သနပ်ခါး ကြိုက်တဲ့ မိန်းခလေး တွေ သိထားသင့်တဲ့ ဗဟုသုတ လေးပါ

မေမေ ပြောပြတဲ့ ပျိုမေ တို့အကြိုက် သနပ်ခါး ကျောက်ပျဉ် သနပ်ခါး ကျောက်ပြင် အသစ်ဆိုရေလေးဆေးလိုက်ပြီးသနပ်ခါး တုံးသွေးထည့်လိုက်တာပဲအဲသလိုလုပ်လို့မရပါဘူး ကျောက်သား အစစ်ကိုထွင်းထားတဲ့ ကျောက်ပျဉ် ဖြစ်ဖြစ် ဘိလပ်မြေ လိုမျိုးကိုပုံပြု့ထားတဲ့ကျောက်ပျဉ်ဖြစ်ဖြစ်ပထမဦးဆုံးအသုံးမပြု့ခင်မှာဝယ်လာတဲ့ကျောက်ပျဉ် ကိုရေစင်စင်ဆေးပြီး ကျောက်ပျဉ် ကိုရေပုန်းထဲကိုထည့်ပြီးရေနဲ့တစ်ညစိမ်ထားပါနောက်တစ်ရက်မှာနနွန်းတက်နဲ့ဆီ+ဆားနဲ့ကိုသွေးပြီးတစ်နေကုန်နေလှမ်းထားရပါတယ် ဆီခြောက်တော့မှသနပ်ခါးကျောက်ပျဉ်ကိုရေထပ်ဆေးပြီးမှမိမိကြိုက်နှစ်သက်ရာ သနပ်ခါးတုံး ကိုသွေးရပါတယ် ထွက်လာတဲ့ သနပ်ခါး ကလေးတွေကညက်နေပြီးတနေကုန်ပါးပြင်ပေါ်အရာထင်နေပါတယ်တဲ့ကဲ ကျောက်ပျဉ်အ သစ်ကိုဘယ်လိုအသုံးပြု့ရသလဲဆိုတာသိသွားပြီပေါ့ မေမေပြောပြတယ် ကျောက်ပျဉ် ပေါ်သနပ်ခါး သွေးတာ လေ့ကျင့်ခန်း တစ်ခုလုပ်တာနဲ့တူတူပဲတဲ့ ဒါပေမဲ့ကြမ်းပြင်ပေါ်ချသွေးရတာမဟုတ်ပဲမိမိခါးအလည်လောက်အမြင့်ရှိတဲ့နေရာမှာထားပြီးသွေးရမယ်တဲ့ သနပ်ခါး ကိုအားစိုက်သွေးနေရတော့လေ့ကျင့်ခန်းလုပ်နေတယ်လို့မထင်ရပေမယ့် နှစ်နဲ့ချီပြီးနေ့စဉ်သွေးနေရတော့လက်မောင်းကြွက်သွားတွေကပိုပြီးသန်မာတယ် ပျော့ပြီးရွဲကျခြင်းမျိုးမဖြစ်ဘူးတဲ့ဘယ်ညာတော့လှည့်သွေးပေါ့တဲ့ ငရုပ်သီးထောင်း တာလဲအတူတူပဲတဲ့ခေါင်းလေ့ကျင့်ခန်းကတော့ ရေအိုး ရွက်တာပါတဲ့ မေမေ အမေ(အဖွား)ပြောပြတာလို့ပြောတယ် မိုးမခ Unicode မေမေ ပြောပြတဲ့ ပျိုမေ တို့အကြိုက် သနပ်ခါး ကျောက်ပျဉ် သနပ်ခါး ကျောက်ပြင် အသစ်ဆိုရေလေးဆေးလိုက်ပြီးသနပ်ခါး … Read more

