ချုံမြင်တိုင်း တိုးချင်နေကြတဲ့ ချစ်သူစုံ တွဲများအချိန်ခဏပေးပြီးဖတ်ကြည့်ပေးပါ

ချူံမြင်တိုင်း တိုးချင် နေကြတဲ့ ချစ်သူ စုံတွဲများ ဖတ်ကြည့်ပေးပါ သူတို့ဖတ်ရအောင် ရှဲပေး လိုက်ကြပါ မောင်တို့ .. မယ်တို့ .. အနေနဲ့ လူငယ် သဘာဝ ချိန်းဆို တွေ့ဆုံခွင့် အပြည့်အဝ ကိုယ်စီ ရှိပါတယ်။ ဒါပေမဲ့ ကိုယ်ချစ်ရတဲ့ သူကို လူသူ အသွားအလာ ပြတ်တဲ့ ချုံကြို ချုံကြား နေရာတွေမှာ ခေါ်မသွား သင့်ဘူး။ ချုံတိုးပြီး ချိန်းတွေ့တဲ့ စုံတွဲ အချစ်က ချုံတိုး စုံတွဲအချစ်ဘဲ ဖြစ်မယ်။ ကိုယ့်ချစ်သူကို ကိုယ်တန်းဖိုးထား မြတ်နိုးရာ မရောက်ဘူး။ အချစ်အကြောင်းကို စဉ်းစား လာကြပြီ ဆိုရင် လူကြီးလူကောင်း ဆန်ဆန် အိနြေ္ဒရရ ချိန်းတွေ့ ကြပါ။ ရပါ၏။ နောက်ပြီး မောင်တို့ … Read more

စနေသားသမီးတွေရဲ့ အားသာချက်များ…

စနေသားသမီးတွေဟာ များသော အားဖြင့် စိတ်သဘော ထားပြည်ဝကြတယ်….စိတ်ထားကောင်းကြတယ်…သင်ဟာစနေသားသမီးနဲ့ ချစ်သူဖြစ်နေပီ ဆိုရင် ဂုဏ်ယူလိုက်ပါတော့ သူတို့ကိုလက်လွှတ်ဆုံးရှုံးမခံပါနဲ့…စနေသားသမီးတွေက သူ့ရဲ့ချစ်သူကိုပျော်ရွှင်အောင်ထားကြတယ်… သူ့ချစ်သူကို စိတ်ညစ် စေမယ့် အပြုအမူမျိုးကို လုပ်လေ့ မရှိဘူး။ တကယ်လို့ သူ့ချစ်သူက အကြောင်း တစ်ခုခုကြောင့် စိတ်ညစ် နေရင်လည်း ပျော်ရွှင် လာအောင် လုပ်ပေး တတ်ကြတယ်…. ဒါကလည်းသူတို့ရဲ့ဗီဇလို့ပြောရမှာပေါ့….စနေသားသမီးတွေက နည်းနည်းတော့ စိတ်ကြီးကြတယ်….သူတို့ကို မဟုတ်တာ ပြောရင် မကြိုက် ကြဘူး…..စတာပဲ ဖြစ်ဖြစ် အတည် ပြောတာပဲ ဖြစ်ဖြစ် မကြိုက်ကြဘူး…. ဒါပေမယ့် စိတ်တိုတဲ့ အချိန် ကလည်း နာရီဝက်တောင် မကြာဘူး….စနေသားသမီး တွေက အချစ်ကြီးကြတယ်…..လူတစ်ယောက်ကို ချစ်ပီဆိုရင် သူ့ရဲ့ ပစ္စုပ္ပန်ကို မကြည့်ဘူး…. ရူးရူးမူးမူး စွဲစွဲလန်းလန်း ချစ်တတ် ကြတယ်….. … Read more

