နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့..ဒီနည်းလေးတွေ လုပ်ကြည့်ပါ

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့..ဒီနည်းလေးတွေ လုပ်ကြည့်ပါ ကွန်ပျူတာရှေ့ ထိုင်ပြီး နာရီပေါင်းများစွာ အလုပ်လုပ်ရတဲ့သူတွေ၊ မတ်တပ်ရပ်ပြီး အလုပ်လုပ်ရတဲ့သူတွေ၊ စိတ်ဖိစီးမှုရှိတဲ့သူတွေ စတဲ့သူတွေမှာ နောက်ကျောကြွက်သားတွေ တောင့်တင်းပြီး ညဘက် ကောင်းစွာ အိပ်မပျော်တတ်ပါဘူး။ ဒါ့ကြောင့် နောက်ကျောကြွက်သားတွေ တောင့်တင်းတာကို လျော့ကျစေဖို့ မအိပ်ခင်မှာ လေ့ကျင့်ခန်းလုပ်ပေးရပါမယ်။ မအိပ်ခင် လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် မြန်မြန်အိပ်ပျော်စေပြီး နောက်ကျော ကြွက်သားတွေကို သက်သာစေမှာပါ။ ထိုလေ့ကျင့်ခန်းကို အိပ်ရာပေါ်မှာပဲ ပြုလုပ်ပေးနိုင်ပါတယ်။ ၁။ Wind-relieving pose ဒီနည်းလမ်းက အထူးသဖြင့် ပေါင်နှင့်နောက်ကျောက ကြွက်သားတောင့်တင်းမှုကို လျော့စေပြီး ကျောရိုးတစ်ခုလုံးကို သက်သာစေပါတယ်။ ဒါ့အပြင် ဒီယောဂက အူရဲ့လုပ်ငန်းတွေကို ထိန်းညှိပေးတဲ့ ကိုယ်ဟန်အနေအထားဖြစ်ပါတယ်။ ဒါ့ကြောင့် ၎င်းကို မနက်ခင်းမှာ ပြုလုပ်ရင် အသုံးဝင်ပါတယ်။ – ခန္ဓာကိုယ်ကို အိပ်ရာပေါ်မှာ ပက်လက်လှန်ပြီး … Read more

ပွေး၊ ညှင်း၊ တင်းတိတ်အတွက် ရက်နည်းနည်းနဲ့ ပျောက်တဲ့ရိုးရာဆေးနည်း

ပွေး၊ ညှင်း၊ တင်းတိတ်အတွက် ရက်နည်းနည်းနဲ့ ပျောက်တဲ့ရိုးရာဆေးနည်း ပွေး၊ ညှင်း၊ တင်းတိတ်အတွက် ရက်တိုတိုနဲ့ပျောက်တဲ့ ရိုးရာဆေးနည်း ဆေးဖော်ဖို့ကလည်း အလွန်လွယ်ကူပါတယ်။ ဆေးနည်း ၁။ ကြက်သွန်နီဥသေးတစ်လုံးကို အခွံနွာပြီး ညက်အောင်ထောင်းပါ။ ၂။ ပြီးရင် ကြွေပုဂံလုံးထဲ ထည့်ပြီး သံပရာသီးတစ်လုံးကို အရည်ညစ်ချလို့ ရောဖျော်ပါ။ ၃။ သင့်ရဲ့ပွေးကွက်၊ ညှင်းကွက်၊ တင်းတိတ်ကွက်၊ ဝက်ခြံဖုကို လိမ်းပေးပါ။ တစ်နေ့နှစ်ကြိမ် လိမ်းပေးပါ။ ၄။ ညပိုင်းမှာ မျက်နာကို ရေနွေးနဲ့သန့်စင်ပြီး သနပ်ခါးအမြစ်လိမ်းပြီး အိပ်ပါ။ ငါးရက်လောက် ဆက်တိုက်လုပ်ရင် သင့်မျက်နာဟာ ကြည်လင်ရှင်းသန့်ပြီး ကျက်သရေရှိစွာ လှပနေပါလိမ့်မယ်။ မူရင်းစာရေးသူ၏ အမှာစာ- မယုံမရှိပါနဲ့။ လက်တွေ့ပါ။ ငါးရက်အတွင်း သက်သာပျောက်ကင်းစေတဲ့ မြန်မာ့ရိုးရာ လိမ်းဆေးလို့ဆိုပါတယ် Unicode ပွေး၊ ညှင်း၊ … Read more

