အမ်ိဳးသားေတြ ၿပိဳလဲယိုင္ဆင္းသြားေစမယ့္ နည္းလမ္းမ်ား

ေယာကၤ်ားေလးေတြအေပၚမွာ ရင္ခုန္စိတ္လႈပ္ရွားေစမယ့္ စိတ္ဝင္စားမႈကို ပြင့္ပြင့္လင္းလင္းေဖာ္ျပျခင္းေၾကာင့္ အမ်ိဳးသမီးေတြက သမိုင္းမွာ ျပစ္တင္ရႈတ္ခ်ျခင္းခံၾကရတယ္။ ဒါေၾကာင့္ ဒီလိုပေရာပရည္အႏုပညာက ေမြးဖြားလာခဲ့တယ္။ဆန္းျပားတဲ့ ကိုယ္ဟန္အမူအရာ၊ မ်က္ႏွာအမူအရာႏွင့္ ထိေတြ႕မႈေတြရဲ့ အကူအညီနဲ႔ အမ်ိဳးသားေတြရဲ့ အာ႐ုံကို ဆြဲေဆာင္နိုင္တဲ့ ခ်စ္စရာ coquetteက သူမရဲ့ ၿပိဳင္ဘက္ေတြထက္ ႀကီးမားတဲ့အားသာခ်က္ေတြ ျဖစ္ပါတယ္။

၁။ စပယ္ရွယ္အၾကည့္

ကၽြန္မတို႔အဘြားေတြလိုမ်ိဳး ဒီစပယ္ရွယ္အၾကည့္ေတြ ၾကည့္ရႈတတ္ဖို႔သင္ယူပါ။ ဒီလို ပေရာပရည္လုပ္ျခင္းက အေရးႀကီးတယ္။ ဒီနည္းလမ္းက သူမကိုစိတ္ဝင္စားတဲ့သူေတြကို ထုတ္ေဖာ္တဲ့နည္းလမ္းလည္း ျဖစ္ပါတယ္။ဘာလုပ္ရမလဲ- သင္ခ်စ္ျမတ္နိုးရတဲ့သူရဲ့ မ်က္လုံးထဲကို သုံးစကၠန္႔ခန္႔ၾကာေအာင္ တစ္ေျဖာင့္တည္းၾကည့္ပါ(”ၾကာ”ၾကည့္တို႔ ၊ ”ညိဳ႕”ၾကည့္တို႔ဆိုတာမ်ိဳး”)။ ၿပီးရင္ အေဝးကိုျဖစ္ျဖစ္ ေအာက္ဘက္ကိုျဖစ္ျဖစ္ ျပန္ၾကည့္ပါ။ အႀကိမ္ေပါင္းမ်ားစြာထပ္ခါတလဲလဲ အဲ့ဒီလိုလုပ္ေပးပါ။

၂။ ထိေတြ႕မႈတစ္ခု

ၾကည့္ရႈျခင္းအျပင္ အနီးကပ္ထိေတြ႕နိုင္တဲ့ ဆက္သြယ္မႈေတြကို တည္ေဆာက္ဖို႔ ပိုအေရးႀကီးပါတယ္။ လက္ဖဝါး (သို႔) အျခားအစိတ္အပိုင္းတစ္ခုခုကို မေတာ္တဆတိုက္မိသလိုမ်ိဳး ဝင္ျဖတ္ပါ။ ေနာက္ဆက္တြဲကေတာ့ တုံ႔ျပန္မႈကို ေစာင့္ၾကည့္ပါ။

အထူးလွည့္ကြက္- လူတစ္ေယာက္နဲ႔ စကားေျပာတဲ့အခါ သင့္ဆံပင္ေတြကို ပြတ္သပ္ပါ။ ဒီေလာက္ေျပာ႐ုံနဲ႔ သိပါတယ္(ဟုတ္တယ္ဟုတ္)။ ခႏၶာကိုယ္ဘာသာစကားျဖင့္ ေျပာင္ေျပာင္တင္းတင္းအျပဳအမူေတြက အဲဒီ့လူကို စိတ္ဝင္စားေၾကာင္းျပသရာ ေရာက္ပါတယ္။ (ဒီေလာက္ျပေနလို႔မွ မသိရင္ ထားခဲ့လိုက္ပါ။ ကၽြဲပါးေစာင္းတီးလုပ္မေနပါနဲ႔ အခ်ိန္ကုန္ပါတယ္ ေနာက္တစ္ေယာက္ေျပာင္းလိုက္ပါ)။

