ထီထိုးသူတိုင်း သိထားဖို့… ထီလက်မှတ်တစ်ဆောင်ကို ထီနှစ်ခါ ပေါက်နိုင်တယ်ဆိုတာ (ဆယ်စောင်တွဲ အခါနှစ်ဆယ်ပေါက်)

ထီထိုးသူတိုင်း သိထားဖို့… ထီလက်မှတ်တစ်ဆောင်ကို ထီနှစ်ခါ ပေါက်နိုင်တယ်ဆိုတာ (ဆယ်စောင်တွဲ အခါနှစ်ဆယ်ပေါက်) ထီထိုးသူ တိုင်း သိထား ဖို့… ထီလ က်မှတ်တစ်ဆောင်ကို ထီ နှစ်ခါ ပေါက်နိုင်တယ်ဆိုတာ (ဆယ်စောင်တွဲ အခါနှစ်ဆယ်ပေါက်) ထီ လက်မှတ်တစ်စောင်က (၅)သောင်းဆု နှစ်ခါပေါက်တာ တစ်သိန်းထုတ်မပေးတဲ့ထီဆိုင်။ယခု ပုံပါထီလက်မှတ် ၁၀ စောင်သည် ၅သောင်းဆုတွင် ၂ ခါ ပြန် ပါသည့်အတွက် ထီလက်မှတ် ၁ စောင်တည်းဖြင့် ၅သောင်း၂ဆု =၁သိန်း ၁ဝစောင်ဆိုလျှင် ၁၀ သိန်းရရှိမှာဖြစ်ပါတယ်။ပဲခူးမြို့ပေါ် ရှိ ထီဆိုင်တစ်ဆိုင်မှ ဝန်ထမ်းကောင်မလေးတစ်ဦးက ယခုဖော်ပြပါ ထီလက်မှတ်ကို ၅သောင်း ၁၀ ဆု= ၅သိန်း ပဲ ရရှိမည်ဟု ထီပေါက်သူ အစ်ကို ၂ ဦးအား ပြောပါတယ်တဲ့။ … Read more

မသန်းစွမ်းဘ၀မှာ ကျနော် ကြိုးစားကျော်ဖြတ်ရုံးကန်နေပါ့မယ် ဆိုတဲ့ ကိုနိုင်

ကိုနိုင်(မဟာမြေ) ရဲ့ ပထမခြေလှမ်းအမှောင်ကမ္ဘာထဲကလမ်းပြကြယ် တေးရေး…….မင်းဂျွန်စိုး တေးဆို………ကိုနိုင်(မဟာမြေ) ဒါရိုက်တာ….စိုးကျော်ကျော် မေတ္တာ ဖြင့်ဝိုင်းဝန်းကူညီပေးကြသော အနုပညာရှင် အပေါင်းအားကျေးဇူးအထူးတင်ရပါတယ်ခင်ဗျ…… နိုင်ငံကျော် တေးရေးဆရာမင်းဂျွန်စိုး ရဲ့ ဖေးမကူညီမှုဖြင့် ပရိတ်သတ် ရင်ထဲ အရောက်ပို့ပေးမည့် သီချင်းနှစ်ပုဒ်ကို ဆရာ့ဆီပို့ပေးပြီးပါပြီ…… ကျေးဇူးအထူးတင်ရပါတယ်ဆရာ….. “ကျနော်ကိုယ်တိုင် ဘယ်တုန်းကမှ မမှန်းခဲ့ဘူးတဲ့အိပ်မက်ပါဆရာရယ်…….. စာသားတွေကလည်း မရင်းနှီးတော့ကျနော် ၁၅ရက်လောက်ကျက်ရမယ်လို့…..ကျနော်ထင်ခဲ့တာဆရာရဲ့…. ထူးခြားတာက….အဲဒီသီချင်းတွေကို တစ်ရက် တစ်ပုဒ်နဲ့ ချက်ချင်းရခဲ့တာ……ဆရာ ဦးမင်းဂျွန်စိုးရဲ့ စေတနာပဲဖြစ်မှာ ဆရာ……. ကျနော်ဆရာ့ကို…. ညတိုင်းကန်တော့ပြီးအိပ်တယ်ဆရာ…..ကိုဟန်ဆက်အောင်နဲ့ ကိုကောင်းထက်ရယ်….မမပိုရယ်…..ကိုဝင်းဇော် (MDY)တို့ကို စိတ်ထဲကမှန်း ညတိုင်း ကန်တော့တယ်ဆရာ…..”တဲ့ကိုနိုင့်ရဲ့ ရင်တွင်း…..စကားလေးပါ “ကျနော်အောင်မြင်သည်ဖြစ်စေ ​မအောင်မြင်သည်ဖြစ်စေဆရာ မင်းဂျွန်စိုး ရဲ့ သီချင်းဆိုခွင့်ရတာကို ကျနော်ဝမ်းလည်းသာတယ် ပြောလည်းမပြောတတ်ဘူး…. ဆရာ့ကို ကျေးဇူးတင်တာပဲသိတယ်…..ဒီထက်ပြောရမည့်စကားရှိရင်လည်း…ကျနော် ဆရာကြားအောင်ပြောပြချင်ပါတယ်ဆရာ” လို့ ပြောတဲ့ ကိုနိုင်ရဲ့ ရင်တွင်းစကားလေးကိုမျှဝေပေးလိုက်ပါတယ်…….. … Read more

