
မိမိအားမုန်းနေသူ ကို ချစ်စေလိုလြှင် ဒါလေးတွေလုပ်လိုက်ပါ ပြန်ချစ်လာပါလိမ့်မယ်

အရွင်ဘုရား တပည့်တော် ကို လူတစ်ယောက်က မုန်းနေပါတယ်၊ အဲဒါ ပြန်ချစ်လာအောင် ဘယ်လိုလုပ်ရမလဲ နည်းလမ်းရွိပါသလားဘုရား၊

အဲဒီလူက အရင်ကေတာ့ တပည့်တော်ကို ချစ်နွစ်သက်ပါတယ်။ အခုမွ မုန်းသွားတယ် ထင်တယ်၊နည်းလမ်း ရွိတယ် ဆိုရင်ကူညီပါအုံးဘုရ့ား၊

ဒါက ရန်ကုန်က ဒါယကာမ တစ်ယောက်ကေပြာပြအကူအညီ တောင်းတဲ့ စကားလေးပါ၊

လောကမွာ လူတိုင်းလူတိုင်းအတွက်ကိုယ့်ကို မုန်းတဲ့ရန်သူတွေ၊ ချစ်ခင်ပြီးမွ စိမ်းကားရက်စက်သွားသူတွေ၊ ကိုယ်ကြီးပွားအောင်မြင်ကြော်ကြားနေတာကို မနာလိုသူတွေ နဲ့

စီးပွားပြိုင်ဘက်အချင်းချင်း ပြိုင်ဘက်ကို မေကာင်းကြံပြီး အနိုင်ယူတာတွေ အားလုံးဟာမကြုံချင်လည်း ကြုံရ၊ မဆုံချင်လည်း ဆုံရတဲ့ လူ့ဘဝထဲက အဖြစ်အပက်ြတွေပဲ မဟုတ်လား၊

ဒါကြောင့်လဲ လူ့ဘဝက တိုတောင်းပေမယ့် စိတ်ကြည်နူးစရာက နည်းနည်း-စိတ်ဆင်းရဲစရာတွေက တေန့တေန့မွာ ကြုံရတျာမားလွန်းလို့ လူတခု ပူမှု့ရယ်ကဆယ်ကုဋေ လို့တောင် ရွေးလူကြီးတွေကငြီးတွားခဲ့ကြတယ်။

စာရေးသူက ဖြေလိုက်တယ် အော် ရွိပါတယ်၊ ဗေဒင် ယတြာတွေ အင်းအိုင် ခလွဲ့တွေတော့ မတတ်ပါဘူး၊ ဒါပေမယ့် ဘုရားဟောထားတဲ့ နည်းလမ်း ကို ပြောပြပါ့မယ်၊

လူတော်တော်ျမာျးမား အဆင်ပြေသွားကြတာ ဆိုတော့ ဒကာမေလးလဲပြေလည်နိုင်မယ် လို့ ထင်တယ်၊

ယုံယုံကြည်ကြည်နဲ့ ပြောပြထားတဲ့ အစီအစဉ်အတိုင်း လုပ်ရင် တကယ်ပဲအဆင်ပြေလိမ့်မယ်လို့ျေမှာ်လင့်ပါတယ်၊ ဒကာမေလး ကို အေကြာင်းပြုပြီးအားလုံးကို သိစေချင်လို့ ဒီကနေပဲ ဖြေပေးလိုက်ပါမယ်၊

ဘာဖြစ်လို့လဲ ဆိုတော့ ဒီနည်းလမ်းကို နွလုံးသားအတွက် သက်သက်သာ မဟုတ်ပဲ

ကျန်တဲ့ စီးပွားရေး လူမှု့ရေး ဘာသာရေး စတာတွေမွာ နားလည်မှု့လွဲပြီး စိတ်ဝမ်းကွဲနေရင်ဖြစ်စေ ရန်သူတွေလို ဆက်ဆံနေရရင် ဖြစ်စေ မိတ်ဆွေ သူငယ်ချင်းအေပါင်းအသင်းအချင်းချင်း မညီညှတ်ပဲ စိတ်ညစ် သောက ရောက်နေရင် ဖြစ်စေအသုံးပြုနိုင်ပါတယ်။

