားအထြက္တိုးၿပီး ေျမႀကီးကေရႊသီးသလို ေအာင္ျမင္ျဖစ္ထြန္းၿပီး တိုးတက္ ႀကီးပြားၾကပါေစ….

ေဝၿဖိဳးဟန္( ေလေၾကာင္းမိုးေလဝသ)

Unicode

မိုးနည်းလွန်းတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ မိုးရွာသွန်းမယ့်ရက်များ

မြန်မာတစ်ပြည်လုံးတွင် အနောက်တောင်မုတ်သုံလေဝင်ရောက်နိုင်ကာ မိုးနည်းရပ်ဝန်းဖြစ်တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများကိုပါ မိုးအသင့်အတင့် ရရှိလာနိုင်သော ဇွန်

လပထမပတ်အတွက် မိုးလေဝသခန့်မှန်းချက်”(၄-၆-၂၀၂၁)ရက်နေ့မှ (၁၀-၆-၂၀၂၁)ရက်နေ့ထိ

၃.၆.၂၀၂၁ ညနေ ၇ နာရီ ၂၉ မိနစ် မုန်တိုင်းဖြစ်ပေါ် နိုင်မှုအခြေအနေခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လာမည့်ဇွန်လ(၁၀)ရက်နေ့တွင် လေထုမငြိမ်သက်မှုတစ်ခုဖြစ်လာနိုင်ပြီး

ဆက်လက်အားကောင်းလာပြီးနောက် မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှုရှိနိုင်သော မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိလာနိုင်တယ်လို့တော့ ခန့်မှန်းတွက်ချက်ရရှိထားပါတယ်။

မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံလေ ဝင်ရောက်နိုင်မှုအခြေအနေကြိုတင် ခန့်မှန်းချက်

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းသို့ မေလ (၂၁)ရက်နေ့တွင် လည်ကောင်းမြစ်ဝကျွန်းပေါ်ဒေသများ၊ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းသို့ မေလ(၂၅)ရက်နေ့တွင်လည်ကောင်း မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများနှင့် ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းသို့မေလ (၃၁)ရက်နေ့တွင်လည်ကောင်း အသီးသီးဝင်ရောက်ခဲ့ပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံမြောက်ပိုင်းဒေသများကိုတော့ လာမည့် ဇွန်လ (၂ မှ ၅ )ရက်နေ့တွင်းစတင်ဝင်ရောက်နိုင်တယ်လို့တော့ ခန့်မှန်းတွက်ချက်ရရှိထားပါတယ်။

မြေပြင်မိုးလေဝသအခြေအနေဆန်းစစ်ချက်ထိုင်းနိုင်ငံ မိုးလေဝသဌာနမှ ထုတ်ပြန်သော မြေပြင်မိုးလေဝသအခြေအနေပြပုံအား ဆန်းစစ်ကြည့်သောအခါ မြန်မာနိုင်ငံအပေါ် Isobar lineများ ခပ်ကျဲကျဲ ဖြတ်နေတာကိုတွေ့ရပါတယ်။

လေထုဖိအားများကို ဆန်းစစ်ကြည့်ရာမှာလဲ ကချင်ပြည်နယ်အရှေ့ပိုင်း မှာLow cell တစ်လုံးဖြစ်ပေါ်နေသလို တောင်တရုတ် ပင်လယ်ပြင်ဘက်မှာလဲ မုန်တိုင်းတစ်လုံးဖြစ်နေတာကို တွေ့ရပါတယ်။

မိုးရွာသွန်းနိုင်မှု အခြေအနေ ကြိုတင်ခန့်မှန်းချက်စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် အလယ်ပိုင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ် ၊ရခိုင်ပြည်နယ်၊ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းကာ ရွာသွန်းမြဲကိုကျော်လွန်နိုင်ပြီး

မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်တို့မှာ နေရာစိပ်စိပ်မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ရွာသွန်းမြဲခန့်ရှိနိုင်ကာ ကျန်တိုင်းဒေကြီးနှင့်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲမိုးထစ်ချုန်းရွာသွန်းနိုင်တာကိုလဲ ခန့်မှန်းတွက်ချက် ရရှိထားပါတယ် ခင်ဗျာ ။

စိုက်ပျိုးရေးပြုလုပ်မည့် တောင်သူများ၊ အုပ်လုပ်ငန်းလုပ်ကိုင်နေသူများ၊ ဆားလုပ်ငန်း လုပ်ကိုင်နေသူများ၊ရေလုပ်သားများအနေဖြင့် ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်လာနိုင်သော ရာသီဥတု အခြေအနေများကို ကြိုတင် သိရှိနားလည်ပြီး မိမိတို့ရဲ့ လုပ်ငန်းလိုအပ်ချက်များအပေါ်မူတည်ပြီး လိုအပ်သလိုဆက်လက်လုပ်ဆာင်နိုင်အောင် ကြိုတင်ခန့်မှန်းထုတ်ပြန် တင်ပြပေးလိုက်ပါတယ် ခင်ဗျာ။

မိုးလေဝသဖြစ်စဉ်များသည် အချိန်နှင့်အမျှ ပြောင်းလဲနေသောကြောင့် အပြောင်းအလဲအနည်းငယ်ရှိနိုင်လို့ကျွန်တော်ရဲ့နေ့စဉ်သတင်းထုတ်ပြန်ချက်များ၊အနီးကပ် Updateသတင်းခန့်မှန်းချက်များနှင့် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်များကိုသာစောင့်ကြည်စေလိုပါတယ်။

ကျွန်တော်တင်ပေးနေသော မိုးလေဝသ နေ့စဉ်ခန့်မှန်းချက် အပတ်စဉ်နှင့် လစဉ်ကဲ့သို့သော ရက်ဝေးခန့်မှန်းချက်များကို အမြဲတမ်းဖတ်ရှုလိုပါကကျွန်တော်အကောင့်ကိုFollowedလုပ်ထားခြင်း နှင့် See First လုပ်ထားခြင်းတို့ဖြင့် ကျွန်တော်သတင်းတင်ပေးလိုက်တိုင်းမြင်တွေ့ရနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

တောင်သူဦးကြီးများလဲ သီးနှံပင်များအထွက်တိုးပြီး မြေကြီးကရွှေသီးသလို အောင်မြင်ဖြစ်ထွန်းပြီး တိုးတက် ကြီးပွားကြပါစေ….

ဝေဖြိုးဟန်( လေကြောင်းမိုးလေဝသ)