အိမ်သုံးဆားနဲ့ရောဂါကို အမြစ်ကိုပြတ်မှာ
အိမ်သုံးဆားနဲ့ရောဂါကို အမြစ်ကိုပြတ်မှာ ၁။ ကလေးများဥတုအကူးတွင် ချွဲပူထပြီးချောင်းဆိုးရင် ကြပ်ရောဂါဖြစ်လျှင် အိမ်သုံးဆားကို ကွမ်းရွက်တွင် ကန်တော့ထိုး၍ အထုပ်ငယ်လေးများပြုလုပ်ကာ သံပြားပေါ်တွင်တင်၍ မီးအပူပေးပြာချပါ ထိုကွမ်းရွက် + ဆား ပြာကိုသံပရာရည်ဖြင့် ဖျော်၍ တိုက်ပေး၊ လျက်ပေးလျှင် ချောင်းဆိုးရင်ကျပ်ရောဂါ ပျောက်ကင်းစေနိုင်သည်။ ၂။ လူကြီးများရေချိုးမှားအပူငုပ်၍ ချောင်းဆိုးလျှင် အိမ်သုံးဆားဟင်းစားဇွန်းတစ်ဇွန်းကို ဒယ်အိုးဖြင့် နီအောင်လှော် ပူနေတုန်းသံပရာသီးတစ်လုံး အရည်ညှစ်ချဖျော်ပြီး လျက်ပေးပါ။ အပူငုပ်အသံဝင် ချောင်းဆိုးပျောက်ကင်းနိုင်သည်။ ၃။ ဥတုအကူးအပြောင်းတွင် လေတိုက်အခိုးငုပ်၍ ခန္ဓာကိုယ်အရေပြားတွင် မိတ်ကဲ့သို့ ယားဖုများထွက်လျှင် သနပ်ခါးအမြစ်ကို ဆားဖြင့်ရောသွေးလိမ်းခြင်းဖြင့် သက်သာစေနိုင်သည်။ ၄။ မိတ်အိုင်းကဲ့သို့ ယားဖုကြီးများထွက်လျှင် ခရေပွင့်ခြောက်ကို ဆားအနည်းငယ်ဖြင့် သနပ်ခါးကျောက်ပျဉ်တွင် ရောသွေးလိမ်းလျှင် ပျောက်ကင်းနိုင်သည်။ ၅။ သာမန်မျက်စိနာ မျက်စိနီရဲသူများ ဆားရည်ဖျော်၍ အရည်ကြည်ကိုမျက်စဉ်းခတ်ပေးလျှင် မျက်စိနာခြင်း၊ … Read more