အမျိုးသမီးအင်္ဂါယားယံခြင်းနှင့် ပျောက်ကင်းအောင်ကုသနည်းများ

အမျိုးသမီးအင်္ဂါ ယားယံခြင်းဟာ မှိုရောဂါကြောင့်၊ Trichomonas vaginalis ဆိုတဲ့ ကပ်ပါးပိုးကြောင့်၊ ပဋိဆေးဝါးတွေနဲ့ ဓာတ်မတည့်မှုကြောင့်၊ ဘက်တီးရီးယားကြောင့်၊ ရေယုန်ရောဂါပိုးကြောင့်၊ ဘလိက်ဓားကဲ့သို့သော သန့်ရှင်းရေးကိရိယာနဲ့ မတော်တဆ ခြစ်ရှမိခြင်းကြောင့်၊ ဟိုမုန်းအပြောင်းအလဲကြောင့် ဆိုပြီး ဖြစ်တတ်ပါတယ်။ ဒီအခြေအနေမှာ အမျိုးသမီးတွေက လက်နဲ့ ကုတ်ခြင်း၊ အ၀တ်စတစ်ခုခုနဲ့ ပွတ်ခြင်းတွေ လုပ်တတ်လို့ အဲဒီလို လုပ်မယ့်အစား အောက်ပါနည်းအတိုင်း လိုက်နာကြည့်ဖို့ auntymay မှ တိုက်တွန်းချင်ပါတယ်။ (၁) ရေခဲဖြင့်ပွတ်ပေးပါ အချို့အခြေအနေမှာ ရေဓာတ်ခန်းခြောက်ခြင်းကြောင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရေခဲအိပ်တစ်ခုခုနဲ့ ပွတ်ပေးပါ။ ဆယ်မိနစ်လောက် ကြာရင် သန့်ရှင်းတဲ့ တဘက်တစ်ခုနဲ့ ရေကျက်အေးကို အသုံးပြုကာ သန့ှ်ရှင်းအောင် ဆေးကြောပါ။ (၂) သန့်ရှင်းရေးဆပ်ပြာကိုသာ သီးသန့်သုံးပါ ရေချိုးဆပ်ပြာ၊ အမွှေးအနံ့ပါတဲ့ ဆပ်ပြာတွေ၊ ပေါင်ဒါတွေ၊ … Read more

ဖော့စ်ဘုတ်သုံးနေ တဲ့ မိန်းကလေးများဖတ်ရန် တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ

ဖော့စ်ဘုတ်သုံးနေ တဲ့ မိန်းကလေးများဖတ်ရန် တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ fbသုံးနေ တဲ့မိန်းကလေးများ ဖတ်ရန်ဖြစ်ရပ်မှန်ကို အနည်းငယ်သာပြောင်း၍ရေးပါသည် …. ။ တစ်နေ့ရုပ်ဖြောင့်ဖြောင့် လူလတ်ပိုင်းဓာတ်ပုံတင်ထားတဲ့ အကောင့်တစ်ခု မက်ဆင်ဂျာကနေညီမလေး အစ်ကိုစကားနည်းနည်း ပြောချင်လို့ ရလား “ဆိုပြီးစာဝင်လာတယ်။ အကူအညီတစ်ခုတောင်းချင်လို့ပါတဲ့ဟုတ်ကဲ့ လို့ရေးမိလိုက်တာနဲ့ဗွီဒီယိုကော ခေါ်တာခံလိုက်ရတယ်။ရုပ်ဖြောင့်သလောက် အပြော ကောင်းလွန်းလှတဲ့သူ့ စကားတွေကြားမှာဖုန်းကို ပိတ်မပစ်ရက်အောင် ဖြစ်ခဲ့ရပါတယ်။ ”အပျိုလား” ဆိုတဲ့သူ့စကားကကျမကို နည်းနည်း တုန်လှုပ်စေခဲ့တယ်။ခနလောက်ငိုင်နေပြီးမှကျမယောင်္ကျားနဲ့ ကျမ အတူတူတွဲရိုက်ထားတဲ့ ဓာတ်ပုံလေး တစ်ပုံ ပို့ပေးလိုက်တယ် ။ “ညီမတို့ ချစ်သူတွေလား “ဆိုတဲ့ မေးခွန်းလေးက ကျမကို ကြည်နူးသွားစေပါတယ်ဘေးနားမှာ အိပ်ပျော်နေရှာတဲ့သားလေးကိုမလုံမလဲ ကြည့်လိုက်မိတယ်ကျမယောကျား လူရိုးကြီးကတော့ယာတောကပြန်မလာသေးပါဘူး ကျမ ထင်လိုက်တာကတစ်ခါတည်းနားအေးအောင်ဆိုပြီး အမှန်ကိုချပြလိုက်တာမှ ပိုဆိုးသွားပါတယ် တိုတိုနဲ့လိုရင်းကိုပြောရရင်ကျမ တို့ နေ့တိုင်းဖုန်းပြောဖြစ်ခဲ့ပါတယ်။သူ့ဖုန်းမလာရင်ကျမကစခေါ်တတ်နေပါပြီကျမယောက်ျား လူရိုးကြီးကတောဘာမှမသိရှာပါဘူး။ သူ့ကတော့ … Read more