၂၀၂၀ခုနှစ် အတွင်းစနေသားသမီးများ အတွက် တစ်နှစ်စာ တာဟောစာတမ်း

ဒီ လိုနှစ်မျိုးဟာ ကြိုးစားမှုအပေါ်မူတည်ပြီး အကျိုးအမြတ်လဲများပါလိမ့်မယ်။ရေရှည်စီမံကိန်းတွေကို ချမှတ်လို့ကောင်းပါတယ်။အနှစ်နှစ်အလလကစိတ်ကူးရည်မှန်းထားတာတွေကို ဒီနှစ်မှာပုံဖော်လို့အလွန်ကောင်းပါတယ်။ရာထူးတိုးပြီး နေရာပြောင်းရတာမျိုးတွေ ကြုံရတတ်ပါတယ်။လုပ်ငန်းသစ်များဖြစ်စေ၊ ဆိုင်ခွဲများဖြစ်စေထူထောင်ခွင့်တွေရလာတတ်ပါတယ်။ အိမ်နီးနားချင်းများနဲ့ဖြစ်စေ၊ မိတ်ဆွေရင်းခြားများနဲ့ဖြစ်စေ သဘောထားကွဲလွဲမှု၊ ပြဿနာ တတ်မှုတွေ ဖြစ်ရတတ်ပါတယ်။ မဟုတ်မမှန်ပြောဆိုချက်များနှင့် စွပ်စွဲပုတ်ခတ်ခြင်းကို ခံရတတ်ပါတယ်။ ဒီနှစ်ဟာ လူမှုရေးအားနည်းတဲ့ နှစ်လို့ပဲပြောရပါလိမ့်မယ်။ သြဇာကြီးမားသောပုဂ္ဂိုလ်တို့မှ ကူညစောင့်ရှောက်ခြင်းကိုခံရတတ်ပါတယ်တပည့်လက်သားတွေရဲ့ အကူအညီတွေ ရလာတတ်ပါတယ်။အများကောင်းကျိုးအတွက် ဆောင်ရွက်သူများ လူအများအပေါ်လွှမ်းမိုးသြဇာညောင်းပါလိမ့်မယ်။ဒီနှစ်ဟာကံကြမ္မာက ဖြေးဖြေးမှန်မှန်နဲ့ပဲ တိုးတတ်အောင်လုပ်ပေးတတ်ပါတယ်။အလိုလောဘကြီးလို့ မရပါဘူး။တစ်နေ့ရွှေဥတစ်လုံးဥပေးတဲ့ငန်းကို နည်းတယ်ထင်ပြီး ဗိုက်ခွဲကြည့်တဲ့ ပုံစံမျိုးလုပ်မိရင်တော့ ဒုက္ခပင်လယ်ဝေသွားပါလိမ့်မယ်။ဒီနှစ်ဟာ တာဝေးပြေးရမဲ့ နှစ်ပါပဲ။ဒါကိုနားလည်အောင်ပြောရရင်တာဝေးပြေးရမဲ့သူက စပြေးကတည်းက စွတ်ပြေးလို့မရပါဘူး။အမောမဖောက်အောင်နည်းနည်းချင်းပြေးရပါတယ်။ကံကလဲ ဒီနှစ်ကရေရှည်ကိုကြည့်ပြီး ရေတိုမှာ ရရစားစားသဘောမျိုး ကံကိုပေးပါတယ်။ ဖြေးဖြေးမှန်မှန်ပဲလုပ်ပြီး ရေရှည်အကျိုးရအောင် ဆောင်ရွက်လိုက်ပါ။ ဒီနှစ်ဟာလုပ်ငန်းလုပ်ဖို့အတွက် စက်ပစ္စည်းတွေဝယ်တာပဲဖြစ်ဖြစ်၊လက်ရှိသုံးနေတဲ့စက်ပစ္စည်းတွေဟောင်းနွမ်းနေလို့ အသစ်လဲတာမျိုးပဲဖြစ်ဖြစ် ဆောင်ရွက်မယ်ဆို အလွန်ကောင်းပါတယ်။ကားအလဲအထပ်လုပ်ခြင်းများ ဒီ နှစ်မှာဆောင်ရွက်လို့ ကောင်းပါတယ်။ဝေးကွာနေတဲ့သူငယ်ချင်းမိတ်ဆွေများနဲ့ ပြန်ဆုံခွင့်တွေရလာတတ်ပါတယ်။ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများ ဖောက်သည်သစ်တွေနဲ့ဆက်ဆံရတတ်ပါတယ်။အမြဲတမ်းဖောက်သည်ဖြစ်အောင်ကြိုးစားစေချင်ပါတယ်။ဆွေမျိုးသားချင်းများနှင့် … Read more