ငိုလိုက်ညီမလေး … အားရပါးရငိုပြီး ကန်တော့လိုက်ပါ

ငိုလိုက်ညီမလေး … အားရပါးရငိုပြီး ကန်တော့လိုက်ပါ Covid နှိပ်စက်တဲ့ နောက်ထပ် မြင်ကွင်းတခုပေါ့။ ညက ထပ်ဝင်တဲ့ ပြည်တော်ပြန် ယာဉ်တန်းနဲ့ပါလာတဲ့ ညီမလေးပါ။ ရောက်ရောက်ခြင်း မိခင်ဖြစ်သူ ဆုံးပါး၍ ပြန်လာတာဖြစ်ကြောင်း မိခင်၏ ရုပ်အလောင်းအား ကန်တော့ချင်ကြောင်း သတင်းပို့ အကြောင်းကြားပါတယ်။ ကျွန်တော်တို့က လူသားတွေပဲလေ။ ကိုယ်ချင်းစာတရား အပြည့်ရှိပါတယ်။ အောက်လမ်းက ခိုးမဝင်ပဲ တရားဝင် ပြန်လာပြီး သတ်မှတ်ချက်အတိုင်း Q ဝင်တဲ့သူပဲ။ ဒါတောင် အသုဘချမှာက မနက်ဖြန်မှ။ မနက်ဖြန်ဆိုရင် လူများမှာတဲ့။ ဒီနေ့ သွားကန်တော့ခွင့် ရချင်တယ်ဆိုလို့ ယနေ့ (11.10.2020)ရက်နေ့မှာတော့ ကိုဇင်မိုး တို့အဖွဲ့မှ ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက် များနဲ့အညီ သူ့ကိုပါ PPE ဝတ်စုံပြည့် ဝတ်ဆင်စေ၍ မော်လမြိုင် (၁၀)မြို့နယ်ဆောင် … Read more

အိပ်မက်မက်တတ်ရင်…သိမ်းထားပါ .. အိပ်မက်အဘိဓါန်

က မှ မ ထိ [ က ] နှင့်ပက်သက်သော အိပ်မက်မျာ ၁။ ကြာမျိုးငါးပါးအနံ့ကို ရှုရသည်ဟု မြင်မက်မူ တည်ကြည့်စွာ ဂုဏ်သတင်းကျော်စောရအံ့။ ၂။ ကြာညိုပန်းကို ပန်ရသည်ဟု မြင်မက်မူု မယားကောင်းရအံ့။ ၃။ ကြာသွတ်အိုးနှင့် ရေချိုးရသည်ဟု မြင်မက်မူ သူတစ်ပါးတို့၏မှီခိုရာ ဖြစ်အံ့။ ကြာသွတ်အိုးမြင်မက်မူ စည်းစိမ်များအံ့။ ၄။ ကြာပန်းစသည်မြင်မက်မူ ဖျားနာအံ့။ ၅။ ကျွဲစီးရသည်ဟု မြင်မက်မူ ကျေးကျွန်ရအံ့။ ၆။ ကျွဲ၊ နွား၊ ဝက်၊ မြေခွေး၊ လင်းတ တိရစ္ဆာန်တို့ကို မြင်မက်မူ ဥပါဒ်ရောက်အံ့။ ၇။ ကျွဲ၊ နွား၊ ဝက်၊ ဆင်၊ မြင်းတို့အား ကောင်းသော အခြင်းအရာဖြင့် မြင်မက်မူ နတ်စိမ်းတို့ နှစ်သက်အံ့။ … Read more