သူနဲ့ ကိုယ် မြဲမမြဲဆိုတာ ဒီအချက်လေးတွေက ပြောပြပေးနိုင်တာ

ဖူးစာပါလို့ ဆုံဆည်းလာကြရတဲ့ ချစ်သူနှစ်ဦး ဘယ်သူမဆို သူ့ဘက်ကိုယ့်ဘက် သစ္စာမဖောက်၊ ယုံကြည်မှုရှိရှိ နားလည်မှုအပြည့်နဲ့ ဘ၀ကို ဖြတ်သန်းချင်ကြမှာပါ။ တစ်ချို့အရာတွေက ကံတရားက ကြားဝင်ဖြတ်လို့ ပြတ်သွားတတ်တာမျိုး ချွင်းချက်ထားပြီး ကိုယ့်ချစ်သူဟာ ကိုယ်နဲ့တစ်သက်မခွဲပဲ မြဲမလားဆိုတာ သိချင်တတ်ကြပါတယ်။ ဒီတော့ ချစ်သူနှစ်ဦး မြဲမမြဲ ဒီအခြေခံကျတဲ့ အချက်လေးတွေကို ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။ ၁။တစ်ဦးနဲ့တစ်ဦး ဒီချစ်ခြင်းမေတ္တာအတွက် ကျေးဇူးတင်စကားဆိုဖြစ်တယ်။ ကိုယ့်ဘေးမှာ အမြဲရှိပေးတဲ့အတွက်၊ ကိုယ့်ကိုနားလည်ပေးတဲ့အတွက် ကျေးဇူးတင်တယ် ဆိုတဲ့အကြောင်း သူ့ကိုရင်ထဲက လှိုက်လှိုက်လှဲလှဲကို ပြောဖြစ်တယ်။ ချစ်တယ်ဆိုတဲ့ စကားကိုလည်း နေ့တိုင်း တစ်ခါနှစ်ခါမက ပြောဖြစ်တယ်ဆိုရင် ဒီအတွဲဟာ မြဲဖို့သေချာပါပြီ။ ၂။ချစ်သူကောင်လေးဟာ ကျန်းမာတယ်။ အတွဲတစ်တွဲမှာ ချစ်သူကောင်လေးက ကျန်းမာရေးကောင်းတယ်။ ကျန်းမာရေး လိုက်စားတဲ့သူ တစ်ယောက်ဆိုရင် သင်တို့အချစ်ရေးဟာ သာယာစိုပြေမှာပါ။ ကိုယ့်ရည်းစားက … Read more

