အေရးေပၚကိုဗစ္လူနာေတြကယ္တင္ဖို႔အတြက္ ေအာက္ဆီဂ်င္ဘူးေတြကားနဲ႔အျပည့္ေရာက္လာၿပီျဖစ္တဲ့ ကေလးၿမိဳ႕ေလးရဲ႕လက္ရွိျမင္ကြင္းအေျခအေန

တစ္ေက်ာ့ျပန္လည္ေရာက္ရွိလာတဲ့ Covid-19 Third waveရဲ႕ဒဏ္ကို ျမန္မာျပည္သူအေတာ္မ်ားမ်ား အလူးအလဲခံစားေနၾကရပါတယ္။

ႏိုင္ငံေရးအေျခအေနေတြေၾကာင့္ ကိုဗစ္ကုသေရးစင္တာေတြ မရွိေတာ့တဲ့အျပင္ ေရာဂါကူးစက္မႈႏႈန္းျမန္ဆန္လြန္းတာေၾကာင့္ အသက္ဆုံးရႈံးေနရတဲ့ လူနာေတြလည္း အေျမာက္အမ်ားပါ။

ကိုဗစ္ေရာဂါဒဏ္ကို အလူးအလဲခံစားေနရတဲ့ၿမိဳ႕ေတြထဲမွာဆိုရင္ ကေလးၿမိဳ႕ေလးဟာ အေျခအေနအလြန္ဆိုး႐ြားေနခဲ့ၿပီပဲျဖစ္ပါတယ္…..။

Photo credit-​ KP DIARY’s Facebook page

Photo credit-​ KP DIARY’s Facebook page

ကေလးၿမိဳ႕က လမ္းတိုင္းလိုလိုမွာလည္း နာေရးဆိုင္းဘုတ္ေတြရွိၿပီး သုသာန္ေတြမွာလည္းအုတ္ဂူေတြအဆင္သင့္ျပဳလုပ္ထားရတဲ့အထိ အေျခအေနေတြဆိုး႐ြားေနပါတယ္။ ဒါ့ျပင္ေအာက္ဆီဂ်င္မေလာက္ငွမႈေတြေၾကာင့္ ေအာက္ဆီဂ်င္ရရွိဖို႔အတြက္ လမ္းေတြမွာတန္းစီေစာင့္ယူေနရတဲ့အထိ ဆိုး႐ြားေနတာေတြ႕ရပါတယ္။

ေအာက္ဆီဂ်င္မလုံေလာက္မႈေတြေၾကာင့္ ကေလးၿမိဳ႕က ကိုဗစ္လူနာေတြခမ်ာအသက္ဆုံးရႈံးေနၾကရတာေၾကာင့္ ေစတနာရွင္ျပည္သူေတြက ကေလးၿမိဳ႕ေလးအတြက္ ေအာက္ဆီဂ်င္ဘူးေတြ တတ္ႏိုင္သေလာက္လႉဒါန္းေပးေနၾကတာေတြ႕ရပါတယ္။

Photo credit-​ KP DIARY’s Facebook page

Photo credit-​ KP DIARY’s Facebook page

ယေန႔မွာေတာ့ ကေလးၿမိဳ႕ေလးကို အလႉရွင္ေတြ လႉဒါန္းထားၾကတဲ့ေအာက္ဆီဂ်င္ဘူးေတြေရာက္ရွိလာၿပီလို႔သိရပါတယ္။ ဒီအေၾကာင္းအရာေလးကို ကေလးၿမိဳ႕ေလးမွာ ပရဟိတလုပ္ေနတဲ့လူငယ္ေလးက သူ႔ရဲ႕ Facebookစာမ်က္ႏွာမွာ “ခုေလးတင္ ကေလးၿမိဳ႕တြင္ ေအာက္ဆီဂ်င္ ကားတစ္စီးေရာက္လာ ၿပီး ဗူးႀကီး ၇၅ ဗူးပါကာ ၄၀ဗူးသည္ အလႉရွင္မ်ား လႉထံထားတာျဖစ္ေသာေၾကာင့္ အခမဲ့ ျဖည့္ေပးသြားမယ္လို႔သိရပါတယ္ဗ်ာ….Location – ေ႐ႊႏွင့္ေငြ စတိုး (ကေလးၿမိဳ႕)