နေ့နံမတည့်တဲ့စုံတွဲလေးတွေ အိမ်ထောင်ရေးအဆင်ပြေစေဖို့ ဒီနည်းလေးကိုလုပ်ကြည့်လိုက်ပါ

*ဓမ္မာ၊ ​သောက၊ အင်းဝ၊ ရာဇာ အတွဲလေးတွေ လက်ထပ်မိရင် အိမ်ထောင်ရေး အဆင်မပြေတာ၊ စီးပွါးမတက်တာ၊ ကျန်းမာရေး ညံ့ဖျင်းတာတွေ ဖြစ်တတ်တယ်လို့လည်း အယူရှိပါတယ် *သမီးရည်းစား ချစ်သူဘဝမှာ ဘာနေ့သား၊ ဘာနေ့သမီး ဆိုတာတွေက သိပ်အရေးမကြီးပေမယ့် အိမ်ထောင်ရေးအတွက်ကတော့ နေ့နံတွေက အရေးကြီးလှပါတယ်။ မြန်မာ အယူအဆမှာတော့ ဓမ္မာ၊ ​သောက၊ အင်းဝ၊ ရာဇာ ဆိုပြီးလက်တွဲဖို့ မသင့်တော်တဲ့ မောင်နှံလေးတွေ သတ်မှတ်ထားပါတယ်။ ဓမ္မာ၊ ​သောက၊ အင်းဝ၊ ရာဇာ အတွဲလေးတွေ လက်ထပ်မိရင် အိမ်ထောင်ရေး အဆင်မပြေတာ၊ စီးပွါးမတက်တာ၊ ကျန်းမာရေး ညံ့ဖျင်းတာတွေ ဖြစ်တတ်တယ်လို့လည်း အယူရှိပါတယ်။ ဒါပေမယ့် အစွမ်းထက်တဲ့ ယတြာတွေနဲ့ ကာကွယ်လို့ ရတာမို့ Marry ရဲ့ မောင်နှံလေးတွေထဲက ဓမ္မာ၊ ​သောက၊ … Read more

မိန်းခလေးတွေရဲ့အရေးကြီးဆုံးလျှို့ဝှက်ချက်များ

အလှဆုံး အချိန် က Brands အမြင့်တွေ ကိုင်ပြီး ပွဲတက်တဲ့အချိန် မဟုတ်ပါဘူး အိပ်ယာနိုးနိုးခြင်း အိပ်ချင်မူးတူး ဖြစ်နေတဲ့အချိန်။ ဆွဲဆောင်မှုအရှိဆုံး အချိန် က မိတ်ကပ် နှုတ်ခမ်းနီတွေ ရွှိုင်းထားကာစအချိန် မဟုတ်ပါဘူး သနပ်ခါး ပဲဟင်းအိုး မှောက်ကျသလို လူးထားတဲ့အချိန်။ Original အလှလို့ သတ်မှတ်လို့ရတဲ့ အချိန်က ခေါင်းလျှော်ပြီးကာစ ဆံပင်ဖါးလျား ချထားချိန် မဟုတ်ပါဘူးပူအိုက်တဲ့အခါ ဆံပင်လေးတွေ စုစည်းထားတဲ့အချိန်။ အလိမ္မာဆုံး အချိန်က မိဘ စကား ချစ်သူစကား နားထောင်ပြတဲ့ အချိန် မဟုတ်ပါဘူး ပိုက်ဆံ ပြတ်လို့ လက်ထဲ သုံးစရာမရှိတော့တဲ့ အချိန်။ ချစ်စရာ အကောင်းဆုံး အချိန်က ပါးလေးဖေါင်း နှုတ်ခမ်းလေး ဆူထားတဲ့ အချိန် မဟုတ်ပါဘူးဘယ်သူ့မှ ဂရုမစိုက်ပဲ သဲသဲမဲမဲ … Read more