မိန်းကလေးများအတွက် ချစ်သူကောင်လေးရဲ့ သဲသဲလှုပ် အချစ်ခံရစေမယ့် နည်းလမ်း ( ၅ )ချက်

မိန်းကလေးများအတွက် ချစ်သူရဲ့ သည်းသည်းလှုပ် အချစ်ကိုခံရတာလောက် ကြည်နူးစရာကောင်းတဲ့အရာ မရှိတော့ပါဘူး။ ဒါပေမယ့် အဲလိုအချစ်ခံရဖို့ လိုက်လုပ်ရမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ ဘာတွေလဲဆိုတာ ဖော်ပြပေးမယ်နော်။ (၁) ချွဲပါ အမြဲတမ်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်ချစ်သူ စိတ်ကြည်နေတဲ့အချိန်တွေမှာ ချွဲပေးပါ။ အိုဗာကြီးတော့ မဖြစ်စေနဲ့ပေါ့နော်။ ဥပမာ ကိုယ်လုပ်နိုင်တဲ့ အသေးအဖွဲလေးတွေကို သူ့ကို လုပ်ခိုင်းတာတို့၊ ကလေးလေးလို ပြုမူပြတာတို့၊ ရုပ်ပြောင်ပြတာတို့၊ သူ့ကို ပွတ်သီးပွတ်သပ် လုပ်ပေးတာမျိုးတွေ လုပ်ပေးပါ။ ဒါဆိုရင်တော့ သင့်ကို ကလေးလေးတစ်ယောက်လို မြင်ပြီး စိတ်ကြည်နေတဲ့အချိန်လည်းဖြစ်တော့ အချစ်တွေ ပိုတိုးလာမှာဖြစ်ပါတယ်။ (၂) သူ့ကို ကြင်နာပြပါ ယောက်ျားလေးတွေက အသည်းမာတဲ့ အသွင်ဆောင်ပေမယ့် တကယ်တမ်းတော့ သူတို့ဟာ အရမ်းကို စိတ်ပျော့ကြပါတယ်။ အချော့ကြိုက်တာ၊ ကြင်နာတာကို ကြိုက်တာ … Read more

အင်္ဂါသားသမီးတွေရဲ့ အချစ်ရေးနဲ့ ပတ်သက်လို့ လူသိနည်းတဲ့ အချက်များ

“အင်္ဂါသားသမီးတွေရဲ့ အချစ်ရေးနဲ့ ပတ်သက်လို့ လူသိနည်းတဲ့ အချက်များ..” စွမ်းအားကြီးမားပြီး စိန်ခေါ်မှုတွေကို နှစ်သက်တဲ့ အင်္ဂါသား၊ သမီးတွေဟာ အခက်အခဲတွေနဲ့တွေ့ရင် အရှုံးမပေးဘဲ ရင်ဆိုင်ဖြေရှင်းနိုင်တဲ့သူ၊ မိသားစုအတွက် ရှေ့ကနေ မားမားမတ်မတ် ကာကွယ်မယ့်သူတွေ ဖြစ်ပါတယ်။ အလုပ်အကိုင်၊ စီးပွားရေးနဲ့ ပတ်သက်လာရင်လည်း ကောင်းကောင်း ကိုင်တွယ်နိုင်ပြီး အောင်မြင်အောင် စွမ်းဆောင်နိုင်စွမ်းရှိကြတဲ့ အင်္ဂါ သား၊ သမီးလေးတွေရဲ့ အချစ်ရေးနဲ့ ပတ်သက်သမျှကို ဖော်ပြပေးလိုက်ပါတယ်။ ရင်ထဲက ခံစားချက်တွေကို လွယ်လွယ်နဲ့ဖွင့်ဟလေ့ မရှိတာကြောင့် အချစ်ရေးမှာ အထီးကျန်တဲ့ ခံစားချက်မျိုး အမြဲဖြစ်နေတတ်ပါတယ်။ ကိုယ်ချစ်တဲ့သူကို စကားလုံးတွေနဲ့ နာကျင်အောင်ပြောဆိုတတ်တဲ့ အကျင့်ဆိုးရှိပြီး အဲ့ဒီအကျင့်ကြောင့် တကယ်ချစ်တာ မဟုတ်ဘူးလို့ သတ်မှတ်ခံရတတ်ပါတယ်။ ရိုမန်းတစ် မဆန်တတ်ဘဲ တဲ့တိုးပြောတတ်တဲ့ သူတွေ၊ ချစ်တာကို အပြောနဲ့မဟုတ်ဘဲ လုပ်ရပ်နဲ့ သက်သေ … Read more