12:15AM….”ဆိုၿပီး ေရးသားေဖာ္ျပထားပါတယ္။ ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Photo credit-​ KP DIARY’s Facebook page

သတင္းအရင္းျမစ္: KP DIARY’s Facebook page

Crd-myanmarload

Unicode

တစ်ကျော့ပြန်လည်ရောက်ရှိလာတဲ့ Covid-19 Third waveရဲ့ဒဏ်ကို မြန်မာပြည်သူအတော်များများ အလူးအလဲခံစားနေကြရပါတယ်။

နိုင်ငံရေးအခြေအနေတွေကြောင့် ကိုဗစ်ကုသရေးစင်တာတွေ မရှိတော့တဲ့အပြင် ရောဂါကူးစက်မှုနှုန်းမြန်ဆန်လွန်းတာကြောင့် အသက်ဆုံးရှုံးနေရတဲ့ လူနာတွေလည်း အမြောက်အများပါ။

ကိုဗစ်ရောဂါဒဏ်ကို အလူးအလဲခံစားနေရတဲ့မြို့တွေထဲမှာဆိုရင် ကလေးမြို့လေးဟာ အခြေအနေအလွန်ဆိုးရွားနေခဲ့ပြီပဲဖြစ်ပါတယ်…..။

Photo credit- KP DIARY’s Facebook page

Photo credit- KP DIARY’s Facebook page

ကလေးမြို့က လမ်းတိုင်းလိုလိုမှာလည်း နာရေးဆိုင်းဘုတ်တွေရှိပြီး သုသာန်တွေမှာလည်းအုတ်ဂူတွေအဆင်သင့်ပြုလုပ်ထားရတဲ့အထိ အခြေအနေတွေဆိုးရွားနေပါတယ်။ ဒါ့ပြင်အောက်ဆီဂျင်မလောက်ငှမှုတွေကြောင့် အောက်ဆီဂျင်ရရှိဖို့အတွက် လမ်းတွေမှာတန်းစီစောင့်ယူနေရတဲ့အထိ ဆိုးရွားနေတာတွေ့ရပါတယ်။

အောက်ဆီဂျင်မလုံလောက်မှုတွေကြောင့် ကလေးမြို့က ကိုဗစ်လူနာတွေခမျာအသက်ဆုံးရှုံးနေကြရတာကြောင့် စေတနာရှင်ပြည်သူတွေက ကလေးမြို့လေးအတွက် အောက်ဆီဂျင်ဘူးတွေ တတ်နိုင်သလောက်လှူဒါန်းပေးနေကြတာတွေ့ရပါတယ်။

Photo credit- KP DIARY’s Facebook page

Photo credit- KP DIARY’s Facebook page

ယနေ့မှာတော့ ကလေးမြို့လေးကို အလှူရှင်တွေ လှူဒါန်းထားကြတဲ့အောက်ဆီဂျင်ဘူးတွေရောက်ရှိလာပြီလို့သိရပါတယ်။ ဒီအကြောင်းအရာလေးကို ကလေးမြို့လေးမှာ ပရဟိတလုပ်နေတဲ့လူငယ်လေးက သူ့ရဲ့ Facebookစာမျက်နှာမှာ “ခုလေးတင် ကလေးမြို့တွင် အောက်ဆီဂျင် ကားတစ်စီးရောက်လာ ပြီး ဗူးကြီး ၇၅ ဗူးပါကာ ၄၀ဗူးသည် အလှူရှင်များ လှူထံထားတာဖြစ်သောကြောင့် အခမဲ့ ဖြည့်ပေးသွားမယ်လို့သိရပါတယ်ဗျာ….Location – ရွှေနှင့်ငွေ စတိုး (ကလေးမြို့)

12:15AM….”ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit- KP DIARY’s Facebook page

သတင်းအရင်းမြစ်: KP DIARY’s Facebook page

Crd-myanmarload