ဒီစကား(၆)ခွန်းကိုကြားဖူးရင်တော့ သင့်ကိုသူချစ်တယ်လို့သွယ်ဝိုက်ပြောနေတာပါ

ချစ်သူနှစ်ယောက်ကြားမှာ တစ်ယောက်နဲ့ တစ်ယောက် ချစ်တယ်လို့ ပါးစပ်ကတဖွဖွပြောနေမှ ချစ်တယ်လို့ယူဆလို့မရပါဘူး။ သင့်ချစ်သူက သင့်ကိုတခြားသူတွေလိုမျိုး ချစ်တယ်လို့တဖွဖွမပြောလို့ဆိုပြီး စိတ်တိုင်းမကျတွေဖြစ်မနေပါနဲ့နော်။ သူသာ ဒီစကားလေးတွေကို အမြဲပြောတတ်တယ်ဆိုရင် သူသင့်ကို ချစ်တယ်လို့ပြောနေတာနဲ့အဓိပ္ပါယ်အတူတူပါပဲနော်။ (၁) မင်းအတွက်အမြဲရှိနေမယ် လူတစ်ယောက်အတွက် နာကျင်ဝမ်းနည်းစရာတွေ ရင်ဖွင့်ရမယ့်သူ မရှိတာဟာ တော်တော်ဆိုးတဲ့ အဖြစ်လို့ပြောလို့ ရပါတယ်။ အဲ့ဒါထက် ဆိုးတာကတော့ ပျော်ရွှင်စရာတွေကို ဝေမျှရမယ့်သူ မရှိတာပါပဲ။ သင့်ချစ်သူက သင့်အတွက် နာကျင်စရာတွေရင်ဖွင့်ဖို့၊ ပျော်ရွှင်စရာတွေဝေမျှဖို့ အမြဲအသင့်ရှိနေမယ်ဆိုရင်၊ သင်ဘာဖြစ်ဖြစ် သူဘေးနားမှာအမြဲရှိနေမယ်လို့ပြောရင် အဲ့ဒါက သင့်ကိုချစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ (၂) မင်းအတွက်အရမ်းဝမ်းသာတယ် သင်သာ တစ်ယောက်ယောက်ကို တကယ်ချစ်မိသွားပြီဆိုရင် သူ့ရဲ့ပျော်ရွှင်မှုက သင့်ရဲ့ပျော်ရွှင်မှုပါပဲ။ တကယ်လို့သင့်ချစ်သူက မင်းပျော်ရင် ငါလည်းပျော်တယ်လို့ ပြောလာရင် သူသင့်ကို ချစ်တယ်ဆိုတာ အကြွင်းမဲ့ယုံလိုက်ပါ။ (၃) မင်းကအလှဆုံး၊ … Read more

လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ ချစ်သူနှစ်ယောက်ပေါင်းပြီး ငွေစုကြည့်လိုက်သောအခါ

ရည်းစားဖြစ်ပြီး ၂နှစ်လောက်မှာ နှစ်ယောက်သား ပိုက်ဆံစုရအောင်လို့ စပြီးတိုင်ပင်ဖြစ်ကြတယ်အဲ့ဒါနဲ့စုမယ်ဆိုပြီး ငွေစစုဖြစ်သွားတာပေါ့ 💸💰💵တစ်လတစ်ခါ ဘဏ်ထဲငွေထည့်မယ်ဆိုပြီး ဆုံးဖြတ် လိုက်တယ် 👌 ကိုယ်ကတော့ လခစား ဝန်ထမ်းဆိုတော့ အများကြီးမစုနိုင်ဘူး (၃ပုံ ၁ပုံလောက်ပေါ့😁) တစ်လ နှစ်ယောက်ပေါင်း ၁သိန်း စုကြမယ်ဆိုပြီး ဘဏ်စာအုပ်လေးလုပ်လိုက်ကြတယ် ❤️ Bank account ကိုလဲ ၂ယောက်နာမည်နဲ့ #KBZ_Call_Deposits_account လုပ်ထားလိုက်တယ် အဆင်ပြေတဲ့လူ သွားလို့ရအောင်ပေါ့ 🏦🏦🏦 အဲ့လိုနဲ့ စု လာလိုက်တာ ဘဏ်စာအုပ်လေး ၂နှစ်နဲ့ ၄လ ပြည့် ( ရည်းစားသက်တမ်း ၄နှစ်နဲ့ ၄လ)မှာ သိန်း ၃၀ လောက် စုမိသွားတယ်။ 💡💰 ဘဏ်စာအုပ်လေးခနခနထုတ်ထုတ်ကြည့်ပြီး ပီတိတေဖြာတဲ့ အရသာကလေ ဘယ်လိုပြောရမလဲ😜😜😜 (တအားမများပေမယ့် မိန်းကလေးမို့လားတော့မသိစာအုပ်ထဲက ဂဏန်းခုနှစ်လုံးကို … Read more