ကဲ ကောင်းပါပြီ၊ အောက်မွာ ဖော်ပြမယ့် နည်းလမ်းလေးကို ပေးလိုက်တာ ၁၅ ရက်တောင် မကြာလိုက်ဘူး၊ အဲဒီ ဒကာမေလးဆီက ဖုန်းဆက်ပြောပြပါတယ်၊

အရွင်ဘုရား အဆင်ပြေသွားပါပြီ၊ ကြေးဇူး အျမားကြီး တင်ပါတယ်၊ တပည့်တော် ပြောတဲ့လူတေယာက်ဆိုတာ အရွင်ဘုရား ဒကာကြီးပါ။သူက အိမ်ကို ပြန်မလာတော့လို့ အကူအညီတောင်းရတာပါတဲ့၊

တကယ်တော့ ဒီနည်းလမ်းကို အသုံ့းပြုရင် ကိုယ့်အေပါ် မေကာင်းကြံထားသူတွေတောင် လာပြီး ဒူးထောက်တောင်းပန်တာမြိုးတွေ ရွိခဲ့ဖူးတယ် လို့ ဆိုပါတယ်၊ဒါကြောင့် စာဖတ် ပရိသတ်ျမား သေသျေချာခာမွတ်သားပြီး အကြိုးရွိရွိအသုံးပြုစေချင်ပါတယ်၊

အစီအစဉ်ျမား

၁၊ ဘုရားစင်ရွေ့မွာ သန့်စင်တဲ့ ဖန်ခွက်တစ်ခွက်ထဲကို သောက်ရေသန့်သန့်အပြည့်နီးပါး ထည့်ပါ၊

၂ ။ ပြီးတာနဲ့ ကြောက်ခဲသေးသေးတလုံးကို ဆေးကြောပြီး ဖန်ခွက်ထဲ ထည့်ရပါမည်၊

၃ ။ ကိုယ့်ကို မုန်းနေသူ မချစ်မနွစ်သက်သူ ကို ဓာတ်ပုံရွိက ဓာတ်ပုံကိုဖန်ခွက်ဘေးမွာ ထောင်ထားရပါမယ်၊

ဓာတ်ပုံမရွိလဲ သူ့ပုံရိပ်ကို အာရုံပြုပြီး ပွာျးမားနိုင်ပါတယ်၊ တခါမွ မမြင်ဘူးသူ တစ်ယောက်ကို ပို့လိုရင်တော့ သူ့ နာမည်ကို ပါးစပ်က ရွတ်ဆိုပြီး ပို့နိုင်ပါတယ်။

ဆိုကြပါစို့ မောင်ကြော်ကို ဥပမာ အနေနဲ့ ပို့ကြည့်ရေအာင် – –

ကဲ မောင်ကြော်၊ မင်းက ငါ့အေပါ် မုန်းတီးနေပေမယ့် ငါကေတာ့ မေတ္တာမပက်ြချစ်ခင်နေလက်ြပါ၊

ဒါကြောင့် မင်း အမုန်းတွေပျြေပောက်ပြီး ငါ့အေပါ် ချစ်ခင်စေချင်ပါတယ်၊

ရေထဲမွာ ရွိတဲ့ ကြောက်ခဲလေးဟာ အေးမြနေသလို အခု မင်းကို အေးမြတဲ့ရေထဲမွာ စိမ်ထားလိုက်ပြီ၊

မင်းရဲ့ ဒေါသေတွ ပျြေပောက်ပြီး စိတ်ရော လူရော အေးချမ်းလာပြီး ငါ့အေပ်ါမေတ္တာသက်ဝင်လာပါစေ၊