ထန်းလျက်စားသုံးခြင်း ထန်းရည်သောက်သုံးခြင်းကြောင့် ရရှိနိုင်သောအကျိုးကျေးဇူးများ

ထန်းလျက်စားသုံးခြင်း ထန်းရည်သောက်သုံးခြင်းကြောင့် ရရှိနိုင်သောအကျိုးကျေးဇူးများ ထန်းရည် (Palm wine) သည် ထန်းပင်မှ ထွက်ရှိလာသော အရည်ဖြစ်ပြီး သောက်သုံးနိုင်သည်။ ၎င်းအရည်ကို သောက်သုံးလျှင် ဆေးဘက်ဝင်သကဲ့သို့ လူကို မူးဝေစေတတ်သည်။ ထန်းပင်ပေါက်သော မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂါနာနိုင်ငံနှင့် အာဖရိကဒေသတွင် အများဆုံး တွေ့ရသည်။ အဓိကအားဖြင့် မြန်မာနိုင်ငံရှိ မန္တလေးတိုင်းဒေသကြီးတွင် အများဆုံးတွေ့ရသည်။ “‘ထန်းရည်နဲ့ ငပိ လူမသိစေနဲ့”‘ ထိုစကားသည် ထန်းရည်၏ စွဲမက်ဖွယ်အရသာ ကောင်းမွန်မှုကို အမွန်းတင်သော စကား၊ ငပိသည်လည်း မြန်မာအများစု အလွန်နှစ်သက်သောကြောင့် ထမင်းဝိုင်းတွင် မပါမဖြစ်သောအရာ၊ ထိုနှစ်ခုကို အမွှမ်းတင် တွဲစပ်ပြောလေ့ ရှိခြင်းဖြစ်သည်။ ထို့ပြင် ထန်းရည်အကြောက်း တစ်ဖွဲ့တနွဲ့ သီကုံးစပ်ဆိုထားသည့် သီချင်းများ။ ကဗျာများပင် ရှိသည်။ ထန်းရည်ကို သောက်သုံးရန်၊ ထန်းလျက်၊ … Read more