သင့် မွေးရက် ကပြောတဲ့ သင့်ချစ်သူ အကြောင်း

သင့် မွေးရက် ကပြောတဲ့ သင့်ချစ်သူ အကြောင်း သင်ဟာ… ( 1 )ရက်နေ့ မွေးသူ ဖြစ်ရင် ….သင့် ချစ်သူ ဟာ တတ်တတ်ကြွကြွရှိမယ် ဖြတ်ထိုးဥာဏ် အလွန်ကောင်းပြီး လူတဖက်သားကို ကူညီတတ်မဲ့သူတျောက်ဖြစ်တယ်။သင့်အတွက်ဆို လိုချင်တာဖြည့်စည်းပေးမယ့် သူဌေးကြီးတျောက်လိုပါပဲ… ( 2 )ရက်နေ့ မွေးသူ ဖြစ်ရင်…သင့် ချစ်သူ ဟာ ကြင်နာယုယတတ်တယ်။ သင့်ကိုအမြဲဂရုစိုက်တတ်ပြီး အနုပညာနဲ့ပတ်သက်ရင် ပါရမီပါသူတျောက်ဖြစ်တယ်။သင့်အတွက်ဆိုမမေ့နိုင်တဲ့ပျော်ရွှင်မှုဒွေ ဖန်တီးပေးမယ့်သူတျောက်ပါပဲ… ( 3 )ရက်နေ့မွေးသူဖြစ်ရင်….သင့်ချစ်သူဟာ စိတ်လိုက်မာန်ပါလုပ်တတ်တယ်။ ဆရာကြီး လုပ်ရမှာကျေနပ်ပြီးအမှားလုပ်မိရင်လည်း တောင်းပန်ဖို့ဝန်မလေးသူတျောက်ဖြစ်တယ်။သင့်အတွက်ဆို အခက်အခဲတွေကို တူတူဖြတ်ကျော်မယ့် လက်တွဲဖော်ကောင်း တျောက်ပါပဲ… ( 4 )ရက်နေ့မွေးသူဖြစ်ရင်….သင့်ချစ်သူ ဟာ စိတ်နေသဘောထားကြီ်းတယ်။ လက်တွေ့အကောင်ထည်ဖော်လုပ်ဆောင်ရမှကျေနပ်သူတျောက်ဖြစ်တ်တယ်။ သင့်အပေါ် နည်းနည်းလေး အနိုင်ယူရမှ ကျေနပ်နေသူတျောက်ဖြစ်တယ်။ ( … Read more

နှုတ်ခမ်းနဲ့ ပါးစပ်မှာဖြစ်တက်တဲ့ အပူနာတွေအတွက် အိမ်တွင်းဆေးနည်း

နှုတ်ခမ်းနဲ့ ပါးစပ်မှာဖြစ်တက်တဲ့ အပူနာတွေအတွက် အိမ်တွင်းဆေးနည်း ပါးစပ်မှာဖြစ်တက်တဲ့ အပူနာတွေနဲ့ပတ်သက်ပြီး ဆေးနည်းလေး မျှဝေပေးချင်ပါတယ်။လျှာ၊ သွားဖုံးနဲ့ ပါးစောင် အတွင်းပိုင်းတွေမှာ အပူနာဖြစ် တာဟာ အန္တရာယ်မရှိပေမယ့် စကား ပြောရခက်၊ ပြုံးရယ်ရခက်၊ စားသောက်ရခက်နဲ့ အတော် လေး ခံရခက်ပါတယ်။ ဒီအခြေ အနေက နေသက်သာဖို့အိမ်မှာ တင်လုပ်နိုင်တဲ့ နည်းလမ်းလေး တွေ ဖော်ပြလိုက်ပါတယ်။ -ရှားစောင်းလက်ပပ်ဂျယ်နဲ့ အပူနာရှိတဲ့နေရာကို တစ်နေ့နှစ် ကြိမ်လိမ်းပေးနိုင်သလို ရှား စောင်းလက်ပပ် ဖျော်ရည်စစ်စစ် နဲ့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ပလုတ်ကျင်းပေးနိုင်ပါတယ်။ -ရေတစ်ခွက်ထဲကို လက် ဖက်ပင်ဆီ ဆယ်စက်ရောစပ်ပြီး တစ်နေ့နှစ်ကြိမ် ပလုတ်ကျင်းပေး နိုင်ပါတယ်။ -ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ နနွင်းမှုန့်အနည်းငယ် ရောစပ်အနှစ်လုပ်ပြီး အနာဖြစ် နေတဲ့နေရာကို သုတ်လိမ်းပေး နိုင်ပါတယ်။ -အဝါရောင်ပန်းပွင့်တဲ့ အ … Read more