ငါကေတာ့ မင်းကို အပြစ်မမြင်ပါဘူး၊ ဆက်လက် ချစ်ခင်နေမွာပါ၊

လက်ထပ်ထားသူ ဖြစ်က အရင်လို ချစ်ခင်ပါစေ – စသည်ဖြင့် ပါးစပ်က ရွတ်ဆိုရပါမယ်၊

ကြောက်ခဲလေးကို လူအမွတ်နဲ့ အာရုံပြုနိုင်အောင် ကြိုးစားပြီးတစ်နေ့ ၂ ကြိမ် ၃ ကြိမ်လောက် ပို့ရပါမယ်၊အကြိမ်ျမားစွာ ဆိုရင်တော့ အေကာင်းဆုံးပေါ့၊

၎ ။ တစ်ဦးတေယာက်အေပါ် ရည်စူးမေတ္တာပို့ပြီးရင်တော့ သတ္တဝါအားလုံးနဲ့နတ်ဗြဟ္မာတွေကို တိုင်တည်ပြီးမေတ္တာပို့ အျမှေဝ ရပါမယ်၊

နည်းလမ်းလေးကေတာ့ ဒီလောက်ပါပဲ။

မြန်မာနိုင်ငံ သာသနာ့ သမိုင်းမွာ မေတ္တာအရာမွာ ထင်ရွားကြော်ကြားတဲ့ တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမ သာရကိုယ်တော်တိုင် ပေးသနားထားခဲ့တဲ့အတွက်ယုံယုံကြည်ကြည် အသုံးပြုပြီး မုန်းသူ မနာလိုသူ ရန်သူအားလုံးကို ချစ်ခင်ကြင်နာနိုင်ပါစေ၊

မွတ်ခကြ်၊ကိုယ်က အမုန်းခံနေရမွ အသုံးပြုသင့်ပါတယ်၊ကိုယ်က မုန်းနေသူဆိုရင်တော့ အခြိန်ယူပြီး ပွာျးမားမွ သက်ရောက်ပါလိမ့်မယ်၊


အရွင်သုနန္ဒာလင်္ကာရ – M A ( ပန်းကမ္ဘာ )

unicode

မိမိအားမုန်းနေသူ ကို ချစ်စေလိုလျှင် ဒါလေးတွေလုပ်လိုက်ပါ ပြန်ချစ်လာပါလိမ့်မယ်

အရှင်ဘုရား တပည့်တော် ကို လူတစ်ယောက်က မုန်းနေပါတယ်၊ အဲဒါ ပြန်ချစ်လာအောင် ဘယ်လိုလုပ်ရမလဲ နည်းလမ်းရှိပါသလားဘုရား၊

အဲဒီလူက အရင်ကတော့ တပည့်တော်ကို ချစ်နှစ်သက်ပါတယ်။ အခုမှ မုန်းသွားတယ် ထင်တယ်၊နည်းလမ်း ရှိတယ် ဆိုရင်ကူညီပါအုံးဘုရ့ား၊

ဒါက ရန်ကုန်က ဒါယကာမ တစ်ယောက်ကပြောပြအကူအညီ တောင်းတဲ့ စကားလေးပါ၊

လောကမှာ လူတိုင်းလူတိုင်းအတွက်ကိုယ့်ကို မုန်းတဲ့ရန်သူတွေ၊ ချစ်ခင်ပြီးမှ စိမ်းကားရက်စက်သွားသူတွေ၊ ကိုယ်ကြီးပွားအောင်မြင်ကျော်ကြားနေတာကို မနာလိုသူတွေ နဲ့

စီးပွားပြိုင်ဘက်အချင်းချင်း ပြိုင်ဘက်ကို မကောင်းကြံပြီး အနိုင်ယူတာတွေ အားလုံးဟာမကြုံချင်လည်း ကြုံရ၊ မဆုံချင်လည်း ဆုံရတဲ့ လူ့ဘဝထဲက အဖြစ်အပျက်တွေပဲ မဟုတ်လား၊