မိန်းခလေးတွေ ဒီလိုရင်နာစရာကောင်းတဲ့ ဘဝမျိုးမရောက်စေဖို့ ဒီပို့လေးကိုမျှဝေပေးစေချင်ပါတယ်…

တရုတ်ပြည် သို့ အလုပ် လုပ်ရန်သွားဖို့ပြင်ဆင်နေကြသောချစ်စွာသောမမတို့ ညီမတို့ဒါတွေသိရဲ့လား တရုတ်ပြည် မှာ အလုပ်သွားလုပ်မယ်ဆိုရင်… ၁။စစ်မှန်သောဗီဇာပါရဲ့လား… ၂။သင်အားကိုးလောက်တဲ့မိတ်ဆွေရှိရဲ့လား။… ၃။သူတို့စကား ကို နားလည်ရဲ့လား။…. ၄။ကိုယ်လုပ်နိုင်တဲ့ အလုပ် ဟုတ်ရဲ့လား။… ၅။တနေ့ လုပ်ချိန်ဆယ်နာရီလုပ်နိုင်ရဲ့လား။ ၆။သင် ထမင်း စားတိုင်းဝက်ဆီနဲ့ချက်ထားတဲ့ဟင်းကိုစားနိုင်ရဲ့လား။ ၇။အအေးလွန် အပူလွန် ဒဏ်ကိုခံနိုင်ရဲ့လား။ ၈။သူတို့ဖမ်းချင်လျှင် သင်ကိုင်ဆောင်ထားတဲ့ နေထိုင်ခွင့် စာအုပ် ကို ဆုပ်ဖြဲပြီးဖမ်းပါလိမ့်မယ်။ ၉။တရုတ်ပြည် မှာ မိန်းမ ဈေးကြီးတဲ့အတွက် သင့်ကို ဈေး ပေါပေါနဲ့ဝယ်ပြီး တိတ်တိတ်ပုန်း မယား အဖြစ် သုံးနှစ်သို့မဟုတ်ငါးနှစ် ပြုလုပ်စေပါလိမ့်မယ်။မိန်းကလေး တွေ ဒီလို ဘဝ မျိုးမရောက်စေဖို့ . ၁၀။သင့်ကိုသူတို့စိတ်တိုင်းကျအအသုံးချပြီးပြီ ဆိုရင်တော့လျှော့ဈေးနဲ့ တဆင့်ရောင်းချပါလိမ့်မယ်။ ခွေးသားပေါက် လုပ်ငန်း…. တကယ်လို့သင်သာ ခွေးသားပေါက် လုပ်ငန်း … Read more