မိမိချစ်ရတဲ့သူကိုရည်းစားစကားပြောတဲ့အခါနေ့နံအလိုက်လုပ်ဆောင်ရမည့်အစီအရင်နှင့်ပြောရမယ့်အချိန်များ

မေတ္တာရေး အချစ်ရေးနှင့် ပါတ်သက်ပြီး အချိန်အခါ ရွေးပေးချင်တာပါ။ လူငယ်တွေရော လူကြီးတွေရော လူမကြီးတကြီးတွေရော အတွက်ပေါ့နော့။ အောက်မှာ (၇)ရက် သားသမီးများအတွက် အားလုံးပါအောင် ဇယားလေးတွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ဥပမာ။…။ မိတ်ဆွေက ကောင်မလေးတစ်ယောက်ကို ရည်းစားစကား သွားပြောမယ်ဆိုပါစို့။ သင်ချစ်နေတဲ့ ကောင်မလေးက ဘာနေ့သားသမီးလည်းပေါ့။ နမူနာ ပြောရရင် သူက တနင်္ဂနွသေားသမီး ဆိုပါတော့။ ဒါဆိုရင် ဆောင်သွားရမှာက ကံ့ကော်ညွန်ဆောင်သွားပါ။ အရှေ့တောင်အရပ်ကို အရင်ဆုံး ခြေလှမ်း ငါးဆယ်လောက် လှမ်းသွားပါ။ သူနဲ့ တွေ့တဲ့အခါ တောင်အရပ်ကို မျက်နှာမူပြီးပြောပါ။ ပြောရမယ့်အချိန်ကတော့ (7)နာရီခွဲမှ (8) နာရီအတွင်း(နေ့/ည ကြိုက်တဲ့အချိန်ဆောင်ရွက်နိုင်ပါတယ်။) ဒါဆိုရင်တော့ မိတ်ဆွေ ချစ်တဲ့ ကောင်မလေးက သင့်ရဲ့စကားကို ကောင်းကောင်း နားထောင်မှာ။ ပြန်ပြီး မေတ္တာ သက်ဝင်လာမှာ။ … Read more