၃။ ရွက္ေၾကာက္ျခင္း

အမ်ိဳးသားအမ်ားစုအတြက္ ခ်ိန္းေတြ႕တဲ့အခါ အေစာပိုင္းကာလေတြမွာ ရွက္ေၾကာက္ျခင္းက ႀကီးမားတဲ့အလွည့္အေျပာင္းတစ္ခုျဖစ္ပါတယ္။ ဒီေနရာမွာ ကိုယ့္အမူအရာေလးနဲ႔ ရွက္ပါ။ မတရား cuteျဖစ္ခ်င္ေနၿပီးေတာ့ မူရာမာယာေတြ အပိုလြန္ေနရင္လည္း အေျခာက္မႀကီး ဝမ္းႏႈတ္ေဆးတိုက္ထားသလိုမ်ိဳးေတာ့ မျဖစ္ေစခ်င္ဘူး။ ကိုယ့္ပန္ဟန္ေလးနဲ႔ ကိုယ္ရွက္ပါ။

တကယ္လို႔ လူတစ္ေယာက္က သင့္ကို အလြယ္တကူရွက္ရြံ့ေစတယ္ဆိုရင္ ဒါကို လုံးဝဖုံးကြယ္မထားပါနဲ႔။ ရွက္သာ ရွက္ပလိုက္။

၄။ ပိုရယ္ေမာပါ

အမ်ိဳးသားတစ္ဦးက သူ႔ျပက္လုံးေတြကို စိတ္ရင္းမွန္ျဖင့္ ရယ္ေမာဖို႔ ဆႏၵရွိတဲ့ အမ်ိဳးသမီးတစ္ဦးရဲ့ ဆြဲေဆာင္ျခင္းကို ခံၾကရပါတယ္(နားလည္ပါတယ္ေနာ္)။ ရယ္သံေလးက စမ္းေရစီးသံေလးလို ျဖစ္ေနမယ္ဆိုရင္ ပိုအဆင္ေျပတာေပါ့။

သတိေပးခ်က္- အလြန္အကၽြံႀကီးေတာ့ မလုပ္လိုက္နဲ႔ဦး။

တကယ္လို႔ လူတစ္ေယာက္က သင့္ထိေတြ႕မႈ (သို႔) အျခားအာ႐ုံစူးစိုက္မႈဆိုင္ရာ လကၡဏာေတြကို မႏွစ္သက္ေၾကာင္း သတိျပဳမိတယ္ဆိုရင္ ထပ္ၿပီးမေတာင္းဆိုပါႏွင့္။ ေရစက္ (သို႔) ဝဋ္ေႂကြးတစ္ခုမွမပါဘူးဆိုရင္ ဘယ္ေလာက္ပဲ မူရာေတြ၊ ဟန္ပန္ေတြသုံးသုံး ဘာမွျဖစ္လာမွာ မဟုတ္ပါဘူး။ အေတာ္ေလးျဖစ္နိုင္ေျခရွိတာက သင့္ဆက္ဆံေရးကို ေနာက္တစ္ဆင့္ကို ေျပာင္းဖို႔ အဆင္သင့္မျဖစ္ေသးပါဘူး။

Lifestyle_Myanmar

Nyein_Thu

Ref-fabiosa.

Unicode

ယောင်္ကျားလေးတွေအပေါ်မှာ ရင်ခုန်စိတ်လှုပ်ရှားစေမယ့် စိတ်ဝင်စားမှုကို ပွင့်ပွင့်လင်းလင်းဖော်ပြခြင်းကြောင့် အမျိုးသမီးတွေက သမိုင်းမှာ ပြစ်တင်ရှုတ်ချခြင်းခံကြရတယ်။ ဒါကြောင့် ဒီလိုပရောပရည်အနုပညာက မွေးဖွားလာခဲ့တယ်။ဆန်းပြားတဲ့ ကိုယ်ဟန်အမူအရာ၊ မျက်နှာအမူအရာနှင့် ထိတွေ့မှုတွေရဲ့ အကူအညီနဲ့ အမျိုးသားတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်တဲ့ ချစ်စရာ coquetteက သူမရဲ့ ပြိုင်ဘက်တွေထက် ကြီးမားတဲ့အားသာချက်တွေ ဖြစ်ပါတယ်။

၁။ စပယ်ရှယ်အကြည့်

ကျွန်မတို့အဘွားတွေလိုမျိုး ဒီစပယ်ရှယ်အကြည့်တွေ ကြည့်ရှုတတ်ဖို့သင်ယူပါ။ ဒီလို ပရောပရည်လုပ်ခြင်းက အရေးကြီးတယ်။ ဒီနည်းလမ်းက သူမကိုစိတ်ဝင်စားတဲ့သူတွေကို ထုတ်ဖော်တဲ့နည်းလမ်းလည်း ဖြစ်ပါတယ်။ဘာလုပ်ရမလဲ- သင်ချစ်မြတ်နိုးရတဲ့သူရဲ့ မျက်လုံးထဲကို သုံးစက္ကန့်ခန့်ကြာအောင် တစ်ဖြောင့်တည်းကြည့်ပါ(”ကြာ”ကြည့်တို့ ၊ ”ညို့”ကြည့်တို့ဆိုတာမျိုး”)။ ပြီးရင် အဝေးကိုဖြစ်ဖြစ် အောက်ဘက်ကိုဖြစ်ဖြစ် ပြန်ကြည့်ပါ။ အကြိမ်ပေါင်းများစွာထပ်ခါတလဲလဲ အဲ့ဒီလိုလုပ်ပေးပါ။

