ချစ်သူ နဲ့ တစ်သက်လုံးမခွဲရဘဲ ပေါင်းသင်းနိုင်မယ့် အဆောင် (၄) မျိုး

မိမိ ချစ်သူ နဲ့ တစ်သက်လုံးမခွဲရဘဲ အိုအောင် မင်းအောင် ပေါင်းသင်းရမှာ အမှန်ပါ။

အဆောင် (၁) = ကိုယ်ကျင့်တရား ။

ကိုယ်ကျင့်တရား ကောင်းမွန်ရပါမယ် ။ တစ်ယောက်မကြိုက်တာ တစ်ယောက်မလုပ်ပါနဲ့။ အတူတူ ဘုရားသွားကျောင်းတက် ကောင်းမှုတွေ အတူတူ ပြုခဲ့ဖူးရပါမယ်

အဆောင် (၂) = ယုံကြည်မှု ။

တစ်ယောက်နဲ့ တစ်ယောက် ယုံကြည့်မှု တွေရှိရမယ် ။ မိမိချစ်သူအပေါ်မှာ သစ္စာရှိရမယ် ရိုးသားရမယ် ။ မလိုအပ်တဲ့ သံသယတွေ မရှိရဘူး ။

သံသယရှိလာရင် မေးမြန်းစုံစမ်း၊ ညှိနှိုင်းဆွေးနွေးပြီး သံသယတွေကို ဖြည်ဖျောက်ပါ ။ ဒီအဆောင်ကို နှစ်ဦးစလုံး ဆောင်ထားရမှာပါ ။

အဆောင် (၃) = ပေးကမ်းခြင်း ရှိရမယ် ။

သွားအတူ၊ စားအတူ အခါမျိုးမှာ ကိုယ်ချည်းပဲ ကျွေးနေရတာမျိုး၊ သူချည်းပဲ ကျွေးနေရတာမျိုး တစ်ဖက်သက် မဟုတ်ဘဲ၊ မေတ္တာခေါင်းပါးတဲ့ လုပ်ရပ်မျိုးကို ရှောင်ရပါမယ်။

သူတစ်လှည့်ကျွေးလိုက် ကိုယ်တစ်လှည့်ကျွေးလိုက်နဲ့ မေတ္တာမျှပြီး ဝေစားမျှစားဖြစ်နေရမှာပါ။ သူနဲ့ပါတ်သက်တဲ့ ဆွေမျိုး၊ မိတ်ဆွေ အပေါင်းအသင်းတွေ အပေါ် ပေးကမ်းစောင့်ရှောက်ရပါမယ်။ ဒါတွေက ကွန်ယက်သဖွယ် ဆက်နွယ်နေပါတယ်

အဆောင် (၄) = ပညာ

ပညာ ဆိုတဲ့ နေရာမှာ တစ်ယောက်နဲ့တစ်ယောက် အသိပညာ အတတ်ပညာ အမြင် အယူအဆ တွေတူမျှနိုင်ရင် ကောင်းပါတယ် ။ အမှားအမှန် အဆိုးအကောင်းကို အကျိုးသင့် အကြောင်းသင့် နားလည်နိုင်ရပါမယ် ။

ကောင်း၏ မကောင်း၏ ခွဲခြားသိပြီး တစ်ယောက်ကို တစ်ယောက် ထိန်းသိမ်းစောင့်ရှောက် ရပါမယ်။ဒီအဆောင် လေးခုသာ ဆောင်နိုင်မယ်ဆိုရင် ဒီ ဘဝ မှာလည်း ရွှေလက်တွဲ့လို့ မြဲမြံကြသလို ဖြစ်လေရာဘဝ အတူဆုံတွေ့နိုင်ကြပါလိမ့်မယ်..။

Ref: သာသနာနွယ် ဆရာတော် Credit: loveshop




အဆောင် (၂) = ယုံကြည်မှု ။






အဆောင် (၄) = ပညာ