ခြေဖနောင့်ကွဲတာအမြန်ပျောက်တဲ့မြန်မာ့ဆေးနည်း

ရာသီဥတု ပူပြင်းခြင်း၊ အေးလွန်းခြင်းနှင့် ခြေထောက်မှ ခြေဆီမပြန်ခြင်းတို့ကြောင့် ခြေဖဝါးနာခြင်း၊ ကွဲခြင်းတို့ ဖြစ် တတ်ကြပါသည်။ အကျိုးဆက်က ဖိနပ်လည်း မစီးနိုင် သလို လမ်းလည်းကောင်းကောင်း မလျှောက်နိုင်တော့ချေ။ အိမ်တွင်းသုံး ကုထုံးနည်းလေးဖြင့် ယုံယုံကြည်ကြည် စမ်းသပ်ကြည့်ပါ။ အံ့ဖွယ်သက်သာပျောက်ကင်းစေပါသည်။ ညအိပ်ရာဝင်ချိန်တွင် ခြေထောက်ကို သန့်စင်အောင် ဆေးပြီး မန်ကျည်းမှည့်အနှစ် အနည်းငယ်နှင့် ကွမ်းရွက်အနည်းငယ်ကို ကြိတ်ပြီး ခြေဖဝါးကွဲဒဏ်ရာအား သုတ်လိမ်းပေးပါ။ သက်သာပျောက်ကင်းသွားပါလိမ့်မည်။ဘေးထွက်ဆိုးကျိုးမရှိသော မြန်မာနည်းလေးဖြစ်ပါသည်။ သင်ဆရာမြင်ဆရာများကို ဦးခိုက်လျှက် Yimon Kyaw ( HTD) ပြန်လည်မျှဝေပါသည် အိမ်တွင်းဆေးမြီးတိုများစုစည်းမှု့ Unicode ရာသီဥတု ပူပြင်းခြင်း၊ အေးလွန်းခြင်းနှင့် ခြေထောက်မှ ခြေဆီမပြန်ခြင်းတို့ကြောင့် ခြေဖဝါးနာခြင်း၊ ကွဲခြင်းတို့ ဖြစ် တတ်ကြပါသည်။ အကျိုးဆက်က ဖိနပ်လည်း မစီးနိုင် သလို လမ်းလည်းကောင်းကောင်း … Read more

ကမ္ဘာကျော်လက္ခဏာဆရာကြီး ကိုင်ရို ဟောကိန်းနဲ့ အနာဂတ်မြန်မာပြည်ကြီး၏ အလွန်းအားရဖွယ်ကောင်းသော အချက်များ

ကမ္ဘာကျော်လက္ခဏာဆရာကြီး ကိုင်ရို ဟောကိန်းနဲ့ အနာဂတ်မြန်မာပြည်ကြီး၏ အလွန်းအားရဖွယ်ကောင်းသော အချက်များ ကမ္ဘာကျော် လက္ခဏာဆရာ ဖြစ်သော ကိုင်ရိုသည် ကမ္ဘာတွင်ဖြစ်ပျက်လာမည့် အရာများကို ကြိုတင်ဟောကိန်း ထုတ်ခဲ့ရာ မှန်ကန်သဖြင့် အလွန်မှပင် ထင်ရှားကျော်ကြားလေသည်။ တစ်နေ့တွင် မစ္စတာကိုင်ရိုထံသို့ အမေရိကန် သံအမတ်ကြီး ရောက်ရှိလာလေသည်။ ကိုင်ရိုမှ ခရီးဦးကြိုဆို နေရာထိုင်ခင်းပေးပြီး သံအမတ်ကြီးနှင့် စကားစမည်ပြောလေသည် ကိုင်ရိုသည်ကား ကမ္ဘာ့ခေါင်းဆောင် တော်တော်များများနှင့် ကမ္ဘာ့ရေးရာများကို ဟောကိန်းထုတ်ထားရာ မှန်ကန်သဖြင့် နိုင်ငံခေါင်းဆောင်များ၊ဝန်ကြီးများ၊သံအမတ်များ ဖြင့် သိကျွမ်းလေသည် သံအမတ်ကြီးလာသောအချိန်သည်ကား ပထမ ကမ္ဘာစစ်ကြီးပြီးသော အချိန်ဖြစ်လေသည်။ သံအမတ်က ကိုင်ရိုအားမေးလေသည် မစ္စတာ ကိုင်ရိုရေ တခုလောက်ကူညီပါ။ ဘာများလဲ သံအမတ်ကြီး ။ အခုက ကြီးမားတဲ့ ကမ္ဘာစစ်ကြီးပြီးဆုံးခဲ့ပြီလေ ။ တို့အမေရိကန်တွေ မဟာမိတ်ဘက်ကဝင်ကူတိုက် လို့ … Read more

