မိန်းကလေးများအတွက် မင်္ဂလာဦးညအကြောင်း

မင်္ဂလာဦးည ဆိုတာ ညတွေထဲမှာ အမိုက်ဆုံးည ဖြစ်နေရမယ်လေ.. သင့်ရဲ့ မင်္ဂလာဦးညကို စိတ်ကူးယဉ်ခဲ့ ဖူးပါသလား။ မင်္ဂလာဦးညကို စိတ်ကူး မယဉ်ဖူးပါဘူး လို့ ငြင်းကြရင်တောင်မှ လက်ထပ် မင်္ဂလာပွဲကတော့ မိန်းကလေးတိုင်းရဲ့ စိတ်ကူး ထဲမှာ ကြီးစိုးထားတဲ့ အတွေးစတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကတော့ ငြင်းလို့ မရပါဘူး။ မင်္ဂလာဦးည ဆိုတာနဲ့ သင်တို့ စိတ်ကူး ယဉ်ထားသလို နှင်းဆီပွင့်ဖက်တွေ ကျဲဖြန့်ထားတဲ့ ဖဲမွေ့ယာကြီးရယ်၊ မွှေးပျံ့ လန်းဆန်းနေတဲ့ ရေချိုးကန်ကြီးရယ်၊ နောက်ပြီး အရမ်းချစ်ခင် စုံမက်နေပြီး ဆန္ဒပြင်းပြနေတဲ့ အချစ်စိတ် တွေရယ် စိတ်ကူးထဲက အတိုင်း ထပ်တူကျနေမယ် လို့ တွေးဖူးပါသလား။ လက်ထပ် မင်္ဂလာပွဲ ဆိုတာနဲ့ မင်္ဂလာဦးည ဆိုတာကလည်း ရင်ချင်းဆက် အမြွှာ ညီအစ်မတွေလို … Read more

(၆)လအဓိဌာန် ဝင်ခဲ့ရာကနေ သိန်းတစ်သောင်းခွဲကံထူးခဲ့သူ

(၆)လအဓိဌာန် ဝင်ခဲ့ရာကနေ သိန်းတစ်သောင်းခွဲကံထူးခဲ့သူ ၂၂ ကြိမ်မြောက် သိန်းတစ်သောင်းခွဲဆုကို ဂ- ၄၇၇၄၀၆ နံပတ်နဲ့ ကံထူးခဲ့တာဖြစ်ပြီး ကံထူးရှင်အမျိုးသမီးက ဘာသာရေး အလွန်လိုက်စားသူဖြစ်ကာ လွန်ခဲ့တဲ့ (၆)လလောက်ကတည်းက အဓိဌာန်ဝင်ကာ ထီထိုးခဲ့သူဖြစ်တယ်လို့ သိရပါတယ်။ “ ပေါက်တာက ကျွန်တော့်အမျိုးသမီးပါ။ မင်္ဂလာစုံတွဲကနေပေါက်တာ။ သူကဘုရားတရားအရမ်းလုပ်တယ်တယ်။ကံကောင်းတာပေါ့။ ကျွန်တော်ဆို လတိုင်း ထီ (၄)-(၅)သိန်းဖိုးထိုးတယ်။ ဆုကြီးဆိုတာမပေါက်ဖူးဘူး။ အမျိုးသမီးကလွန်ခဲ့တဲ့ (၆)လလောက်ကတည်းက အဓိဌာန်ဝင်လာတာ။ အခုလည်းတရားထိုင်နေတယ်။ သူလုပ်တဲ့ကုသိုလ်တွေက သူ့ကိုအကျိုးပေးတယ်ပြောရမလားမသိဘူး”လို့ ကံထူးရှင်ရဲ့ အမျိုးသားဖြစ်သူ ဦးစိုးဦးက Duwun ကို ပြောပါတယ်။ ကံထူးရှင် မိသားစုက မိသားစု(၆)ဦးရှိကာ အိမ်ထောင်ဦးစီးဖြစ်သူ ဦးစိုးဦးက လစဉ် ထီကို (၄)-(၅)သိန်းဖိုးထိုးလေ့ရှိသူပါ။ လစဉ် (၅)သောင်းစုတွေပေါက်လေ့ရှိပြီး ဒီလမှာ အမျိုးသမီးဖြစ်သူက ကျပ်သိန်းတစ်သောင်းခွဲကို ကံထူးခဲ့တာဖြစ်ပြီး အမျိုးသားကလည်း … Read more