ချစ်သူ ရင်တုန်သွားစေမည့် အနမ်း (၁၀) မျိုး

အောက်ပါ အနမ်း (၁၀)မျိုးထဲက ကျနော့်ချစ်သူကို မေးကြည့်တယ်။ ဘယ်ဟာပိုကြိုက်သလဲလို့။ သူကတော့ တစ်မျိုးစီ ကြိုက်တာချည်းပါပဲ တဲ့။ အဲဒါကြောင့် လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျား/မ မရွေးစားသုံးနိုင်ပါ စေကြောင်း ရည်စူးပြီး တင်ပြလိုက်ပါတယ်။ (၁) ရေတံခွန်အနမ်း ချစ်သူနဲ့တွေ့တဲ့အခါ တောင်အမြင့်ပေါ်က စီးကျလာတဲ့ ရေတံခွန်လို ချစ်သူ့ကိုယ်လုံးလေးကို ခပ်ကြမ်းကြမ်း ပွေ့ဖက်ထားပြီး အားပါးတရ တရစပ် နမ်းခြင်း။ (၂) ရွှင်ပျော်ပျော်အနမ်း ချစ်သူ့ကိုယ်ပေါ်မှာရှိတဲ့ ယားတတ်တဲ့ နေရာတွေကို လက်ချောင်းလေးတွေနဲ့ တို့ဆိပ်ရင်း ရယ်ရွှင်လာ အောင်လုပ်ပြီးမှ နမ်းခြင်း၊ (၃) ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀အနမ်း ချစ်သူရဲ့နှုတ်ခမ်းကို ငုံစုပ်ပြီး မနမ်းပဲ အပေါ်ယံနှုတ်ခမ်းသားလေးတွေအပေါ် လျှာဖျားလေးနဲ့ တို့ထိကလိ ပေးလျှက် နမ်းခြင်း၊ (၄) စွမ်းအင်ပြည့်အနမ်း နှုတ်ခမ်းကို လုံးဝမထိမိစေပဲ ချစ်သူ့တစ်ကိုယ်လုံးကို … Read more

“မိမိ ဒီနှစ်​ဘာလို့ အဆင်​မ​ပြေလဲ” – ယုံကြည်သူများအတွက် တွက်ကြည့်လို့ရတဲ့နည်းလေးပါ

မိမိ ဒီနှစ်​ဘာလို့ အဆင်​မ​ပြေလဲ… ဒါ​လေး​တွေ သိထားပါ ​မိမိ ဒီနှစ်​ဘာလို့ အဆင်​မ​ပြေလဲ ဘာလို့အဆင်​​ပြေလဲ အကျယ်​တဝင့်​​လေးရှင်းပြ​ပေးမယ်​… မိမိအသက်​ကို ၅နဲ့​မြောက်​ ရ​သောကိန်းကို ၇နဲ့စားပါ အကြွင်းကိုကြည့်​ပါ… ၁ = ဘုန်းပစိုး နတ်​ဖမ်းခြင်း, ၂ = စုန်း က​ဝေ ​အောက်​လမ်း, ၃ = နတ်​ခိုက်​ နာမ်​ခိုက်​, ၄ = လူပြုစား, ၅ = ဂြိုလ်​စီး ဂြိုလ်​နှင်း, ၆ = ဝိဘတ်​ အတိတ်​ကံ, ၇ = ကံကုန်​ ​နေ့​စေ့ #၁ကြွင်းရင်​ ဘုန်းကစိုးနတ်​ဖမ်းစား အများဆုံး က​လေး​တွေအဖြစ်​များတယ်​ မိတ်​​ဆွေတို့အိမ်​မှာ ခ​လေးနာမကျန်းဖြစ်​ရင်​ ခ​လေးအသက်​ကိုတွက်​ကြည့်​​သော်​လဲ ၁ကြွင်းရင်​ ဘုန်းကစိုးဖမ်းစား၏ #၂ကြွင်းရင်​ စုန်း က​ဝေ … Read more

