ညအိပ်ချိန်မှာ ဘရာဇီယာချွတ်အိပ်သင့်သလား ? မိန်းခလေးတိုင်းကို ဖတ်စေချင်ပါတယ်…
မိန်းကလေးအချို့က ဘရာဇီယာကို အချိန်တိုင်း၊ အချိန်ပြည့် ဝတ်ထားရတာကိုပဲ သက်တောင့်သက်သာ ရှိတယ်လို့ ဆိုပါတယ်။ ဘရာဇီယာက ရင်သားတွဲကျခြင်းနှင့် ရင်သားပုံ မကျခြင်းတို့မှ ကာကွယ်ဖို့ အတွက် အမြဲ ဝတ်ထားသင့်တယ် ဆိုပေမယ့်လည်း ညအိပ်တဲ့ အခါမှာတော့ မဝတ်သင့်ပါဘူးနော်။ ညအိပ်တဲ့ အခါမှာ ဘရာဇီယာ ဝတ်အိပ်ခြင်းကြောင့် ကျန်းမာရေး အတွက် ဘယ်လို ဆိုကျိုးတွေ သက်ရောက်နိုင်လဲ ဆိုတာကို သိရှိနိုင်ဖို့ အတွက် ဝေမျှပေးလိုက်ပါတယ်နော်။ (၁) ညအိပ်ချိန်မှာ တင်းကြပ်နေတဲ့ ဘရာဇီယာ ဝတ်အိပ်ခြင်းကြောင့် သွေးလည်ပတ်မှုကို အနှောင့်အယှက် ဖြစ်စေပြီး ရင်သား ကြီးထွားမှုကို နှောင့်နှေးစေပါတယ်။ ဒါ့အပြင် ဟော်မုန်းဓာတ် မညီညွတ်ခြင်းကြောင့် စိတ်ခံစားမှု အတက်အကျ မြန်ခြင်း စတဲ့ ကျန်းမာရေး ဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်တာကြောင့် ညဘက်အိပ်တဲ့ … Read more
အနမ်းပေးခြင်းကနေရရှိမယ့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ
အနမ်းဆိုတဲ့အရာက ကမ္ဘာပေါ်မှာရှိတဲ့ အလှပဆုံးနဲ့ အချိုမြိန်ဆုံးအရာတွေထဲမှာ တစ်ခုပါဝင်ပါတယ်တဲ့နော်။ လူတွေက ကိုယ့်ရဲ့ချစ်ခြင်းတွေကို ဖော်ပြတဲ့အနေနဲ့ အနမ်းပေးလေ့ရှိကြပါတယ်။ ကလေးလေးတွေ၊ ခွေးလေးကြောင်လေးတွေနဲ့ ကိုယ်ချစ်ရသူတွေကို ပွေ့ဖက်နမ်းတတ်ကြပါတယ်။ ဒီလို အနမ်းပေးခြင်းက စိတ်ဖိစီးမှုကို လျော့ချပေးသလို ကျန်းမာရေးဆိုင်ရာ အံ့မခန်း အကျိုးကျေးဇူးတွေလည်း ရှိနေပါတယ်နော်။ ဒီတော့ သိပ္ပံပညာရှင်တွေက ချစ်ရတဲ့သူအချင်းချင်း များများနမ်းပေးခြင်းက ဒီလိုအကျိုးကျေးဇူးတွေ ရှိနေတယ်လို့ ဆိုထားပါတယ်။ အချစ်ဟော်မုန်းတွေကို ထုတ်လွှတ်ပေးတယ် ချစ်သူကို နမ်းမိတဲ့အချိန်မှာ ကွဲပြားတဲ့ ကောင်းမွန်တဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ပေးတဲ့အတွက် သင့်ရဲ့ခံစားမှုကို ကောင်းမွန်စေပါတယ်။ ဒါကို အချစ်ဟော်မုန်းလို့ခေါ်ပြီး oxytocin နဲ့ vasopressin တို့ကို ခန္ဓာကိုယ်ကနေ ထုတ်လွှတ်ပေးတဲ့ အတွက်ကြောင့် ဒီလိုခံစားရတာ ဖြစ်ပါတယ်။ ဒါဟာ လူတစ်ယောက်ကို ပျော်ရွှင်သွားအောင် လုပ်ဆောင်ပေးနိုင်တဲ့ အရာပဲ ဖြစ်ပါတယ်။ … Read more
ဆံပင်တွေပါးလွှာပြီး ပျက်စီးသူများအတွက် ဆံပင် အုံပိုထူစေမယ့် နည်းလမ်း (၈)ခု