အိမ်ဆောက်ရင် သိထားရမယ့် လူသေတဲ့အထိ ဒုက္ခပေးတဲ့ သစ်ဆက်နည်းအကြောင်း

အိမ်ဆောက်ရင် သိထားရမယ့် လူသေတဲ့အထိ ဒုက္ခပေးတဲ့ သစ်ဆက်နည်းအကြောင်း အိမ် တအိမ်မှာ စီးပွားပျက်ပြီး လူသေတဲ့အထိ ဒုက္ခပေးတဲ့ ပင်လယ်ကူးသစ် လို့ခေါ်တဲ့ အကြောင်း အဲ့ဒါ အိမ်တစ်အိမ်မှာ ပင်လယ်ကူးလို့ခေါ်တယ်… အ လွန် ခိုက်ပါတယ်.. အိုက်အိမ်မှာ နေသူများ စီးပွားမဖြစ်တတ်ဘူး။ လူသေသည် အထိအောင် ဒုက္ခ ပေးတတ်ပါတယ်။ အဲ့ဒီ သစ် ကို ဆက်တဲ့နေရာဟာ တိုင်ရှိရင် ဆက်လို့ ရပါတယ်။ တိုင်မရှိပဲ ဆက်ထားရင်တော့ ကျိမ်းသေ ပင်လယ်ကူးအိမ် လို့ခေါ်ပါတယ်။ ရှိနေခဲ့ရင် ချက်ချင်းသာ ပြင်ဖို့လုပ်ပါလေ။ နောက်.. အိမ် ပု ခက်လွှဲဆိုတာ ရှိသေးတယ် ခေါင်းရင်း အိမ်နဲ့ ခြေရင်းအိမ် ဟာ အမြင့် တူနေပြီး အလယ်အိမ်က ပုနေရင် အိမ် … Read more

ချစ်သူ ကောင်လေးတစ်ယောက်ကို အပိုင်ချုပ်ကိုင်ထားနိုင်မယ့် နည်းလမ်းကောင်းများ

ချစ်သူရည်းစားတွေရဲ့ဘဝ မှာအရေးကြီးဆုံး အချက်ကတော့ တစ်ယောက်နဲ့တစ်ယောက် အပြည့်အဝနားလည်ပြီး သစ္စာရှိဖို့ဖြစ်တယ်။ မိန်းကလေးတွေအနေနဲ့ အရေးကြီးဆုံးထဲက တစ်ခုကတော့ ချစ်သူရဲ့ စိတ်တွေကို အပြည့်အဝ ချုပ်ကိုင်ထားနိုင်ဖို့ပဲဖြစ်ပါတယ်။ ယောက်ျားလေးတွေက ထိန်းချုပ်တာတွေ၊ ချုပ်ချယ်တာတွေ မကြိုက်တဲ့အတွက် မသိသာတဲ့ နည်းလေးနဲ့ ဘယ်လိုချုပ်ကိုင်ရမလဲဆိုတာကို ပြောပြပါမယ်။ (၁) အရမ်း မချီးကျူးပါနဲ့ ယောက်ျားလေးတွေကို မလိုအပ်ပဲ အရမ်း မချီးကျူးပါနဲ့။ မဟုတ်ရင်သူတို့က သူတို့ကိုသူတို့ ဟုတ်လှပြီထင်ပြီး အရမ်းတွေ ဘဝင်လေဟပ်သွားတတ်လို့ပါ။ ဒါကြောင့် သူတို့ တစ်ခုခုလုပ်ရင်လည်း မဆိုးပါဘူး၊ ကောင်းပါတယ် လောက်ပဲပြောပါ။ နောက်ဆက်တွဲ မြှောက်ပင့်ပြောဆိုတာတွေ အရမ်းမလုပ်ပါနဲ့။ (၂) ပြောင်းလဲသွားတဲ့အကျင့်တွေကိုချီးမွမ်းပေးပါ ဥပမာ သူလုပ်လေ့မရှိတဲ့အရာတစ်ခုခုဖြစ်တဲ့ အိမ်သာဆေးတာမျိုး၊ အိမ်ရှင်းတာမျိုး၊ ထမင်းဟင်းချက်တာမျိုး တစ်ခုခုလုပ်တဲ့အခါ သူ့ကိုချီးကျူးပေးပါ။ ပြီးရင်လက်ဆောင် အနေနဲ့ တစ်ခုခုသူ့ကိုပေးပါ။ ဖက်တာ၊ … Read more