ဒါကြောင့်လဲ လူ့ဘဝက တိုတောင်းပေမယ့် စိတ်ကြည်နူးစရာက နည်းနည်း-စိတ်ဆင်းရဲစရာတွေက တနေ့တနေ့မှာ ကြုံရတာ များလွန်းလို့ လူတခု ပူမှု့ရယ်ကဆယ်ကုဋေ လို့တောင် ရှေးလူကြီးတွေကငြီးတွားခဲ့ကြတယ်။

စာရေးသူက ဖြေလိုက်တယ် အော် ရှိပါတယ်၊ ဗေဒင် ယတြာတွေ အင်းအိုင် ခလှဲ့တွေတော့ မတတ်ပါဘူး၊ ဒါပေမယ့် ဘုရားဟောထားတဲ့ နည်းလမ်း ကို ပြောပြပါ့မယ်၊

လူတော်တော်များများ အဆင်ပြေသွားကြတာ ဆိုတော့ ဒကာမလေးလဲပြေလည်နိုင်မယ် လို့ ထင်တယ်၊

ယုံယုံကြည်ကြည်နဲ့ ပြောပြထားတဲ့ အစီအစဉ်အတိုင်း လုပ်ရင် တကယ်ပဲအဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ဒကာမလေး ကို အကြောင်းပြုပြီးအားလုံးကို သိစေချင်လို့ ဒီကနေပဲ ဖြေပေးလိုက်ပါမယ်၊

ဘာဖြစ်လို့လဲ ဆိုတော့ ဒီနည်းလမ်းကို နှလုံးသားအတွက် သက်သက်သာ မဟုတ်ပဲ

ကျန်တဲ့ စီးပွားရေး လူမှု့ရေး ဘာသာရေး စတာတွေမှာ နားလည်မှု့လွဲပြီး စိတ်ဝမ်းကွဲနေရင်ဖြစ်စေ ရန်သူတွေလို ဆက်ဆံနေရရင် ဖြစ်စေ မိတ်ဆွေ သူငယ်ချင်းအပေါင်းအသင်းအချင်းချင်း မညီညွတ်ပဲ စိတ်ညစ် သောက ရောက်နေရင် ဖြစ်စေအသုံးပြုနိုင်ပါတယ်။

ကဲ ကောင်းပါပြီ၊ အောက်မှာ ဖော်ပြမယ့် နည်းလမ်းလေးကို ပေးလိုက်တာ ၁၅ ရက်တောင် မကြာလိုက်ဘူး၊ အဲဒီ ဒကာမလေးဆီက ဖုန်းဆက်ပြောပြပါတယ်၊

အရှင်ဘုရား အဆင်ပြေသွားပါပြီ၊ ကျေးဇူး အများကြီး တင်ပါတယ်၊ တပည့်တော် ပြောတဲ့လူတယောက်ဆိုတာ အရှင်ဘုရား ဒကာကြီးပါ။သူက အိမ်ကို ပြန်မလာတော့လို့ အကူအညီတောင်း၇တာပါတဲ့၊

တကယ်တော့ ဒီနည်းလမ်းကို အသုံ့းပြုရင် ကိုယ့်အပေါ် မကောင်းကြံထားသူတွေတောင် လာပြီး ဒူးထောက်တောင်းပန်တာမျိုးတွေ ရှိခဲ့ဖူးတယ် လို့ ဆိုပါတယ်၊ဒါကြောင့် စာဖတ် ပရိသတ်များ သေသေချာချာမှတ်သားပြီး အကျိုးရှိရှိအသုံးပြုစေချင်ပါတယ်၊

အစီအစဉ် များ

၁၊ ဘုရားစင်ရှေ့မှာ သန့်စင်တဲ့ ဖန်ခွက်တစ်ခွက်ထဲကို သောက်ရေသန့်သန့်အပြည့်နီးပါး ထည့်ပါ