ဆံပင်တွေပါးလွှာပြီး ပျက်စီးသူများအတွက် ဆံပင် အုံပိုထူစေမယ့် နည်းလမ်း (၈)ခု ဆံပင်ဟာ ကျွန်မတို့ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေလိုပဲ အထူးဂရုစိုက်မှု လိုအပ်ပါတယ်။ ဆံပင်တွေပါးလွှာပြီး ပျက်စီးသူများအတွက် ဆံပင်ကို ကျန်းမာသန်စွမ်းစေဖို့ နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်မယ်နော် (၁) ကြက်ဥ ၊ဒိန်ချဉ်တို့ဖြင့် ပေါင်းတင်ပါ ဥတွေမှာ ပရိုတိန်း၊ ဘိုင်အိုတင်းနှင့်် ဗီတာမင် B11 တို့ ကြွယ်ဝတာကြောင့် ပါးလွှာပြီး အဆီပြန်တဲ့ဆံပင်ကို သန်စွမ်းစေပါတယ်။ ကြက်ဥကို ဂရိဒိန်ချဉ်နှင့် ရောပါ။ ဆံပင်မှာလိမ်းပြီး တစ်နာရီလောက်ထားပါ။ ပြီးမှ ခေါင်းလျှာ်ပေးပါ။ (၂) gelatin အမှုန့်ကို essential oil နှင့်ရောပါ gelatin အမှုန့်မှာ ပရိုတင်းဓါတ်များစွာ ပါရှိပါတယ်။ ခွက် တစ်ဝက်လျှင် ပရိုတင်း၂ဂရမ်နီးပါး ထောက်ပံ့ပေးပါတယ်။ ပါးလွှာပြီး ပျက်စီးနေသောဆံပင်ကို ထူပြီးခိုင်မာစေဖို့ … Read more
ဆောင်းရာသီမှာ နေ့စဉ်ရေမချိုးသင့်တဲ့ အကြောင်းအရင်း
ဆောင်းတွင်း မနက်ခင်းတိုင်း ရေချိုးခန်းထဲဝင်ဖို့ တိုက်ပွဲဝင်ရသူတွေရှိသလား။ ဒါဆိုရင်တော့ ဒီစာစုလေးက သင့်ကို ပျော်ရွှင်စေမှာ ဖြစ်ပါတယ်နော်။ လေ့လာသူတွေက ဆောင်းရာသီမှာ ဘာလို့ နေ့စဉ်ရေမချိုးသင့်လဲဆိုတဲ့ အကြောင်းပြချက်လေးများကို တင်ပြထားကြပါတယ်။ (၁)ဆောင်းတွင်းမှာ ရေ နေ့တိုင်းမချိုးလည်း ရတာပဲလေ။ ဆောင်းတွင်းမနက်ခင်းမှာ ရေထိတာနဲ့ ကြက်သီးတွေထကြတာ လူတိုင်းကြုံတွေ့ဖူးပါလိမ့်မယ်။ ဒါဟာ ကောင်းတဲ့အချက်ပြစနစ်တစ်ခု ဖြစ်ပါတယ်။ ကျွမ်းကျင်သူများအဆိုအရ နေ့စဉ် လိုအပ်တာထက် ရေချိုးပါက အရေပြားပေါ်တွင် မြောင်းများ ဖြစ်ပေါ်လာနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဆောင်းတွင်းမှာ မလိုအပ်ဘဲ နေ့စဉ် ရေမချိုးသင့်ပါဘူး (၂)သင်ဟာ ညစ်ပတ်သူတစ်ယောက် မဟုတ်ရင်ပေါ့။ လေ့လာချက်များအရ ကျွန်မတို့ အရေပြားဟာ အညစ်အကြေးတွေကို သူ့အလိုလို သန့်စင်နိုင်ပါတယ်။ ဒါကြောင့် သင်ဟာ ချွေးအလွန်ထွက်တတ်သူ သို့မဟုတ် ကာယလေ့ကျင့်ခန်းများ ပြုလုပ်သူဆိုပါက ရေချိုးဖို့ … Read more
ညညည်းနက်တဲ့အထိ အိပ်ယာထဲအထိ ဖုန်းသုံးခြင်းရဲ့ ဆိုးကျိုးများ
ကျန်းမာရေးပါရဂူကြီးများရဲ့ လေ့လာတွေ့ရှိချက်အရ လူသားတွေအတွက် အကောင်းဆုံး အိပ်စက်အနားယူချိန်ဟာ ည ၁၁ နာရီမှ မနက် ၃ နာရီအတွင်းဖြစ်တယ်လို့ သိရပါတယ်။ဒီအဆိုကို ဆေးပညာရှင်များအားလုံးနီးကလည်း လက်ခံထားကြပါတယ်။ ၁၁-၃ အတွင်း အနားမယူပဲ အလုပ်တစ်ခုခု လုပ်နေမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်စေလိမ့်မယ်။ ချက်ချင်းမဟုတ်ပေမယ့် ရေရှည်မှာ ဆိုးဝါးလာစေနိုင်ပါတယ်။ အကြောင်းကတော့ လူ့ခန္ဓာကိုယ်ထဲမှာ အဓိကအရေးကြီးဆုံး အလုပ်လုပ်ပေးနေတဲ့ အသည်းဟာ ၁၁-၃ အချိန်မှာ လူတို့စားသုံးထားတဲ့ အစားအစာများထဲမှ အဆိပ်အတောက်နဲ့ မလိုအပ်တဲ့အရာများကို စစ်ထုတ်ပေးနေရလို့ပါပဲ။ အသည်းရဲ့ အလုပ်လုပ်ချိန်လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။အဲဒီအချိန်အတွင်း ခန္ဓာကိုယ်ကို အနားပေးထားရပါတယ်။ အိပ်စက်အနားယူရပါတယ်။ အနားမပေးရင် အသည်းရဲ့ လုပ်ဆောင်မှုများကို ထိခိုက်လျှော့နည်းစေပြီး အသည်းကို တဖြေးဖြေး ပျက်စီးသွားစေပါတယ်။ အသည်းမကောင်းတော့ရင် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်များ ပုံမှန်မလည်ပတ်နိုင်တော့ပဲ စက်ပစ္စည်းတစ်ခုခုမှာ မူလီတစ်ခု … Read more
ရှမ်းပြည်နယ်၊လွိုင်လင်ခရိုင် မှ ထူးဆန်းသောမျက်နှာရှိတဲ့ မျောက်ဝင်စား အမျိုးသမီး (ရုပ် သံ)
“ ရှမ်းပြည်နယ်၊လွိုင်လင်ခရိုင် မှ ထူးဆန်းသောမျက်နှာရှိတဲ့ မျောက်ဝင်စား အမျိုးသမီး (ရုပ်သံ) ” ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့နယ်ခွဲမှာ ထူးဆန်းတဲ့ မျက်နှာရှိ ရှမ်း အမျိုးသမီး တဦးကို ဘုရားဖူးတွေက တွေ့ရှိခဲ့ပါတယ်။ တောင်ကြီးက ဘုရားဖူးတစုဟာ ကာလိမြို့နယ်ခွဲရှိ မွေတော်ဟိုလိန်း စေတီတော်ကို သွားရောက်ဖူးမြော်စဉ် လမ်းမှာ မျက်နှာတခုလုံး မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေးတွေ ပြည့်နေတဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတဦးကိုတွေ့လို့ ခွင့်တောင်းပြီး ဗွီဒီယိုရိုက်ခဲ့တယ်လို့ စိုင်းနော်ခမ်းစင်က ဒီဗွီဘီကို ပြောပါတယ်။ “မနေ့တုန်းက ကျနော်တို့ မွေတော်ဟိုလိန်းစေတီကို သွားဖူးကြပါတယ်။ စေတီမရောက်ခင် ထမ်ကုမ့်ဂူနားရောက်တော့ မိုင်းဖုံးဆရာတော်လည်း ကြွလာမယ်ဆိုလို့ ကျနော်တို့က ဆရာတော်ကို ဖူးမြော်ဖို့ စောင့်နေတုန်း အဲဒီအဒေါ်ကြီးနဲ့ တွေ့ခဲ့တာပါခင်ဗျ။ ကျနော့်တသက်မှာ တခါမှ … Read more
တနင်္ဂနွေသားသမီးလေးကို ချစ်သူတော်မယ်ဆိုရင် ဒါလေးတွေသိသင့်တယ်နော်
မှတ်ပုံတင် ပျောက်ဆုံးသွားခဲ့လျှင် ငွေတပြားတစ်ကျပ်မှ မကုန်ဘဲ အခုနည်းအတိုင်း ပြန်လျှောက်လိုက်ပါ