သင့်ကို သူလုံးဝမချစ်တော့ဘူးဆိုတာ သက်သေပြနေတဲ့ အပြုအမူ (၅) ခု

လူ့စိတ်ဆိုတာ ခန့်မှန်းရခက်သလိုပဲ အပြောင်းလဲလည်း လွယ်တတ်ပါတယ်။ အထူးသဖြင့် အချစ်စိတ်တွေမှာပေါ့။ လူတစ်ယောက်နဲ့တစ်ယောက် ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းမေတ္တာတရားတွေဟာ ဆန်းကျယ်သလိုပဲ အဲဒီချစ်ခြင်းတရားတွေ ပျောက်ကင်းသွားဖို့ဆိုတာလည်း သိပ်လွယ်ကူလှပါတယ်။ ဒါဆိုရင် သင့်ချစ်သူဟာ သင့်အပေါ်မှာ အချစ်စိတ်တွေ ကုန်ခမ်းနေပြီလားဆိုတာ ဒီအချက် ၅ ချက်နဲ့ စမ်းစစ်ကြည့်လိုက်ရအောင်။ (၁) အားမထုတ်တော့ဘူး သင်တို့နှစ်ယောက်ကြားမှာ ပြဿနာဖြစ်လာတာပဲဖြစ်ဖြစ် အရင်လို ပြန်အဆင်ပြေအောင် ငြှိနှိုင်းတော့မှာမဟုတ်ဘဲ ဒီတိုင်း ပစ်ထားပါလိမ့်မယ်။ ဒါမှမဟုတ် သင်နဲ့အတူတူရှိနေဖို့အတွက် ဘယ်လိုအားထုတ်မှုမျိုးကိုမှ မလုပ်တော့ပါဘူး။ အရမ်းသိသလာပါလိမ့်မယ်။ (၂) ရင်ဘတ်ချင်းမရင်းနှီးကြတော့ဘူး သင်နဲ့သူနဲ့ အရင်တုန်းက ပုံမှန်လေးတွေ့မယ်၊ သူနဲ့ကိုယ်နဲ့ စကားလုံးတွေနဲ့ မဖော်ပြဘဲနဲ့ မျက်လုံးအကြည့်နဲ့တောင်မှပဲ ဘာပြောသလဲ နားလည်နေမယ်ပေါ့လေ။ ဒါပေမဲ့လည်း အခုနောက်ပိုင်း အဲလိုတွေ မရှိတော့ပါဘူး။ အမြဲတမ်း ဘုနဲ့ဘောက်ပြောနေမယ်၊ စိတ်သဘောထားချင်းတွေ လွဲနေမယ်ဆိုရင် … Read more