၂ ။ ပြီးတာနဲ့ ကျောက်ခဲသေးသေးတလုံးကို ဆေးကြောပြီး ဖန်ခွက်ထဲ ထည့်၇ပါမည်၊

၃ ။ ကိုယ့်ကို မုန်းနေသူ မချစ်မနှစ်သက်သူ ကို ဓာတ်ပုံရှိက ဓာတ်ပုံကိုဖန်ခွက်ဘေးမှာ ထောင်ထားရပါမယ်၊

ဓာတ်ပုံမရှိလဲ သူ့ပုံရိပ်ကို အာရုံပြုပြီး ပွားများနိုင်ပါတယ်၊ တခါမှ မမြင်ဘူးသူ တစ်ယောက်ကို ပို့လိုရင်တော့ သူ့ နာမည်ကို ပါးစပ်က ရွတ်ဆိုပြီး ပို့နိုင်ပါတယ်။

ဆိုကြပါစို့ မောင်ကျော်ကို ဥပမာ အနေနဲ့ ပို့ကြည့်ရအောင် – –

ကဲ မောင်ကျော်၊ မင်းက ငါ့အပေါ် မုန်းတီးနေပေမယ့် ငါကတော့ မေတ္တာမပျက်ချစ်ခင်နေလျက်ပါ၊

ဒါကြောင့် မင်း အမုန်းတွေပြေပျောက်ပြီး ငါ့အပေါ် ချစ်ခင်စေချင်ပါတယ်၊

ရေထဲမှာ ရှိတဲ့ ကျောက်ခဲလေးဟာ အေးမြနေသလို အခု မင်းကို အေးမြတဲ့ရေထဲမှာ စိမ်ထားလိုက်ပြီ၊

မင်းရဲ့ ဒေါသတွေ ပြေပျောက်ပြီး စိတ်ရော လူရော အေးချမ်းလာပြီး ငါ့အပေါ်မေတ္တာသက်ဝင်လာပါစေ၊

ငါကတော့ မင်းကို အပြစ်မမြင်ပါဘူး၊ ဆက်လက် ချစ်ခင်နေမှာပါ၊

လက်ထပ်ထားသူ ဖြစ်က အရင်လို ချစ်ခင်ပါစေ – စသည်ဖြင့် ပါးစပ်က ရွတ်ဆို၇ပါမယ်၊

ကျောက်ခဲလေးကို လူအမှတ်နဲ့ အာရုံပြုနိုင်အောင် ကြိုးစားပြီးတစ်နေ့ ၂ ကြိမ် ၃ ကြိမ်လောက် ပို့ရပါမယ်၊အကြိမ်များစွာ ဆိုရင်တော့ အကောင်းဆုံးပေါ့၊

၄ ။ တစ်ဦးတယောက်အပေါ် ရည်စူးမေတ္တာပို့ပြီးရင်တော့ သတ္တဝါအားလုံးနဲ့နတ်ဗြဟ္မာတွေကို တိုင်တည်ပြီးမေတ္တာပို့ အမျှေ၀ ရပါမယ်၊

နည်းလမ်းလေးကတော့ ဒီလောက်ပါပဲ။

မြန်မာနိုင်ငံ သာသနာ့ သမိုင်းမှာ မေတ္တာအရာမှာ ထင်ရှားကျော်ကြားတဲ့ တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမ သာရကိုယ်တော်တိုင် ပေးသနားထားခဲ့တဲ့အတွက်ယုံယုံကြည်ကြည် အသုံးပြုပြီး မုန်းသူ မနာလိုသူ ရန်သူအားလုံးကို ချစ်ခင်ကြင်နာနိုင်ပါစေ၊

မှတ်ချက်၊ကိုယ်က အမုန်းခံနေရမှ အသုံးပြုသင့်ပါတယ်၊ကိုယ်က မုန်းနေသူဆိုရင်တော့ အချိန်ယူပြီး ပွားများမှ သက်ရောက်ပါလိမ့်မယ်၊

မေတ္တာဖြင့် လူအားလုံး ငြိမ်းအေးနိုင်ကြပါစေ။

အရှင်သုနန္ဒာလင်္ကာရ – M A ( ပန်းကမ္ဘာ )