မိန်းကလေးတစ်ယောက် သွက်လက်ထက်မြက်တာလား၊ ရွတာလားဆိုတာ ဒီလိုခွဲခြားနိုင်ပါတယ်…

လူတော်တော်များများဟာ မိန်းကလေးတစ်ယောက်ကို သွက်လက်ထက်မြက်တာလား၊ ရွတာလာဆိုတာ ကွဲကွဲပြားပြားမသိကြပါဘူး။ ဒါကြောင့်မို့လို့ မိန်းကလေးတစ်ယောက် အရမ်းသွက်တယ်၊ လူမှုပေါင်းသင်းဆက်ဆံရေးကောင်းတယ်ဆိုရင် ရွတယ်လို့ ခေါင်းစဉ်တပ်ပစ်လိုက်ကြပါတယ်။ ခုဖော်ပြပေးမှာကတော့ သွက်လက်ထက်မြက်တာလား ရွတာလားဆိုတာကို ခွဲခြားနိုင်မယ့် နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။ (၁) ပွင့်လင်းတယ် သွက်လက်ထက်မြက်တဲ့ မိန်းကလေးတွေဟာ ပွင့်ပွင့်လင်းလင်းသမားတွေပါ။ လူတစ်ယောက်ကို ချောရင်ချောတယ်၊ မိုက်ရင်မိုက်တယ်ဆိုပြီးစိတ်သန့်သန့်နဲ့ ထုတ်ဖော်ပြောတတ်သူတွေဖြစ်ပြီး သူတို့အရှေ့ကိုရောက်ရင်လည်း အိနြေ္ဒရရ တည်တည်ငြိမ်ငြိမ်ပဲနေကြပါတယ်။ ရွတဲ့မိန်းကလေးတွေကတော့ သူတို့ကြိုက်တဲ့သု ဒါမှမဟုတ် ချောတဲ့ကောင်လေးတွေရှေ့ရောက်ရင် အသံမျိုးစုံပေးပြီး သူတို့ရဲ့ အာရုံစိုက်မှုကို ရယူဖို့ ကြိုးစားကြပါတယ်။ (၂) မျက်လုံးမကစားဘူး သွက်လက်ထက်မြက်တဲ့မိန်းကလေးတွေဆိုတာ တစ်ခုခုကိုအာရုံစိုက်ရမယ့်အချိန် (ဥပမာ-စာသင်နေတဲ့အချိန်) တွေမှာ အပြည့်အဝအာရုံစိုက်သလို၊ မေးစရာမေးခွန်းတွေလည်း ရှိနေတတ်ပါတယ်။ မျက်လုံးလည်းမကစားကြပါဘူး။ ဒါပေမယ့် ရွတဲ့မိန်းကလေးတွေကတော့ဟိုကြည့်သည်ကြည့်၊သူတို့ရဲ့အာရုံက ယောကျားလေးတွေဆီမှာပဲရှိနေတတ်သလို၊ ကောင်လေး တွေကလွဲပြီး ဘာကိုမှစိတ်မဝင်စားကြပါဘူး။ (၃) ပေါင်းသင်းဆက်ဆံရာမှာ … Read more

မန္တလေးသားတွေ သတိမမူခဲ့ကြတဲ့ ဈေးချိုအနောက်နားက ဆင်နဲ့ မိကျောင်းတံတား တို့ရာဇဝင်အကြောင်း