အိမ်မှာထားရင် အိမ်ကိုခိုက်တက်ပြီး အိမ်သားတွေကံဆိုးစေလို့ မထားသင့်တဲ့ ပစ္စည်းများ

အိမ်မှာထားရင် အိမ်ကိုခိုက်တက်ပြီး အိမ်သားတွေကံဆိုးစေလို့ မထားသင့်တဲ့ ပစ္စည်းများ မသိသေးရင် ဖတ်ထားသင့်တယ်နော် သင့်အိမ်ထဲကိုယူလာတဲ့ ပစ္စည်းတွေက သင့်အတွက်ကံဆိုးခြင်းတွေဖြစ်စေနိုင်တယ်ဆိုတာ သင်အမြဲတမ်းသတိထားသင့်ပါတယ်။ တချို့သောပစ္စည်းတွေက အိမ်ထဲကိုကံဆိုးခြင်းတွေယူလာနိုင်ပြီး အိမ်သားတွေကို သေဆုံးစေတဲ့အထိခိုက်တတ်ပါတယ်။ အခုဖော်ပြမယ့်အရာတွေက သင့်အိမ်မှာသိမ်းမထားသင့်တဲ့ ကံဆိုးစေတဲ့အရာတွေမို့လို့ ဒါတွေကို အမြန်ဆုံးရှင်းလင်းပစ်သင့်ပါတယ်။ (၁) ကျိုးပဲ့နေတဲ့နာရီနဲ့ မှန်အကွဲများ အိမ်အတွင်းမှာ ကျိုးပဲ့နေတဲ့နာရီနဲ့ အက်ရာထင်နေတဲ့မှန်၊ မှန်အကွဲတွေမထားသင့်ပါဘူး။ ဒီလိုကျိုးပဲ့ကွဲအက်နေတဲ့အရာတွေအိမ်ထဲမှာ ရှိနေတဲ့အခါ သင့်ရဲ့ဘဝမှာအဆင်မပြေမှုတွေကို ပိုပြီးကြုံရတတ်ပါတယ်။ (၂) ပိုးစုန်းကြူး ပိုးစုန်းကြူးလေးတွေက ချစ်စရာလေးတွေမို့ ဖမ်းပြီးဖန်ဗူးလေးတွေထဲထည့်ထားတာမျိုး မလုပ်မိပါစေနဲ့။ ပိုးစုန်းကြူးလေးတွေကို ဖန်ဗူးထဲထည့်ပြီးအိမ်ထဲထားထားခြင်းက သင့်ကိုကံဆိုးစေနိုင်ပါတယ်။ (၃) ပန်းအခြောက်များ အိမ်ထဲမှာ အလှထားတဲ့ပန်းအိုးတွေထဲက ပန်းတွေညှိုးသွားတဲ့အခါ ချက်ချင်းပန်းအသစ်လဲပေးပါ။ ပန်းအညိုးတွေကို မလဲပစ်ဘဲထားထားခြင်းက သင်နဲ့သင့်အိမ်သားတွေဆီကံဆိုးခြင်းတွေဖြစ်လာစေပါတယ်။ (၄) အိမ်ထဲမှာထီးကိုဖွင့်ပြီးထားခြင်း မိုးရွာထဲကနေအိမ်ပြန်ရောက်လာတဲ့အခါ ထီးကိုအိမ်အပြင်ဖက်မှာ၊ ဝရန်တာမှာဖွင့်ပြီးအခြောက်ခံပါ။ ထီးကိုအိမ်ထဲမှာဖွင့်ပြီးထားထားခြင်းက … Read more

ဆန်ဆေးရည်ကို အသုံးပြုပြီး ဆံပင်ပိုရှည်လာအောင် ပြုလုပ်တဲ့နည်း

ဆန်ဆေးရည်ကို အသုံးပြုပြီး ဆံပင်ပိုရှည်လာအောင် ပြုလုပ်တဲ့နည်း ပျိုမေတို့အားလုံးမင်္ဂလာပါ။ ဆံပင်အရှည်ကြီးက ကိုယ့်ကို ပိုမိန်းကလေးဆန်စေပြီး ပိုလှစေပါတယ်။ သင်က နဂို ရှည်တဲ့နှုန်းထက် ဆံပင်ကို ပိုရှည်စေချင်တယ်ဆိုရင်တော့ ဆန်ဆေးရည်အကူအညီကို ရယူနိုင်ပါတယ်။ ဆန်ဆေးရည်နဲ့ ဆံပင်ရှည်အောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းကတော့ ဒီလိုပါ။ ဆန်မှာ ကာဗိုဟိုက်ဒရိုက်၊ သတ္တုဓာတ်နဲ့ ဗီတာမင်ဓာတ်များစွာပါဝင်ပါတယ်။ ဒီနည်းလမ်းမှာ ဆန်အပြင် ဆန်ဆေးရည်ထည့်ဖို့ ဗူးနဲ့ Spray ဗူးတစ်ဘူးကိုပါ လိုအပ်ပါတယ်။ လိုအပ်တဲ့ဆန်ပမာဏထဲကို ရေထည့်ပေးရပါမယ်။ ပထမတစ်ခါ ဆန်ထဲက အညစ်အကြေးတွေကို ဖယ်ပြီး မှောက်ချရပါမယ်။ ဒုတိယတစ်ခါ ဆန်ဆေးရည်ကိုယူပြီး ဗူးထဲ ထည့်ပေးရပါမယ်။ ဒီဗူးကို Shake ပြီး တစ်နာရီထားပေးရပါမယ်။ ပြီးနောက် ဒီအရည်ကို Spray ဗူးထဲ ပြောင်းထည့်ပေးရပါမယ်။ Spray ဗူးနဲ့ ဆံပင်အရင်းအဖျားတွေဆီ … Read more