၂။ ထိတွေ့မှုတစ်ခု

ကြည့်ရှုခြင်းအပြင် အနီးကပ်ထိတွေ့နိုင်တဲ့ ဆက်သွယ်မှုတွေကို တည်ဆောက်ဖို့ ပိုအရေးကြီးပါတယ်။ လက်ဖဝါး (သို့) အခြားအစိတ်အပိုင်းတစ်ခုခုကို မတော်တဆတိုက်မိသလိုမျိုး ဝင်ဖြတ်ပါ။ နောက်ဆက်တွဲကတော့ တုံ့ပြန်မှုကို စောင့်ကြည့်ပါ။

အထူးလှည့်ကွက်- လူတစ်ယောက်နဲ့ စကားပြောတဲ့အခါ သင့်ဆံပင်တွေကို ပွတ်သပ်ပါ။ ဒီလောက်ပြောရုံနဲ့ သိပါတယ်(ဟုတ်တယ်ဟုတ်)။ ခန္ဓာကိုယ်ဘာသာစကားဖြင့် ပြောင်ပြောင်တင်းတင်းအပြုအမူတွေက အဲဒီ့လူကို စိတ်ဝင်စားကြောင်းပြသရာ ရောက်ပါတယ်။ (ဒီလောက်ပြနေလို့မှ မသိရင် ထားခဲ့လိုက်ပါ။ ကျွဲပါးစောင်းတီးလုပ်မနေပါနဲ့ အချိန်ကုန်ပါတယ် နောက်တစ်ယောက်ပြောင်းလိုက်ပါ)။

၃။ ရှက်ကြောက်ခြင်း

အမျိုးသားအများစုအတွက် ချိန်းတွေ့တဲ့အခါ အစောပိုင်းကာလတွေမှာ ရှက်ကြောက်ခြင်းက ကြီးမားတဲ့အလှည့်အပြောင်းတစ်ခုဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ့်အမူအရာလေးနဲ့ ရှက်ပါ။ မတရား cuteဖြစ်ချင်နေပြီးတော့ မူရာမာယာတွေ အပိုလွန်နေရင်လည်း အခြောက်မကြီး ဝမ်းနှုတ်ဆေးတိုက်ထားသလိုမျိုးတော့ မဖြစ်စေချင်ဘူး။ ကိုယ့်ပန်ဟန်လေးနဲ့ ကိုယ်ရှက်ပါ။

တကယ်လို့ လူတစ်ယောက်က သင့်ကို အလွယ်တကူရှက်ရွံ့စေတယ်ဆိုရင် ဒါကို လုံးဝဖုံးကွယ်မထားပါနဲ့။ ရှက်သာ ရှက်ပလိုက်။

၄။ ပိုရယ်မောပါ

အမျိုးသားတစ်ဦးက သူ့ပြက်လုံးတွေကို စိတ်ရင်းမှန်ဖြင့် ရယ်မောဖို့ ဆန္ဒရှိတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဆွဲဆောင်ခြင်းကို ခံကြရပါတယ်(နားလည်ပါတယ်နော်)။ ရယ်သံလေးက စမ်းရေစီးသံလေးလို ဖြစ်နေမယ်ဆိုရင် ပိုအဆင်ပြေတာပေါ့။

သတိပေးချက်- အလွန်အကျွံကြီးတော့ မလုပ်လိုက်နဲ့ဦး။

တကယ်လို့ လူတစ်ယောက်က သင့်ထိတွေ့မှု (သို့) အခြားအာရုံစူးစိုက်မှုဆိုင်ရာ လက္ခဏာတွေကို မနှစ်သက်ကြောင်း သတိပြုမိတယ်ဆိုရင် ထပ်ပြီးမတောင်းဆိုပါနှင့်။ ရေစက် (သို့) ဝဋ်ကြွေးတစ်ခုမှမပါဘူးဆိုရင် ဘယ်လောက်ပဲ မူရာတွေ၊ ဟန်ပန်တွေသုံးသုံး ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ အတော်လေးဖြစ်နိုင်ခြေရှိတာက သင့်ဆက်ဆံရေးကို နောက်တစ်ဆင့်ကို ပြောင်းဖို့ အဆင်သင့်မဖြစ်သေးပါဘူး။

Lifestyle_Myanmar

Nyein_Thu

Ref-fabiosa.