မန္တလေးသားတွေ သတိမမူခဲ့ကြတဲ့ ဈေးချိုအနောက်နားက ဆင်နဲ့ မိကျောင်းတံတား တို့ရာဇဝင်အကြောင်း မန္တလေး ဈေးချိုတော်ကြီး အနောက်နားတွင် ဆင်နှစ်ကောင် နှင့် မိကျောင်း နှစ်ကောင်ရှိတာ နှောင်းခေတ် မန္တလေးသားတွေ သတိမမူခဲ့ကြပေ။ တကယ်တော့ ထိုဆင်နှင့် မိကျောင်းကြီးတွေက မန္တလေးမြို့ မတည်ခင်ကတည်းက ရှိနေခဲ့ကြခြင်းဖြစ်သည်။ ယခုအခါ သူတို့ သက်တမ်းက နှစ် ၁၇၀ကျော်ပြီပေါ့။ ဆင်တံတား ဆင်တံတားဟူသည် ဈေးချိုတော်ကြီး အနောက်ဘက် ၈၆လမ်း ၂၇လမ်းနှင့် ၂၈လမ်းကြားရှိ အုတ်အင်္ဂတေဖြင့် တည်ဆောက်ထားသော ဆင်ရုပ်ကြီး နှစ်ကောင်ရှိရာ အုတ်တံတားကြီးဖြစ်သည်။ အဆိုပါအုတ်တံတားကြီးက အိမ်တော်ရာဘုရား အရှေ့မုခ်အထိ ရှည်လျားသည်။ အိမ်တော်ရာဘုရားကို မန္တလေးမြို့တည်၊ နန်းတည်နှစ်မတိုင်မီ ၁၂ဝ၉ ခုနှစ်တွင် ပုဂံမင်းက သူ၏အိမ်တော်နေရာတွင် တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။ ဆင်တံတားမှာ အိမ်တော်ရာ စေတီတော်ကြီးပြီးမှ … Read more

(၂၂) ကြိမ်မြောက်အောင်ဘာလေ ထီပေါက်စဉ် ” ထီ “တိုက်လို့ရပါပြီ

(၂၂) ကြိမ်မြောက်အောင်ဘာလေ ထီဖွင့်ပွဲ ထီပေါက်စဉ် Up t o Date 1.12.2020 (၂၂)ကြိမ်မြောက်ထီပေါက်ဂဏန်းများ သိန်းတစ်သောင်းခွဲဆုကြီး ဂ ၄၇၇၄၀၆ သိန်းတစ်သောင်းဆုကြီး ကဂ ၁၉၉၃၆၂ သိန်းငါးထောင်ဆုကြီး ဟ ၆၇၂၈၃၅ ကက ၂၅၉၉၃၄(ကံပေါ်ကြီး) သိန်းနှစ်ထောင်ဆု ထ ၁၉၃၇၀၄ င ၇၆၂၇၇၈ ကဃ ၂၅၀၉၇၉ ဘ ၉၁၁၈၀၂ သိန်းတစ်ထောင်ဆုကြီး ဂ ၁၀၂၃၃၂ ဏ ၉၄၆၀၃၇ ဠ ၆၆၇၆၅၇ သ ၃၂၂၇၃၈ ကဂ ၈၇၄၀၂၁ ဆယ်သိန်းမှသိန်း၁၅၀၀၀ထိအက္ခရာနဲ့ဂဏန်းအားလုံးအစဉ်လိုက်တူမှရမည် ဝေဝေဆာဆာပဒေသာ (၃) သိန်းဆု အက္ခရာနဲ့ရှေ့ဂဏန်း (၅)လုံးအစဉ်လိုက်တူရမည် ယ ၇၀၇၁၅ ဃ ၃၅၆၄၄ ထ ၉၂၂၈၈ ဆ ၈၄၉၈၄ … Read more