ချစ်သူတွေကြားမှာ မသုံးသင့်တဲ့ စကားလုံးများ

ချစ်သူတွေကြားမှာ မသုံးသင့်တဲ့ စကားလုံးများ စကားလုံးတွေကြောင့် ကြည်နူးပျော်ရွှင်ရသလို တစ်ခါတစ်လေမှာ စကားလုံးတွေကြောင့်ပဲ နာကျင်ရပါတယ်။ ကိုယ်တကယ်ချစ်မြတ်နိုးရတဲ့ ချစ်သူလေးကို ကိုယ့်ရဲ့ စကားလေးတွေကြောင့် နာကျင်သွားရမယ်ဆိုရင်တော့ မကောင်းပါဘူး။ ဒါကြောင့်ဒီတစ်ခေါက်မှာ ကိုယ်ချစ်သူအပေါ် မပြောသင့်တဲ့ စကားတွေကိုဖော်ပြပေးလိုက်ပါတယ်။ (၁) စိတ်ပျက်တယ် စိတ်ပျက်တယ်ဆိုတဲ့စကားရဲ့ နောက်ကွယ်မှာ ပြောတဲ့သူအတွက်တော့ အများကြီးမသိသာပေမယ့် အပြောခံလိုက်ရသူရဲ့ ရင်ထဲမှာတော့ အတွေးမျိုးစုံဝင်သွားနိုင်ပါတယ်။ ကိုယ်ချစ်သူက ကိုယ်ကိုဘာကြောင့်စိတ်ပျက်တာလဲ မချစ်တော့လို့လား အချစ်သစ်တွေ့နေလို့လား ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကြောင့် စိတ်ပျက်လာတာလား လမ်းခွဲချင်လို့လား စသည်ဖြင့် ခံစားချက်ပေါင်းစုံနဲ့ အတွေးများဝင်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ချစ်သူကိုဘယ်လောက်ပဲစိတ်ဆိုးပါစေ စိတ်ပျက်တယ်ဆိုတဲ့စကားတော့ မပြောသင့်ပါဘူး။ (၂) ပျင်းလာပြီ ချစ်သူစုံတွဲတွေကြားမှာမသုံးသင့်တဲ့ နောက်ထပ်စကားလုံးတစ်ခုက ငါမင်းနဲ့တွဲရတာပျင်းလာပြီဆိုတဲ့စကားပါ။ ကိုယ်ချစ်သူကို အပျော်အပျက်အနေနဲ့တောင် စနောက်ပြီး မင်းနဲ့တွဲတာပျင်းတယ်ဆိုတဲ့စကားကိုတော့ မသုံးသင့်ပါဘူး။ ချစ်သူတိုင်းကတော့ ကိုယ်ချစ်သူကိုပျော်ရွှင်အောင်ထားချင်ကြပါတယ်။ အချစ်စစ်အချစ်မှန်နဲ့ တက်နိုင်သလောက်ပျော်ရွှင်မှုလေးတွေပေးနေပေမယ့် … Read more

လက်မထပ်ခင် သူ့မှာ ဒီအရည်ချင်းတွေရှိနေပြီလားဆိုတာ သေချာဆန်းစစ်ဖို့လို

ပထမဆုံးအနေနဲ့ ချစ်သူဆက်ဆံရေးတစ်ခုမှာ ဘယ်လိုအချက်တွေနဲ့ပြည့်စုံနေရမယ်လို့ သတ်မှတ်ချက်တွေမပေးချင်ပါဘူး။ ဒါပေမယ့် လူ့သဘာဝအရချစ်ခင်စုံမင်ကြပြီဆိုရင် လောကီဝတ္တတရားတွေလိုက်နာ ကျင့်သုံး မှီဝဲသင့်တဲ့နည်းနာလေးတွေကလည်း ရှေ့ ကအတွေ့အကြုံရှိတဲ့လူတွေချပြခဲ့တော့ ကိုယ်တိုင်မကြုံဖူးပေမယ့် ဖတ်ထားတာလေးတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါ ကိုယ့်အလှည့်ကျရင် ရှောင်နိုင်တာပေါ့။ လူတိုင်းမှာအပြစ်အနာဆာရှိပါတယ်။ ရူးသွပ်စွာနဲ့ ထောင်ချောက်ထဲကို ခုန်ချရမယ်လို့ မဆိုလိုပါဘူး။ မဖြစ်လာသေးတဲ့အခြေအနေတစ်ခုကို ထိန်းချုပ်လို့ရပါသေးတယ်။ လူတစ်ယောက်ရဲ့ချို့ယွင်းချက် ၊ အပြစ်၊ အားနာချက်ဆိုတာ ရှာရသိပ်လွယ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ချစ်လို့ လက်တွဲကြတဲ့အခါ ဒါတွေကို ငါနားလည်ပေးနိုင်လားဆိုတာ ကိုယ့်ကိုယ်ကိုယ်အရင်ဆုံး မေးခွန်းထုတ်ဖို့ပဲလိုတာပါ။ ချစ်နေတုန်း မွှန်ထူနေလို့ မမြင်နိုင်ရင် မြင်အောင်ကြည့်ပါ။ စဉ်းစားပါ။ ဆင်ခြင်ပါ။ ရှင်းပါတယ် … ယောက်ျားတစ်ယောက်က ကိုယ့်ကိုလက်ထပ်ဖို့ အစီစဉ်မရှိဘူးဆိုရင် သူ့ရဲ့အမူရာတွေကနေတစ်ဆင့်သိနိုင်ပါတယ်။ လွယ်လွယ်လေးပါ။ သင့်ကိုခေါ်သွားတဲ့နေရာတွေကို မှတ်ထားပါ ခဏတာ သင့်ကိုလက်တွဲမယ့်ယောက်ျားတစ်ယောက်ကဟာ ပါတီ၊ အရက်ဆိုင်နဲ့ ကလပ်တို့လောက်သာ သင့်ကိုခေါ်သွားပါလိမ့်မယ်။ တကယ်သဘောကျတဲ့ … Read more