၁၆ နှစ်ပြည့်တဲ့မိန်းကလေးတိုင်းဖတ်ဖြစ်အောင်ဖတ်သွားပါနော်

မိန်းကလေးတစ်ယောက်က သူ့ချစ်သူကောင်လေးနဲ့ ၆နှစ်ကြာလက်တွဲခဲ့တယ်။ဒါပေမယ့် ချစ်သူကောင်လေးက သူမကိုလက်ထပ်ယူဖို့စိတ်ကူးမရှိခဲ့ဘူး။ အဲဒါကြောင့် ဒီ၆နှစ်ကြာအချစ်ဇာတ်လမ်းကို ဖြတ်တောက်ပစ်ဖို့ သူမရွေးခြယ်လိုက်တယ်။သူမရဲ့ အခုလက်ရှိခင်ပွန်းကို အိမ်ထောင်ဖက်တွေ့တဲ့အနေနဲ့ စတွေ့တဲ့အချိန်တုန်းက သူမအိမ်ထောင်ပြုချင်ပြီလို့ ပြောခဲ့တယ်။သူမရဲ့ခင်ပွန်းက တချက်ပြုံးသွားတယ်။ အတူတူထမင်းစားခဲ့ကြပြီး ပျော်ရွှင်စွာစကားတွေပြောခဲ့ကြတယ်။နောက်တစ်နေ့ သူတို့၂ယောက်လုံးက အိမ်မှာမိဘတွေကို ပြောလိုက်ကြတယ်။ ၁ပတ်လောက်ကြာတော့ သူတို့စေ့စပ်ကြတယ်။ ၂ပတ်လောက်ကြာပြီးနောက် သူတို့လက်ထပ်သွားကြတယ်။အခု၎နှစ် ရှိသွားခဲ့ပြီ….။သူတို့မှာ ၃နှစ်အရွယ်သားလေးတစ်ယောက်နဲ့ ပျော်ရွှင်စွာ အတူတူနေထိုင်နေကြတယ်။အဲဒီမိန်းကလေးက ပြောခဲ့တယ်။ လူတစ်ယောက်က နင်ကိုချစ်တယ်..မချစ်ဘူးဆိုတာအတူတူတွဲခဲ့တဲ့အချိန် ဘယ်လောက်ကြာခဲ့သလဲဆိုတာမဟုတ်ပဲ သူကနင့်ကို ကတိတစ်ခုပေးနိုင်တာပါပဲ။ နောက်ပြန်လှည့်တာ ပြန်အဖက်ဆယ်တာတွေ ငါမသိဘူး။ငါသိတာက ငါ့ကိုချစ်တဲ့သူက ငါ့နားကထွက်သွားမှာ မဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ ငါဝမ်းနည်းမယ်ဆိုတာ သူသိနေလို့ပဲ။ အိပ်ချင်ယောင်ဆောင်သူကို နှိုးရခက်တယ်။ မချစ်တတ်တဲ့သူကို ပြောရခက်တယ်။ဒီလောကကြီးထဲမှာ မချစ်တဲ့အကြောင်းပြချက်တွေ အများကြီးပဲ။ အလုပ်မအားတာ ပင်ပန်းတာနင့်အတွက်ကောင်းစေချင်လို့ပါ ဆိုတာတွေပေါ့။ချစ်တယ်ဆိုတာကျတော့ ဖော်ပြမှုတစ်ခုပဲရှိတယ်။ အဲဒါက နင်နဲ့အတူနေချင်တယ်။နင့်ကို သာယာပျော်ရွှင်တဲ့ … Read more

ဒီလိုအချက်တွေရှိတဲ့မိန်းမကို သင်လုံးဝမယူပါနဲ့…

ချစ်သူရွေးကြတဲ့အခါ ဘယ်လို စံနှုန်းတွေနဲ့ ရွေးကြမှာလဲ။ တစ်ယောက်ချင်းစီရဲ့ ideal type တွေက မတူကြပေမယ့် အချစ်ရေး ကံကောင်းချင်ကြတာကတော့ လူတိုင်းပါ။ ဒီတစ်ခေါက်မှာတော့ ပျိုမေတို့အနေနဲ့ အချစ်ရေးမှာ လူရွေးမှားနေပြီဆိုတာ သိနိုင်မယ့် အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ် (၁) သင်လုပ်သမျှအရာရာကို အဆိုးဘက်က ဝေဖန်တတ်တယ် သင်ဝတ်ထားတဲ့ အဝတ်အစား ပုံစံကအစ၊ သင်ရွေးချယ်တဲ့ ဂီတ၊ ရုပ်ရှင်အလယ်၊ သင့်ကိုယ်ရည်ကိုယ်သွေးနဲ့ဆိုင်တာတွေအဆုံး … သူ့အမြင်မှာ အပြစ်တင်စရာ တစ်ခုမဟုတ် တစ်ခု ရှိနေတယ်။ ပြီးတော့ ကိုယ့်ရဲ့အရာရာကို အဆိုးဘက်က ဝေဖန်နေတတ်တယ်ဆိုရင် သင့်အနေနဲ့ လူရွေးမမှားဘူး ဆိုရင်တောင် မှန်တော့ မမှန်ပါဘူးလို့ ပြောရ မှာပါ…။ (၂) စကားပြောမှားသွားမှာအမြဲစိုးရိမ်နေရတယ် တခါတရံ ကိုယ်ချစ်တဲ့သူနဲ့ ပြောနေတာမှ ဟုတ်ရဲ့လားလို့တောင် တွေးမိတဲ့ အထိပါပဲ။ … Read more