အမျိုးသမီးတွေ အမှန်အတိုင်း ဖွင့်ဟလေ့မရှိတဲ့ အချက် (၄) ချက်

ရိုးသားမှုဆိုတာ ချစ်ခြင်းတစ်ခုမှာ အရေးအကြီးဆုံး မရှိမဖြစ်ပါပဲ။ သို့ပေမယ့်လည်း တစ်ချို့သော အတိတ်ဖြစ်ရပ် တွေဟာ ပွင့်ပွင့်လင်းလင်း ပြောပြဖို့ အခြေအနေမပေးတာမျိုး ရှိနိုင်ပါတယ်။ အတိတ်ဟာ အတိတ်ပဲဖြစ်ပြီးတော့ အတိတ်ကိုပြန်တူးဆွရင် လက်ရှိအခြေအနေတွေ ပျက်စီးတတ်ပါတယ်။ တကယ်လို့ အတိတ်ဟာ လက်ရှိအချိန်ကို လာရောက်ထိခိုက်မှု မရှိစေနိုင်ဘူးဆိုရင်တော့ အနောက်မှာပဲ ချန်ထားခဲ့တာ ပိုကောင်းပါလိမ့်မယ်။ ကျွန်ုပ်တို့လည်း အလားတူ ရိုးသားစွာနဲ့ လိမ်ကောင်း လိမ်မိဖူးကြပါလိမ့်မယ်။ ဒီဆောင်းပါးလေးကတော့ မိန်းကလေးတွေအနေနဲ့ အမှန်အတိုင်း ဖွင့်ပြောလို့မရှိတဲ့ အရာ (၄) မျိုးအကြောင်း ဖော်ပြမှာဖြစ်ပါတယ်။ (၁)သူမ ပတ်သက်ခဲ့ဖူးတဲ့ အမျိုးသားတွေရဲ့ အရေအတွက် သူမဟာ အတွေ့အကြုံရှိတဲ့ ပရောဖက်ရှင်နယ်တစ်ယောက် ဖြစ်နေနိုင်ပါတယ်။ သူမ ရည်းစား ဘယ်နှစ်ယောက်လောက်ပဲ ထားခဲ့ထားခဲ့ သင့်အနေနဲ့ သေချာတာကတော့ သူမဟာ အရေအတွက်ကို လိမ်ထားပါပြီ။ … Read more

ဒီဇင်ဘာလ ( ၁ )လစာဟောစာတမ်း တင်ပေးလိုက်ပါပြီ….

ဒီဇင်ဘာလ တစ်လစာဟောစာတမ်းကို ဆရာစိုင်း‌‌ကျော်မင်း မှ ကိုယ်တိုင်တွက်ချက်ပြီးတင်ပေးလိုက်ပါပြီ မိတ်ဆွေတို့အနေဖြင့် ကံကြမ္မာအကောင်း၊အဆိုးများ/ဘာတွေဘယ်လိုဖြစ်နေလဲဆိုတာကို ဖတ်ရှုကြည့်ပြီး အများဖတ်ရှုနိုင်ရန်အတွက် Like & Share ပေးကြပါ။ ခုနှစ်ရက်သား၊သမီးများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး၊ ကောင်းခြင်းသုခအဖြာဖြာ နှင့် ပြည့်စုံကြပါစေ…..။ တနင်္ဂနွေသားသမီးများ ဒီတစ်လအတွင်း သင်သည် မမျှော်လင့်သောနေရာ၊မမျှော်လင့်ထားသောသူများထံမှ ငွေကြေး၊ ဥစ္စာပစ္စည်းများရရှိတတ်သည်။ ကိုယ်တကယ်ကြိုးစားထားသော အလုပ်ကိစ္စများကတော့ မအောင်မြင်တာမျိုး၊ တစ်ပိုင်းတစ်စဖြစ်ရတာမျိုးကြုံမည်။ ငယ်ရွယ်သူများအဖို့ အထူးဆန်းပွင့်နေသောကာလပင်ဖြစ်သည်။ နာမည်ဂုဏ်သတင်းမွှေးပျံကျော်ဇောလိမ့်မည်။ လုပ်ငန်းခွင်အတွင်း ချီးမွမ်းခံရမည်။ ရန်များတတ်သည်မနာလိုသူများ၊ အပြိုင်အဆိုင် များမည်။ (အထူးသတိထားပါ)။ အိမ်တွင်းရေးကိစ္စများကြောင့် လွန်စွာ စိတ်အနှောက်အယှက်ဖြစ်ရလိမ့်မည်။ ခရီးများမကြာခဏ ထွက်ရလိမ့်မည်။ မရောက်ဖူးသောဒေသ၊ ရပ်ဝေးမြေခြားတွေကို ရောက်ရမည့် ကာလလည်းဖြစ်သည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးအတွက် သောကရောက်မည်။ အိမ်ထောင်ဘက်နှင့် မကြာခဏစကားများရတာမျိုး၊ နားလည်မှုလွဲရတာမျိုးကြုံရတတ်ပါသည်။ အာမခံတာမျိုး၊ တာဝန်ယူတာမျိုး … Read more