မိန်းခလေးတွေဟာ ယောကျာ်းတွေထက် အချစ်စိတ်ကြီးမားကြောင်း သက်သေပြနေတဲ့ နှစ် ၃၀၀၀ကျော်က အရိုးစု

ယူကရိန်းမှာ တူးဖော်တွေ့ရှိခဲ့တဲ့ အရိုးစုစုံတွဲ ဟာ ရှေးခေတ်လူမျိုးစုတွေရဲ့ အချစ်ကြီးပုံတွေကို သက်သေပြလို့နေပါတယ်။ တွေ့ရှိခဲ့တာကတော့ အမျိုးသားနဲ့ အမျိုးသမီး အရိုးစုနှစ်ခုပါ။ ကျွမ်းကျင်ပညာရှင်တွေရဲ့ အဆိုအရ ရှေးခေတ်အမျိုးသမီးတစ်ယောက်ဟာ သူတို့ချစ်ရတဲ့ အမျိုးသားနဲ့ နောင်ဘဝဆက်တိုင်း ချင်ခင်ပေါင်းသင်းနိုင်ဖို့ ထိုအမျိုးသားသေဆုံးချိန်မှာ အတူတူမြေမြှုပ်ခံခဲ့ကြတာပါတဲ့။ ယခုပုံမှာ အရိုးစုနှစ်ခုဟာ ပွေ့ဖက်လျက်သားတွေ့ရမှာပါ။ ထိုထူးဆန်းတဲ့အရိုးစုဟာ ကြေးခေတ်က စုံတွဲတစ်တွဲရဲ့ အရိုးစုဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။ ထိုအရိုးစုကို ယူကရိန်းနိုင်ငံအနောက်ပိုင်းမှာရှိတဲ့ Ternopil မြို့တောင်ဘက် Petrykiv အမည်ရှိတဲ့ရွာမှာ တူးဖော်တွေ့ရှိခဲ့တာပါ။ နှစ်ဦးသားပွေ့ဖက်ပီး နှဖူးချင်းထိနေကာ အကြည့်ချင်းဆုံနေတဲ့ထိုအရိုးစုကို ပါမေက္ခ Mykola Bandrivsky က “ အချစ်တစ်စုံမြုပ်နှံခြင်း” လို့အမည်ပေးထားပါတယ်။ အသေးစိတ်ပုံဖော်ကြည့်တဲ့အခါမှာတော့ “ အမျိုးသမီးရဲ့ ညာဘက်လက်နဲ့ အမျိုးသားကို ဖက်ထားပီး သူမရဲ့ ခြေထောက်က အမျိုးသားရဲ့ခြေထောက်ပေါ်မှာကွေးပီးတင်ထား တဲ့ပုံဖြစ်နေပါတယ်။ … Read more