တနင်္ဂနွေသားသမီးများအတွက် ဘဝတစ်သက်စာ ဟောစာတမ်း နှင့် ယတြာများ

တနင်္ဂနွေသားသမီးများအတွက် ဘဝတစ်သက်စာ ဟောစာတမ်း နှင့် ယတြာများ တနင်္ဂနွေသားသမီးများအတွက်ဘဝတစ်သက်စာဟောစာတမ်းနှင့်ယတြာများမိမိတို့ရဲအသက်အပိုင်းခြားကိုကြည့်ပြီးအဟောကိုဖတ်ပါလေ။ညံ့တဲ့နှစ်တွေမှာချေရမယ့်ယတြာကိုပါဖော်ပြပေးထားပါတယ်။ကောင်းတဲ့နှစ်တွေမှာလည်းကောင်းသထက်ကောင်းစေဖို့ ချေရမယ့်ယတြာတွေဖော်ပြပေးလိုက်ပါတယ်။ တနင်္ဂနွေသားသမီးဖြစ်သောသင်သညအသက်၁၊၉၊၁၇၊၂၅၊၃၃၊၄၁၊၄၉၊၅၇၊၆၅၊၇၃၊၈၁၊၈၉၊၉၇၊၁၀၅ နှစ်အတွင်း၌တနင်္ဂနွေသက်ရောက်ဖြစ်၏သင်သည်ယခုနှစ်အတွင်း၊အလုပ်နေရာ၊အိမ်နေရာ၊ပြင်ဆင်မွမ်းမံရခြင်း၊ပြောင်းရွှေ့ရခြင်းလုပ်ရတက်၏၊လုပ်ငန်းအသစ်ပေါ်ခြင်း(သို့)လက်ရှိအလုပ်နှင့်ပတ်သက်၍အဆက်အသွယ်များပေါ်လာလိမ့်မည်။ လုပ်ငန်းနှင့်ပတ်သက်၍နာမည်ကောင်းရခြင်း၊လုပ်ငန်းတိုးချဲ့ရခြင်းများလုပ်ရတက်၏။အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတက်သောကာလဖြစ်၏။သင့်အနေနဲ့ စီးပွားအလွန်တက်နေပြီ၊ချမ်းသာနေပြီဟုဆွေမျိုးသားချင်းအပေါင်းအသင်းတို့ကအထင်ကြီးနေလိမ့်မည်။သူခိုးမျက်စိအကျခံရသောကာလဖြစ်၍သူခိုးအခိုးခံရတက်ကြောင်းသတိပြုပါလေ။ခရီးအကျိုးပေးသောကာလဖြစ်ပါသည်။ဘုရားဖူးခရီးသွားရတက်၏။ ကွဲကွာနေသောဆွေမျိုးသားချင်းများနှင့်ပြန်ဆုံမည်။ရပ်ဝေးမှဆွေမျိုးသားချင်းများရောက်လာတက်၏။အိမ်သို့အတောင်ပေါက်သောသတ္တဝါဝင်လာတက်၏။ဝင်လျှင်နမိတ်ကောင်း၏။သွပ်၊သံ၊သစ်စသောသောကြာနံပစ္စည်းများဝင်လာတက်၏မိတ်ဆွေရင်း၊လုပ်ဖော်ကိုင်ဖက်တို့ကဒုက္ခပေးတက်၏။မြေကိုအကြောင်းပြု၍စိတ်ညစ်ရတက်၏။ရွေနှင့်အဖိုးတန်ရတနာပစ္စည်းများဝင်လာတက်၏။ ဘုရားဆင်းတုတော်၊ဓာတ်တော်၊ရဟန္တာပုံတော်များဝင်လာတက်၏စက်ပစ္စည်းများအသစ်လဲရခြင်း၊ ထွက်နေသောပစ္စည်းများပြန်ဝင်ခြင်းများကြုံရတတ်၏လက်ဝတ်ရတနာကျောက်ပြုတ်ထွက်ခြင်း၊ပျောက်ခြင်းဖြစ်တက်၏။ဤကာလသည်ငယ်ရွယ်သူများအဖို့အချစ်ရေးတွင်လမ်းခွဲရလောက်အောင်ပြသနာဖြစ်ရတတ်သောကာလဖြစ်ပါ၏။ အလှူအတန်းကိစ္စ၊မင်္ဂလာကိစ္စရက်ရွှေ့ရတက်၏။အလုပ်တွင်အတိုက်အခံအပြိုင်အဆိုင်ကြီးစွာကြုံရတတ်၏။မိသားစုအကြီးအကဲ၊လုပ်ငန်းအကြီးအကဲတို့ကြောင့်စိတ်ညစ်ရတက်၏။ငွေကြေးအထစ်အငေါ့ကြီးစွာဖြစ်ခြင်းကြွေးဆုံးခြင်းတို့ကြုံရတတ်၏ယတြာမည်သည့်ဘုရားတွင်မဆိုသောကြာနေ့နံနက်တွင်ဗုဒ္ဓဟူးဒေါင့်ကိုသွး၍ဿသသနာအလံ(၁၀)လက်လှူ၍လိုရာဆုတောင်းပါ။ ဘဲဥတွင်အမည်ရေး၍ပေါက်ခွဲပါ။တနင်္ဂနွေသားသမီးဖြစ်သောသင်သည်အသက်၂၊၁၀၊၁၈၊၂၆၊၃၄၊၄၂၊၅၀၊၅၈၊၆၆၊၇၄၊၈၂၊၉၀၊၉၈၊၁၀၆နှစ်အတွင်း၌တနင်္လာသက်ရောက်ဖြစ်၏ယခုနှစ်အတွင်းသင်သည်အလှူအတန်းကိစ္စများမုချလုပ်ရမည်ဖြစ်၏။ငွေအစုလိုက်အပုံလိုက်ဝင်လာမည်ဖြစ်၏။ မိမိ၏အလုပ်မှလည်းကောင်း၊ထီပေါက်၍လည်ကောင်းဝင်လာတက်၏ဤကာလ၌သာမန်အခြေအနေမျိုးမှနေ၍စီးပွားအရှိန်အဟုန်နှင့် တက်ကာအိမ်ပိုင်၊ကားပိုင်ဖြစ်သွားတက်၏။ မိမိအားပြသနာလုပ်နေသူများရှိလျှင်အဆင်ပြေသွားလိမ့်မည်။မသင့်မြတ်သူများနှင့်ပြန်လည်သင့်မြတ်သွားမည်။ အရေးကြီးသောကံများကိုထိန်းသိမ်းရန်အလွန်အရေးကြီးသောအချိန်အပိုင်းအခြားဖြစ်၏။ဤအချိန်၌မထိန်းသိမ်းနိုင်လျှင်နောင်(၃)နှစ်ကြာသောအခါစီးပွားပျက်ခြင်းအန္တရာယ်ကြုံခြင်းဖြစ်တတ်၏ အဖိုးတန်ကျောက်မျက်ရတနာဝင်မည်။အိမ်ထောင်ရှင်များအိမ်ထောင်ရေးအတွက်သောကရောက်ရတက်သောကာလဖြစ်၏။ အထက်လူကြီးမိသားစုအကြီးအကဲများကြောင့်စိတ်ညစ်ရမည်ဖြစ်၏။လူမျိုးခြား၊ နိုင်ငံခြားနှင့်ပတ်သက်သော ကိစ္စများ အကျိုးပေး အောင်မြင်မည်ဖြစ်၏။ခရီးများမကြာခန ထွက်ရတတ်၏။ထိုခရီးများသည်လဲ အကျိုးပေးအောင်မြင်မည်။ ဝန်ထမ်းဆိုလျှင် ရာထူးတက်ခြင်း၊ အခြေအနေမြင့်တက်ခြင်းကြုံရလိမ့်မည်ဖြစ်၏။ ပညာရေးကိစ္စများ၊သင်တန်းကိစ္စများကို အကြောင်းပြု၍စိတ်ညစ်ရတတ်၏။ရွှေထွက်ခြင်း ရွှေအတွက်ပြောဆိုဖြေရှင်းရခြင်း ကြုံရတတ်၏အောက်လက်ငယ်သား၊ သားသမီးထွက်သွားခြင်း ၎င်းတိုအတွက် သောကရောက်ခြင်းများကြုံရတတ်၏။ ဆီးချိုရောဂါ၊ မျက်စိရောဂါများ ဒုက္ခပေးခြင်း အစားမှားခြင်း ၊ဆေးမှားခြင်းများ ကြုံရတတ်၏။ စာရွက်စာတမ်းကိစ္စ ၊စာချုပ်ကိစ္စများအတွက် စိတ်ညစ်ရခြင်းများ ကြုံရတတ်၏။ဆွေမျိုးသားချင်းများကိုကောင်းစွာ အကူအညီပေးနိုင်၏။ လက်ရှိအလုပ်အကိုင်ကိုစိတ်မဝင်စားခြင်း၊ အလုပ်ပြောင်းလိုစိတ်များ ကြုံလာတက်၏။ယတြာ- တနင်္လာ နေ့၌ … Read more