ကောင်လေးတွေ တကယ်ချစ်လာတဲ့အခါ ချစ်သူကောင်မလေးကို မေးတတ်တဲ့ မေးခွန်းလေးတွေ

ကိုယ်ခုလက်ရှိတွဲနေတဲ့ ကောင်လေးက အခုဖော်ပြပေးမယ့် မေးခွန်းလေးတွေ မေးဖူးတယ် ဆိုရင်တော့ သင့်ကိုဘဝလက်တွဲဖော်အဖြစ် သတ်မှတ်ထားလို့ပါပဲ။ ကောင်လေးတွေ အနေနဲ့လည်း ကိုယ့်ရဲ့ ဘဝလက်တွဲဖော် ချစ်သူ မိန်းကလေးကို ဒီလိုမေးခွန်းလေးတွေ မေးထားသင့် ပါတယ်။ (၁) တွဲလာတဲ့တစ်လျှောက်လုံးဘာခံစားမိလဲ ကောင်လေးအများစု မေးတတ်တဲ့ မေးခွန်းမျိုးပါပဲ။ အထူးသဖြင့် သင့်ကို လက်တွဲဖော်အဖြစ် သတ်မှတ်ထားသူက လေးလေးနက်နက်မေးတတ်ပါတယ်။ သင်နဲ့ချစ်သူရည်းစားဖြစ်တဲ့ ကာလတစ်လျှောက်လုံး အချစ်ကို ဘယ်လိုခံစားမိလဲ ဆိုတာကို sharing လုပ်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ ချစ်သူအဖြစ် တွဲလာတဲ့ ကာလအတွင်းမှာ သူ့ကြောင့် အချစ်ကို ဘယ်လို ခံစားမိတယ်၊ ပျော်ရွှင်ရတာများလား၊ ပြဿနာတွေများခဲ့လားဆိုတာကို သုံးသပ်ပြီး အမှားများကို ပြင်ဆင်ဖို့ အသင့်ရှိနေသူတွေက ဒီလိုမေးခွန်းမျိုး မေးတတ်ပါတယ်။ ဒါက သင့်ကို တကယ်ချစ်လို့သာ မေးတာပါ။ (၂) … Read more

အပြောအဆိုတွေက ထမိန် ထဲကမထွက်ပဲ ရိုင်းတာကို ဂေါ်တယ်ထင်နေကြတဲ့ မိန်းကလေးငယ် တချို့ သိဖို့

အပြောအဆိုတွေက ထမိန် ထဲကမထွက်ပဲ ရိုင်းတာကို ဂေါ်တယ်ထင်နေကြတဲ့ မိန်းကလေးငယ် တချို့ သိဖို့ ခုခေတ် ၁၅ ၁၆ မိန်းကလေးတချို့ ရိုင်းတာကို ဂေါ်တယ်ထင်နေကြတယ်…အပြောအဆိုတွေက ထမိန် ထဲကမထွက်ဘူး… ကိုယ့်နှုတ်ထွက်စကား ညစ်ညမ်းမှအထာကျတယ်ထင်နေကြတယ်အင်္ဂလိပ်စကား ညှပ်သုံးရင်တောင် What the Fuck နဲ့ Fuck You Bitch ပဲပြောတယ်…. ကိုယ့်ကိုယ်ကို တောင် တန်ဖိုးမထားတာ ဘယ်ယောက်ျားကမှလဲ ကိုယ့်ကိုတန်ဖိုးထားမှာမဟုတ်ဘူး… ! အနား အားပေးတဲ့သူ ရှိကောင်းရှိလိမ့်မယ်… ဝိုင်းပြီးပင့်ပေးနေတဲ့သူရှိကောင်းရှိလိမ့်မယ်.. ကိုယ်ပေါင်းတဲ့တခြားသူတွေကလဲ အဲ့လို အသုံးအနှုန်းလောက် ကိုအရမ်းဂေါ်တယ်လို့တလွဲတွေးနေတဲ့သူတွေ ဖြစ်လိမ့်မယ်… ဒီလို အောက်လုံးတွေ ပြောနေတဲ့ မိန်းကလေးက အလွယ်ရမယ်ဆိုတာ ယောက်ျားတိုင်း သိတယ်..ဘာရရ စားမယ် ဆိုတဲ့ကောင်တွေလောက်ပဲ ရလိမ့်မယ် ဒါကို ဆရာကျတယ် ထင်ရင် … Read more