သည်းသည်းလှုပ်ချစ်မပြတတ်ပေမယ့် သင့်ကိုအရမ်းတန်ဖိုးထားတဲ့ ချစ်သူဆိုတာဒီလိုပါ

ကံကောင်းတဲ့ မိန်းကလေးဆိုတာ ချစ်သူ၊ လက်တွဲဖော်၊ အိမ်ထောင်ဖက်ရဲ့ ချစ်ခြင်းနဲ့အတူ တန်ဖိုးထားခြင်းကို ခံရတဲ့သူပါပဲ ။တစ်ချို့ယောက်ျားလေးတွေက သည်းသည်းလှုပ်တော့ ချစ်မပြတတ်ပေမယ့် တကယ် တန်ဖိုးထားတယ်ဆိုတာ သူတို့ရဲ့အပြုအမူကနေ တစ်ဆင့် သိနိုင်ပါတယ် ။သင့်ချစ်သူဟာ ဒီအချက်လေးတွေနဲ့ ကိုက်ညီနေတယ်ဆိုရင်တော့ သင်ဟာ အရမ်းကံကောင်းလွန်းပါတယ်နော် ။ (၁) သင့်အကြိုက်လိုက်တယ်” ယောက်ျားလေး တော်တော်များများက အရာရာကို သူတို့အလိုကျပဲ ဆုံးဖြတ်ချင်တာပါ ။ဒါပေမယ့် သင့်ချစ်သူကတော့ သင့်ကိုအလိုလိုက်တယ်၊ သင့်ဆန္ဒတွေကို လိုက်လျောပေးတယ်၊ သင့်အလိုကျ လိုက်လုပ်ပေးတယ်ဆိုရင်တော့ သင့်ကိုအရမ်းတန်ဖိုးထားလို့ပါပဲ …။ သင်ပျော်ရွှင်ဖို့က သူ့အတွက် အရေးကြီးဆုံးဖြစ်သလို၊ သင်ပျော်နေရင် သူလည်းပျော်တာကြောင့် သင့်အကြိုက်တွေကို အမြဲလိုက်ပေးနေမယ့် သူပါနော် …။ (၂) ဖြည့်ဆည်းပေးတယ်” သင့်ချစ်သူဟာ သူများတွေလို ကဗျာဆန်ချင် မှဆန်မယ် ဒါပေမယ့် သင့်အတွက်ဆို … Read more

ဖုန်းသုံးတဲ့အခါ လူတိုင်း လုပ်မိတတ်တဲ့ မကောင်းတဲ့ အမှား(၅)ခု

ဖုန်းသုံးတဲ့အခါ လူတိုင်း လုပ်မိတတ်တဲ့ မကောင်းတဲ့ အမှား(၅)ခု ဖုန်းတွေဟာ လူတွေနဲ့ အမြဲတမ်းအတူရှိတဲ့ အဖော် တစ်ယောက်လို ဖြစ်နေပါပြီ။ လူအချင်းချင်းတောင်မှ လူကောင်းလူဆိုး ခွဲခြားပေါင်းရသေးတာပဲ။ ဒီတော့ ၂၄ နာရီနီးပါး အနားအမြဲရှိနေတဲ့ ဖုန်းရဲ့ ကောင်းတဲ့ ဆိုးတဲ့အချက်လေးတွေကို မှတ်သားထားပြီး ကိုယ့်အတွက်မကောင်းတဲ့ အချက်တွေကို မလုပ်မိစေဖို့ သတိထားဆင်ခြင်ကြရအောင်နော် (၁) ဖုန်းနဲ့အတူအိပ်ခြင်း ဖုန်းဆိုတာဟာ အခြေခံအားဖြင့် လျှပ်စီးသံ လိုက်စက်ကွင်းတွေကို ကူးပြောင်းပေးတဲ့၊ လက်ခံပေးတဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ဆိုလိုချင်တာက ဖုန်းကနေ ရေဒီယိုလှိုင်းတွေ ထွက်ပါ တယ်။ ရေဒီယိုလှိုင်းတွေ နဲ့ အချိန်ကြာထိတွေ့ခြင်းက ဦးနှောက်ကို ထိခိုက်စေနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ နောက်ပြီး ဖုန်းကိုအနားမှာထားအိပ်တဲ့အခါ ဖုန်းမက်ဆေ့စ် ပဲဖြစ်ဖြစ် Noti တက်လာတဲ့အခါ ဦးနှောက်က … Read more

ယောင်္ကျားလေးတစ်ယောက်က မိန်းကလေး တစ်ယောက်ရဲ့ မျက်လုံး ကို စိုက်ကြည့်ခြင်းရဲ့ အဓိပ္ပါယ်

