ဓာတ်ဆားရေ သောက်တော့မယ်ဆိုရင် ဒါတွေသတိထား
လူတိုင်းဓါတ်ဆားရေသာက်ကြပါတယ် ဓာတ်ဆားရေ သောက်တော့မယ်ဆိုရင် ဒါတွေသတိထား ဓာတ်ဆား ဆိုတာ ဘာလဲ…ဘာအတွက်သုံးတာလဲ)…ဓာတ်ဆားမှုန့်(Oral Rehydration Salts)ဆိုတာ…ဝမ်းပျက်ဝမ်းလျှောခြင်းနဲ့အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ရေဓာတ်နဲ့ဓာတ်ဆားများ လျော့နည်းခြင်းအတွက်ရေနဲ့ဖျော်သောက်တာပါ… ယခုလို အလွန်ပူပြင်းတဲ့အချိန်မှာ ချွေးထွက်လို့ဆုံးရှုံးသွားတဲ့ရေနဲ့ဆားဓာတ်တွေပြန်လည်ဖြည့်တင်းဖို့အကောင်းဆုံးဆေးမှုံ့ပေါ့…(ဘယ်လိုဓာတ်ဆားသောက်ရင်အကောင်းဆုံးလဲ)မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံကထုတ်လုပ်တဲ့ဓာတ်ဆား…နိုင်ငံတကာမှတင်သွင်းရောင်းချတဲ့ဓာတ်ဆားမျိုးစုံ…အပြင်ဈေးကွက်ထဲမှာ ရိုးရိုးဓာတ်ဆားများ/သစ်သီးစုံဓာတ်ဆားများ…အများအပြားရောင်းချနေပြီး တမျိုးနဲ့တမျိုး အာနိသင်သိသာစွာကွာခြားခြင်းမရှိပဲ…အားလုံးကောင်းကြပါတယ်… အရည်အသွေးပြည့်ဝပြီး ကြာရှည်အထားခံတာကတော့…မြန်မာနိုင်ငံဆေးဝါးစက်ရုံ(MPF)ကထုတ်တဲ့ ဓာတ်ဆားပါ…(ဓာတ်ဆားထုတ်ဝယ်ရင် ဘာတွေသိထားသင့်လဲ)ဓာတ်တားထုတ်ဝယ်တဲ့အခါပထမဆုံးကြည့်သင့်တာက သက်တမ်းကုန်ဆုံးရက်(Expiry date)ပါ…Date ကောင်းတာနဲ့တင်မပြီးပါဘူး…လတ်ဆပ်မှု့ရှိ/မရှိ လှုပ်ကြည့်ရပါမယ်…ကပ်နေရင်(သို့)အထဲကအမှုံ့အရောင်ပြောင်းနေရင် လုံးဝမသောက်သင့်ပါဘူး… (ဓာတ်ဆားထုတ်ကို ဘယ်လိုထားသိုရမလဲ…ဘယ်ရေနဲ့ဖျော်ရမလဲ)…ဓာတ်ဆားတထုတ်ကို ရေကျက်အေး(သို့)ရေတစ်လီတာ/ရေသန့်တဗူးနဲ့ဖျော်ရမှာပါ…သတိထားရမှာက ရေနွေးနဲ့မဖျော်ရသလို…ရေခဲသေတ္တာထဲကရေအေးနဲ့လဲမဖျော်သင့်ပါဘူး…ဓာတ်ပျယ်သွားတတ်လို့ပါ… ဓာတ်ဆားထုတ်ကို အေးပြီးခြောက်သွေ့တဲ့နေရာမှာ ထားသိုရမှာဖြစ်ပြီး…နေရောင်ခြည်တိုက်ရိုက်ထိတွေ့တဲ့နေရာတွေမှာမထားသင့်ပါဘူး…ဓာတ်ဆားရည်ကို ဖျော်ပြီး ၂၄ နာရီအတွင်းကုန်အောင်သောက်ရမှာဖြစ်ပြီး၂၄ နာရီထက်ကျော်သွားတဲ့ ဓာတ်ဆားရည်ကို သွန်ပစ်ရမှာပါ…(တစ်နေ့ဘယ်နှစ်ထုတ်သောက်ရမလဲ…ဘယ်လိုလူတွေမသောက်ရဘူးလဲပုံမှန်အားဖြင့်ဓာတ်ဆားကို တစ်ရက်အများဆုံး ၂ ထုတ်သာသုံးသင့်ပါတယ်…၂ ထုတ်ထက်ပိုသောက်မိရင် ခန္ဓာကိုယ်ကပိုနေမဲ့ ဆားဓာတ်ကိုမစွန့်ထုတ်နိုင်ပဲသွေးတိုးရောဂါဖြစ်တတ်လို့ပါဓာတ်ဆားထုတ်ကို ဆီးချို /သွေးတိုးရှိသူတွေ ဆရာဝန်ညွှန်ကြားချက်နဲ့မှသောက်သင့်ပါတယ်… (ဒါကြောင့်)တန်ဆေး လွန်ဘေးဆိုသလို … Read more