ဗစ်တိုးရီးယားလေးကိစ္စမှာ သိန်း ၈၀၀ အမြတ်ထွက်တယ်ဆို အသံဖိုင်ထွက်လာတဲ့အပေါ် ပြောပြလာတဲ့ အဆိုတော်လင်းလင်း
ဗစ်တိုးရီးယားလေးကိစ္စမှာ သိန်း ၈၀၀ အမြတ်ထွက်တယ်ဆို အသံဖိုင်ထွက်လာတဲ့အပေါ် ပြောပြလာတဲ့ အဆိုတော်လင်းလင်း တစ်ကယ်တော့ ကျနော်တို့ကို စော်ကားထားတဲ့ အသံဖိုင်ကိစ္စက မဟုတ်ဘူးလို့ ထွက်ရှင်းရတာ လွယ်ပါတယ်။ ဖြစ်လဲမဖြစ်နိုင်ဘူး။ မဖြစ်နိုင်ကြောင်း၊ မဟုတ်တဲ့အကြောင်းကိုလဲ ကျနော်တို့ကို ချစ်ကြခင်ကြတဲ့ မိတ်ဆွေတွေ၊ မိသားစုတွေ၊ ပရိတ်သတ်တွေ၊ ရောင်းရင်းတွေ အားလုံးကလဲ သိလို့ တစ်ခုခုလုပ်ရမယ်၊ ဒီတိုင်းထားလို့မရဘူး ဆိုပြီး ဥပဒေအတိုင်းအရေးယူဖို့ လာဆက်သွယ်ကြတာကလဲ အသံဖိုင်ထွက်ကတည်းကပါဘဲ။ အသံဖိုင်စထွက်ကတည်းက နားထောင်ပြီးပါပြီ။ သိမ်းလဲထားပါတယ်။ သို့သော် နားထောင်ရုံနဲ့ ပြီးစလွယ် မဟုတ်တမ်းတရားစော်ကားထားတဲ့ ဒီကိစ္စက ရိုးရှင်းသလား? အရောင်တွေပါလား? စဉ်းစားရတယ်။ ဘာလို့ဆို ကပ်ရောဂါနဲ့ တစ်နိုင်ငံလုံးရှုပ်နေတဲ့ ကာလမှာ တစ်နိုင်ငံလုံးအကဲစပ်တဲ့ သမီးလေး V ကိစ္စနဲ့ တစ်မိသားစုလုံးသိက္ခာကျအောင် မဟုတ်တမ်းတရားစွတ်စွဲတာက ဘယ်အထိ ရည်ရွယ်တာလဲပေါ့။ ဒီကာလမှာ … Read more