တစ်ခါတရံမှာ ယောင်္ကျားလေးတစ်ယောက် ဘာတွေတွေးနေလဲ၊ဘာတွေခံစားနေသလဲဆိုတာကို အလွယ်တကူ အကဲခတ်လို့မရနိုင်ပါဘူး။ မိန်းကလေး အများစုဟာ တစ်ခါတရံမှာ ယောင်္ကျားလေး တစ်ယောက်က သူတို့အကြောင်းတွေးနေကြတယ်လို့ထင်ကြပေမဲ့ လွဲသွားတတ်ပါတယ်။ ဒါပေမဲ့ယောင်္ကျားလေးတွေရဲ့ ကိုယ်လက်အမူအရာ မျက်နှာရိပ်ကဲ(body language) ကို ကြည့်ပြီး သူတို့ဘာတွေတွေးနေသလဲဆိုတာကို သိရှိနိုင်ပါတယ်။တစ်ခါတရံမှာ မိန်းကလေးတစ်ယောက်နဲ့ ယောင်္ကျားလေးတစ်ယောက် မထင်မှတ်ဘဲ မျက်လုံးချင်းဆုံ တတ်ကြပေမဲ့ ယောင်္ကျားလေးတစ်ယောက်က သင့်ကို ရည်ရွယ်ချက်ရှိရှိနဲ့ မျက်လုံးချင်းဆုံအောင်လိုက်ကြည့်နေမယ်ဆိုရင် ဘယ်လိုအဓိပ္ပါယ်ရသလဲ ဆိုတဲ့ အချက်လေးတွေကိုဖော်ပြလိုက်ပါတယ်။ ၁။ သင့်ရဲ့ မျက်လုံးကို သူတို့သဘောကျတဲ့ အတွက်ကြောင့်။ သင်မှာ သိသာထင်ရှားပြီးလှပတဲ့ မျက်လုံးတစ်စုံရှိနေရင် ယောင်္ကျားလေးများက မျက်လုံးချင်းဆုံအောင်လိုက်ကြည့်တတ်ပါတယ်။ ဒါကြောင့် သင့်မျက်လုံးက အရမ်းတောက်ပနေတယ်ဆိုရင် ယောင်္ကျားလေးများ သင့်မျက်လုံးကို ကြည့်တာဟာ လှလို့ကြည့်တာသာ ဖြစ်ပါတယ်။ ၂။ သင့်က ဆွဲဆောင်မှုရှိတယ်လို့ သူတို့ထင်ကြတယ်။ ယောင်္ကျားလေးတစ်ယောက်က … Read more

မိန်းကလေးတစ်ယောက်ကို ဖြတ်ချင်လာပြီဆိုရင် ယောက်ျားလေးတွေ လုပ်တတ်တဲ့ အပြုအမူများ

သမီးရည်းစား Relationship တစ်ခုမှာ ကိုယ့်ချစ်သူက ကိုယ့်ကို စိတ်ကုန် လာပြီလားဆိုတဲ့ စိုးရိမ်စိတ်က မိန်းကလေးတွေမှာ ပိုတွေ့ရတတ်ပါတယ်။စစ်တမ်းတွေအရဆိုရင် Relationship တွေမှာ မိန်းကလေးတွေဘက်ကနေ အရင် စပြီး လမ်းခွဲတာများပါတယ်။ ယောက်ျားအများစုက လမ်း ခွဲရအောင်ဆိုတဲ့ စကား ကို သူတို့ဘက်ကနေ အရင်စပြီး ပါးစပ်ကနေ ဖွင့်မပြောပေမယ့် တစ်ဖက် မိန်း ကလေး သူ့အပေါ် စိတ်ပျက်ပြီး လမ်းခွဲချင်လာအောင် လုပ်ပြ၊နေပြတ တ်ကြ ပါ တယ်။ နှုတ်ကနေ၊ပါးစပ်ကနေ ထုတ်မပြောပေမယ့် သူကိုယ့်ကို လမ်းခွဲ ချင်နေ ပြီဆိုတာကို ဘယ်လိုသိနိုင်လဲ..?ချစ်သူကောင်လေးကို လမ်းခွဲချင်လာပြီဆိုရင် ယောက်ျားတွေ (ပါးစပ်ကနေ လမ်းခွဲရအောင်လို့တော့ ဖွင့်မပြောပေမယ့်) လုပ်ပြတတ်တဲ့ အပြုအမူတွေကို ဖော်ပြပေးချင်ပါတယ်။အဲ့ဒါတွေကတော့… (၁)အေးစက်လာတာ.. ဒါကတော့ ပြတဲ့ လက္ခဏာတွေထဲမှာမှ အသိသာဆုံးတွေထဲက … Read more