နတ်ဖွက်တာ(၁၀)ရက်ကြာမှရွာပြန် ရောက်လာ တဲ့မိန်းကလေးနှစ်ဦး

နတ်ဖွက်တာ(၁၀)ရက်ကြာမှရွာပြန် ရောက်လာ တဲ့မိန်းကလေးနှစ်ဦး တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် လုံတောက်ကျေးရွာက အသက် (၁၆)နှစ်အရွယ် လွေးလဲ့လဲ့ဦးနဲ့ လွေးယဉ်ယဉ်ထွေးတို့ ၂ ဦးဟာ ဒီဇင်ဘာလ ၆ ရက် မနက် ၅ နာရီမှာ ကျေးရွာရှိ နေအိမ်ကို ပြန်လည်ရောက်ရှိလာတယ်လို့ သိရပါတယ်။ဒီနေ့ ဒီဇင်ဘာ ၉ ရက် မနက်မှာ လွေးလဲ့လဲ့ဦးနဲ့ လွေးယဉ်ယဉ်ထွေးတို့ ၂ ဦးရဲ့နေအိမ်သို့ ရပ်ရွာလူကြီးတွေကို ခေါ်ပြီး အလှူတွေ လုပ်ပေးခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။ လုံတောက်ကျေးရွာခံတစ်ဦးဖြစ်တဲ့ ကိုဘဆွေက “သူတို့ ဗေဒင်ဆရာတွေကို အကူညီတောင်းပြီး အိမ်မှာ ခေါ်ထားလိုက်တယ်။ သူတို့နှစ်ယောက်လည်း ဟိုဘက်(ပျောက်တဲ့နေရာ)ပြန်သွားရမယ်လို့ ခဏခဏပြောတယ်။ မိဘတွေလည်း စိုးရိမ်ပြီးတော့ ဗေဒင်ဆရာတွေကို ခေါ်ထားလိုက်တာ” လို့ ပြောပါတယ်။လွေးလဲ့လဲ့ဦးနဲ့ လွေးယဉ်ယဉ်ထွေးတို့ဟာ အိမ်ပြန်ရောက်တာနဲ့ နတ်တွေ … Read more

အဘမင်းသိင်္ခ ရဲ့ “ထီပေါက်ချင်သူတို့အတွက် ထီလမ်းညွှန်”

အဘမင်းသိင်္ခ ရဲ့ “ထီပေါက်ချင်သူတို့အတွက် ထီလမ်းညွှန်” ထီေ ပါက်ချင်သူတို့အတွက် ထီလမ်းညွှန်” မိတ်ဆွေတွေက ထီပေါက်ဖို့ ကံ ပါမပါ မေးလေ့ရှိကြပါတယ်။ အဘမင်းသိင်္ခ ပြောသွားဖူးတာကတော့ ထီမထိုးတဲ့သူ ပေါက်ဖို့ကံ မရှိသလောက်ပဲတဲ့။ ထီထိုးထားရင်တော့ ပေါက်ဖို့ကံ တစ်ဝက်တော့ရှိနေပြီတဲ့။ အဲဒီတော့ ထီပေါက်ကိန်းရှိဖို့အတွက်ဆိုရင် ထီထိုးဖို့ကတော့ လိုကို လိုအပ်ပြီပေါ့ခင်ဗျာ …။ ထီထိုးတဲ့သူတွေထဲမှာမှ ကံထူးတဲ့ သူက ထီပေါက်မှာပေါ့ …။ ကံထူးခြင်းမထူးခြင်းက ဒုတိယကိစ္စ၊ ထီထိုးလိုက်ဖို့ကတော့ ကိုယ့်ကိစ္စ ဖြစ်ပါတယ်။ အဲဒါကြောင့်… ဒီတစ်ပတ်အတွင်းမှာ ထီထိုးချင်ကြသော မိတ်ဆွေများအတွက် ဟောဒီလိုလေးလမ်းညွှန်လိုက်ပါတယ်ခင်ဗျာ။ တနင်္ဂနွေသားသမီးများ ထီထိုးမယ်ဆိုရင် – ရွှေဆိုင်အနီး၊ လက်ဖက်ရည်ဆိုင်အနီး၊ ကားဂိတ်အနီးနားက ထီဆိုင်တွေမှာ ၁-၂-၄-၆ ဂဏန်းပါတဲ့ထီကိုထိုးသင့်ပါတယ်။ ပြီးတော့ မြတ်စွာဘုရားမှာ ခရေ ၆ ညွန့် … Read more

တစ်ယောက်တည်း အချိန်ပေးနေကြည့်ခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးများ

လူတွေက တစ်ယောက်တည်း အထီးကျန်ရမှာကို တော်တော်လေး ကြောက်တတ်ကြပါတယ်။ ဒါပေမယ့်လို့ လူတွေဟာ ကိုယ်ကိုယ်တိုင်အတွက် အချိန်ပေးတဲ့ အနေနဲ့ တစ်ယောက်တည်းလည်း နေထိုင်ဖို့ အချိန်ပေးသင့်ပါတယ်နော်။ ကိုယ့်ကိုယ်ကို တစ်ယောက်တည်း နေထိုင်ကြည့်တဲ့အခါမှာ ဒီလို အကျိုးကျေးဇူးတွေကို ရရှိလာစေမှာပဲ ဖြစ်ပါတယ်။ ကိုယ့်အကြောင်းကို ပိုသိလာမယ် ဘယ်သူမှာမရှိတဲ့ တိတ်ဆိတ်တဲ့ နေရာမျိုးမှာ တစ်ယောက်တည်း အေးအေးဆေးဆေး အချိန်ကုန်ကြည့်တဲ့အခါ ကိုယ့်ပြောချင်တဲ့ ကိုယ့်ရဲ့ အသံတွေကို ပိုအာရုံစိုက်မိလာပါတယ်။ နောက်ပြီး ကိုယ်ဘယ်သူဆိုတာကို ပိုသိလာပြီး လူတော်တော်များများ မသိနိုင်တဲ့ ကိုယ်ဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာကို အဖြေရှာဖွေတွေ့ရှိ လာတတ်ပါတယ်။ လူတွေက ကိုယ့်ကိုယ်ကို သိပ်သိတယ်လို့ ထင်ထားပေမယ့် လူတွေနားမလည်နိုင်ဆုံးက ကိုယ်ကိုယ်တိုင်ပဲ ဖြစ်နေတတ်လို့ ကိုယ့်အတွက် သီးသန့်အချိန်လေး ပေးဖို့ လိုအပ်တာပါ။ ဖန်တီးနိုင်မှုစွမ်းအား ပိုမြှင့်လာမယ် လူတစ်ယောက်နဲ့ … Read more

ခုတလော အွန်လိုင်းပေါ် မှာ အရမ်းကို နာမည်ကြီး နေတဲ့ မောင်းဆိုင်းသမား ကလေးငယ်ရဲ့ (ရုပ်သံဖိုင်)

ခုတလော အွန်လိုင်းပေါ် မှာ အရမ်းကို နာမည်ကြီး နေတဲ့ မောင်းဆိုင်းသမား ကလေးငယ်ရဲ့ (ရုပ်သံဖိုင်) Vedioအောက်ဆုံးတွင်ပါဝင်သည်။ ဗွီယိုဖိုင်လေးဟာဆိုရင်လည်း ကြည့်ရှု့သူဦးရေ 5 သိန်းကျော်သွာခဲ့ပီဖြစ်ပါတယ်။ တောရွာတစ်ရွာ ကပွဲတစ်ပွဲမှာ ဖျော်ဖြေဧည့်ခံနေတဲ့ရွာဒိုးဝိုင်းလေး တစ်ခုဖြစ်ပါတယ်။ ထူးခြားတာကအခြားသော တီးမှုတ်သူတို့မှာလူကြီးများဖြစ်ပီး မောင်းဆိုင်းတီးခတ်သူမှာတော့ 6 7 နှစ်လောက်သာရှိသေးမယ့် ကလေးငယ်လေးဖြစ်နေတာဖြစ်ပါတယ်။ဒီလိုအရွယ်လေးက လူကြီးတွေနဲ့ရင်ပေါင်တန်းပီး စည်းဝါးကျကျ မောင်းဆိုင်းကို တီးခတ်ပြသွားတာ တစ်ကယ်တော် လွန်းပါတယ်။ ကိုယ်တွေဆို သံစဉ်ကိုလိုက်တီးဖို့ စည်းဝါးကိုက်အောင်တီးနိုင်ဖို့ ဆိုတာထားအုံး မောင်းပေါ်ကဘုလေးတွေကို မြန်မြန်ဆန်ဆန်မလွဲမချော် ဖြစ်အောင် မတီးနိုင်ပါဘူး။ဆိုလိုချင် တာကမောင်းဆိုင်းပညာဆိုတာ အမြင်လွယ်သလောက်အရမ်းခက်ခဲတယ် ဆိုတာကိုပါ။ အခုတော့ကလေးတစ်ယောက်က ပေါ့ပေါ့ ပါးပါးနဲ့အမှားမပါ ကျွမ်းကျင်စွာတီးခတ်ပြသွားတာ နည်းတဲ့စကေးမဟုတ်ပါဘူး။ ဒီလို မြန်မာ့ရိုးရာ ဂီတတွေကို မျိုးဆက်သစ်လူငယ်လေးတွေ စိတ်ဝင်းစား၊ တော်ကြတာဟာ မြန်မာ့အနာဂတ် မြန်မာ့ယဉ်ကျေးမ … Read more