၎ နှစ်နီးပါးခံစားခဲ့ရတဲ့ကျောက်တည်တဲ့ဝေဒနာကို လက်တွေ့ပျောက်စေသောဆေးနည်း

” ကျောက်ကပ်အတွက်_ရေဝါးရွက် ” ကျွန်မရဲ့ ကျောက်ကပ်မှာ ကျောက်တွေမရှိတော့ဘူးတဲ့ လှိုက်ခနဲဝမ်းသာသွားမိတယ် ,,၄ နှစ်နီးပါးခံစားခဲ့ရတဲ့ကျောက်တည်တဲ့ဝေဒနာ အထူးကုဆေးခန်းများစွာပြခဲ့ပီး သက်သာလိုက်ပြန်ဖြစ်လိုက်နဲ့ အချိန်တွေ ကိုကုန်လွန်ခဲ့တယ်။ ဟိုစာအုပ်ဖတ်ဆေးနည်းလေးတွေတွေ့လိုက်လုပ် ကြည့် ကြားဖူးနားဝပြောပြတဲ့ဆေးတွေလိုက်သောက်ကြည့် ဆေးမှန်သမျှ အကုန်သောက်ကြည့်ခဲ့ပါတယ် ။ ကျွန်မရဲ့ဘယ်ဘက်ကျောက အမြဲအောင့်နေခဲ့တာရင်းနှီးသူတွေတောင်သိကြပါတယ် ။ အဲ့လိုသောက်နေရင်းက ကျွန်မသံမနိုင်ကျောက် မနိုင်ဆေးပြားကို အညွှန်းအတိုင်းမှန်မှန်သောက်ခဲ့ပါတယ် ။ ကျောအောင့်တာသက်သာလာတယ် မေမေက ငါးပြေမနဲ့ဇောင်းခါးသီး ခဏခဏချက်ကျွေးတယ် ။ ကျောက်ကျတယ်ဆိုလို့ ကျွန်မဖြစ်နေတဲ့ကျောက်က အနည်ဆိုတော့ရေများများသောက်ပီးအိုးနဲ့ ဆီးကိုကြည့်ရတာ သူများလိုဒေါက်ခနဲကျမှန်းသိတဲ့အနေအထားတော့မဟုတ်ပါဘူး ငါးပြေမကိုတခါမှမစားဘူး အရိုးများလို့ ရောဂါကြောင့် ကြိတ်ပီး စားခဲ့ပါတယ် ကြောင်နှုတ်ခမ်းမွှေးရွက်ကိုကြိုသောက်တယ် သိပ်ခါးတာပေါ့ ခါးတူးနေတာ ဒါပေမဲ့ ရေဆာတိုင်းသောက်တယ် နောက်ဆုံးတခုက တော့ ရေဝါးပင်ပါ ကျောက်ကပ်ဆေးနေရတဲ့သူတောင် ပကတိပြန်ကောင်းတယ် ဆိုလို့ ကျိုပြီး နေ့စဉ်သောက်တာခုထိပါပဲ … Read more