ယောက်ျားလေးတွေတိုင်း လိုချင်​တာ ဒီလိုမိန်းခလေးမျိုးတွေပါ

(၁) မိန်းကလေးတစ်ယောက်ဟာ သိပ်ချောသိပ်လှစရာမလိုဘူး။ လူကြားသူကြားထဲခေါ်ထွက်လို့ရပြီး အိမ်အပြန်ခေါ်ပြန်လာလို့ရရင် ရပြီ။ (၂) ဖြစ်ခဲ့ဖူးတဲ့အတိတ်ကို ငါလိုက်မမေးဘူး။ ဒါပေမယ့် ငါနဲ့တွေ့ပြီးတဲ့နောက် ငါ့တစ်ယောက်တည်းကိုပဲ ကောင်းကောင်းချစ်ရင် ရပြီ။ (၃) အလုပ်လုပ်ချင်ရင် အလုပ်တစ်ခုရှာလုပ်နိုင်တယ်။ မလုပ်ချင်ရင် အိမ်မှာပဲအိမ်ရှင်မအဖြစ် ပီပီသသနေ။ နင့်ကို ငါယူရဲရင် နင့်ကိုကျွေးနိုင်တဲ့အား ငါ့မှာရှိတယ်။ (၄) တခြားလူလောက် ငါချမ်းသာချင်မှ ချမ်းသာမယ်။ ဒါပေမယ့် တခြားလူ နင့်ကိုပေးနိုင်တဲ့အရာ ငါလည်းပေးနိုင်တယ်။ (၅) နင့်အနားမှာ ငါနေ့တိုင်းအဖော်ပြုနိုင်ချင်မှ ပြုနိုင်မယ်။ ဒီအိမ်အတွက် ငါအပြင်ထွက် ရုန်းကန်ရမယ်။ ဒါပေမယ့် ငါ့ဖုန်းဘယ်တော့မှ ပိတ်မထားဘူး… ဘယ်အချိန်ဖြစ်ဖြစ် ငါ့ကို နင်ရှာတွေ့နိုင်စေရမယ်။ (၆) သူငယ်ချင်းတစ်သိုက်နဲ့ ငါ ထွက်သောက်ဖြစ်တဲ့အခါတိုင်း နင့်ကိုငါခေါ်သွားမှာမဟုတ်ဘူး။ ဒါပေမယ့် ခမ်းခမ်းနားနားကျင်းပတဲ့ပွဲမှန်သမျှ နင့်ကို ငါဂုဏ်ရှိရှိတွဲခေါ်ပြီး လူတွေနဲ့မိတ်ဆက်ပေးလို့ရတယ်။ … Read more

နစ်နာစရာရှိရင် မိန်းခလေးတွေပဲနစ်နာရတာမို့ သတိလေးထားကြပါနော်…

“ငါ့သမီးကို အမေမှာချင်တယ်” ငါ့သမီးလေးရယ် ဖေ့စ်ဘုတ်သုံးတာတော့ ခေတ်သဘာဝမို့ အမေမပြောလိုပါဘူး… သမီးရယ် ဒါပေမယ့် မေမေမှာချင်တာက… ဖေ့စ်ဘုတ်ပေါ်မှာ တရားဝင်လက်ထပ်ထား ခြင်းမရှိဘဲ ရည်းစားတွေ တစ်ယောက်ပြီးတစ်ယောက်ထားပြီး ဓာတ်ပုံတွေ တွဲရိုက် တွဲတင်နဲ့ မေမေသူများတွေပြောလို့ အကုန်သိပြီးပြီ သမီး … သမီးရယ် … သမီးရည်းစားက တကယ်လို့သမီးနဲ့ အကြောင်းအမျိုးမျိုးကြောင့်မရခဲ့ဘူး မယူဘူးဆို ရင် … ငါ့သမီးဘဝလေးကို ဘယ်ယောက်ျားလေးက တန်ဖိုးထားမှာလဲ…??? ပြီးတော့မေမေတို့ မျိုးရိုး ဂုဏ်သိက္ခာတွေကိုလည်း ငဲ့ကြည့်ပါဦးသမီးရေ … ခုတော့ … သမီးက ငါ့ရည်းစားလေး ဘယ်လောက်လှတယ် ဘယ်၍လှတယ်နဲ့ ကြွာချင်ပြီး လိုင်းပေါ်တွဲတင်တော့ မေမေတို့ကို ပတ်ဝန်းကျင် က ပြောလာပြီ သမီးရေ မဆုံးမဘူးလား မအုပ်ချုပ်ဘူးလားတဲ့…??? နောက်တစ်ခါ ဖေ့စ်ဘုတ်ပေါ်မှာ ရည်းစားနဲ့ … Read more

မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာလျော့ကျလာပေမယ့် သေဆုံးနှုန်းမြင့်တက်လာရတဲ့ အကြောင်းရင်း

မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာလျော့ကျလာပေမယ့် သေဆုံးနှုန်းမြင့်တက်လာရတဲ့ အကြောင်းရင်း အောက်တိုဘာ ၉ သုံးသပ်ချက် ကိုဗစ် သေနှုန်းက ဘာကြောင့် တက်လာတာလဲ?အဖြေရှာ ဖို့တော့လိုနေပါပြီ ကိုဗစ် သေနှုန်းကို လူနာတွေထိုးတက်လာတဲ့ စက်တင်ဘာ ၂၁ ကနေ ၃၀ အထိ ပြန်ကြည့် တာ တရက်ပျမ်းမျှ ၁၅ယောက်သေပါတယ်။ အောက်တိုဘာ ၁ ကေ န ၉ အထိ ပြန်တွက်တာ တရက်ပျမ်းမျှ ၂၈ ယောက်ခန့်သေပါတယ်။ အသေ များဆုံး နေရာတွေက ၅ အောက်တိုဘာအထိ ဒေတာအရဆို ရန်ကုန်က ၂.၈ ရာနှုန်း၊ မွန်ပြည်နယ်က ၂.၂၈ ရာနှုန်း၊ ပဲခူးက ဝ.၆ ရာနှုန်၊း မန်းလေးက ဝ.၄ ရာနှုန်း၊ ရခိုင်က ဝ.၃ ရာနှုန်း … Read more

ဆန်ဆေးရေနဲ့ ခေါင်းလျှော်ဖြစ်အောင် လျှော်ကြည့်ပါ

ဆန်ဆေးရေနဲ့ ခေါင်းလျှော်ဖြစ်အောင် လျှော်ကြည့်ပါ ဆန်ဆေးရေနဲ့ ခေါင်းလျှော်ကြမယ် ဆန်ဆေးရေ ဆိုတာဟာ ကျွန်တော်တို့ နေ့စဉ်စားတဲ့ဆန်ကို ထမင်းအဖြစ်မချက်ခင်မှာ ရေနဲ့ ဆန်ကို ဆေးရာကနေ ရတဲ့ ရေပါ။ကျွန်တော်တို့ အတော်များများကတော့ ဆန်ဆေးရေကို သွန်ပစ်ကြလေ့ရှိပါတယ်။ သို့သော် ရှေးယခင်ကတည်းက ဆန်ဆေးရေရဲ့ အကျိုးအာနိသင်ကိုသိပြီး ဆန်ဆေးရေကို အလှအပအတွက်သုံးခဲ့တဲ့ လူတွေလည်းရှိပါတယ်။သုတေသနပညာရှင်များရဲ့ အဆိုအရ ဂျပန်နိုင်ငံရဲ့ H e i a n ခေတ် (794 AD – 1185) မှာ ဂျပန်အမျိုးသမီးတွေရဲ့ ဆံပင်အရှည်ဟာ ခေါင်းကနေ ခြေဖျားထိရှိပြီး ဆံသားကလည်းကောင်းတယ်လို့ ဆိုပါတယ်။ အဲ့လိုဆံပင်ရှည်ပြီး ဆံသားကောင်းဖို့ကို ဆန်ဆေးရည်နဲ့ ခေါင်းလျှော်ခဲ့ကြတယ်လို့ သုတေသနပညာရှင်များက ဆိုပါတယ်။အဲ့ခေတ်ကာလက တော်တော်ကြာခဲ့ပြီဆိုတော့ တချို့တွေအနေနဲ့ ယုံချင်မှ ယုံပါလိမ့်မယ်။ ဒါပေမယ့် … Read more