“ မှတ်ပုံတင် ပျောက်ဆုံးသွားခဲ့လျှင် ငွေတပြားတစ်ကျပ်မှ မကုန်ဘဲ အခုနည်းအတိုင်း ပြန်လျှောက်လိုက်ပါ ” “မှတ်ပုံတင်ပျောက်ရင် ဒီနည်းအတိုင်းသာလုပ်ကြည့် (၁) မှတ်ပုံတင်ပျောက်ပြီး ပြန်မရနိုင်ဘူးဆိုတာနဲ့ ဘာမှဆက်လုပ်မနေပါနဲ့။ တစ်နေရာကိုပဲသွားပါ။ အဲဒါက ကိုယ်နေထိုင်ရာမြို့နယ်ရဲ့လဝကရုံးဖြစ်ပါတယ်။ ညနေစောင်းနေလည်းရုံးမပိတ်သေးဘူးဆိုရင် အမြန်ဆုံးနည်းနဲ့သာသွားပါလေ။ (၂) လဝက ရုံးကိုရောက်တာနဲ့ မှတ်ပုံတင်ပျောက်တဲ့အကြောင်းအကျိုး အကြောင်းပြောပြီး သူတို့ပေးတဲ့ ဖောင်နှစ်စောင် (ထွေ ၄ ဖောင်လို့ခေါ်ပါတယ်) ကို ၅၀၀ ပေးပြီးဝယ်ခဲ့ပါ။ကိုယ်နေထိုင်ရာမြို့နယ်နဲ့သက် ဆိုင်တဲ့ဝန်ထမ်းက ကိုယ့်ကိုအသေးစိတ်လုပ်ပေးပါတယ်။ (၃) လဝကရုံးကပေးလိုက်တဲ့ဖောင်နှစ်စောင်မှာ တစ်စောင်က ဆွေစဉ်မျိုးဆက်ဇယား (အဘိုး၊ အဘွား အထိပဲပါပါတယ်) ဖြစ်ပြီး နောက်တစ်စောင်က ကိုယ်ရေးအချက်အလက်ဖြည့်စွက်ရတာဖြစ်ပါတယ်။ နှစ် စောင်တည်းမို့ အရမ်းမများပါဘူး။ အဲဒါဖြည့်ပြီးရင်တော့ သန်းခေါင်စာရင်းနဲ့အတူ ရပ်ကွက်ရုံးကိုသွားပြီး ထောက်ခံချက်ယူရပါ တယ်။ ရပ်ကွက်ထောက်ခံစာယူသလိုပါပဲ။ (၄) နောက်တစ်နေ့မှာတော့ … Read more
မျက်ခုံးတွေ ဘာကြောင့်လှုပ်တာလဲ.. လူတိုင်း ဖြစ်ဖူးကြမှာပါ..
(အခုမှ အစုံသိရလို့ ကျေးဇူးပါ) မျက်ခုံး ဘာကြောင့်လှုပ်၊ မျက်ကွင်း ဘာလို့ ညို နဲ့ အခြား သိချင်စရာလေးများ မျက်ခုံး ခဏခဏ လှုပ်နေရင် ဘာများဖြစ်မလဲဟု စိတ်ထင့်လာတတ်သည်။ မျက်ကွင်းတွေ ညိုလာပြီဆို တစ်ခုခုများ ဖြစ်တော့မလား စိုးရိမ်ကြသည်။ အအိပ်များသွားလျှင် ကိုယ်လက်မအီမသာတွေ ဖြစ်ပြီး လေးလံထိုင်းမှိုင်း သွားရတာကရော ဘာကြောင့်လဲ။ လူပင်ပန်းလာရင်း ဖြူဖတ်ဖြူရော် ဖြစ်သွားတာ ကရော အသို့နည်း။ ၁။ ဇတ်ခနဲ ဇတ်ခနဲ မျက်ခုံးလှုပ်တာ ဘာကြောင့်လဲ။ လူသည် ပင်ပန်း နွမ်းနယ်နေသည့်အခါ၊ စိတ်ဖိစီးနေသည့်အခါ၊ အသောက်လွန်သည့် အခါမျိုးတွင် အာရုံကြောများ အားနည်းလာတတ်သည်။ မျက်လုံးတစ်ဝိုက်က ကြွက်သားများသည် နူးညံ့သိမ်မွေ့ကြသည်။ ၎င်းတို့ကို ထိန်းချုပ်သော အာရုံကြောစနစ် အားနည်းပါက လှုပ်ရှားမှု ဖောက်ပြန်တတ်ပြီး ဇတ်ခနဲ … Read more
2021ခုအတွက် ဗုဒ္ဓဟူး / ရာဟု သားသမီးများရဲ့ တစ်နှစ်စာ ကံကြမ္မာဟောစာတမ်း လာပါပြီ
2021ခုအတွက် ဗုဒ္ဓဟူး / ရာဟု သားသမီးများ တစ်နှစ်စာဟောစာတမ်း ဗုဒ္ဓဟူး / ရာဟု သားသမီးများသည် ဤနှစ်တွင် ကံကြမ္မာက ဆိုးမလိုလိုနှင့်အကောင်းဘက်ကို အလေးသာ တာ ကိုတွေ့ရပါတယ်။မိမိအတွေ့အကြုံများအပေါ် မူတည်၍ လုပ်ငန်းများတွင် အခွင့်အရေးကောင်းများ ရရှိပြီး အောင်မြင်မှုများ ဆွတ်ခူးရယူနိုင်ပါသည်။ မိမိတတ်သိနားလည်ထားတဲ့ပညာတွေကိုအစွမ်းကုန် ထုတ်သုံးတတ် ဖို့လို ပါတယ်။ သို့သော်တစ်ပါးသူအပေါ်အားကိုးမရသောကာလဖြစ်ပါသည်။လူရွယ်များ၊လူလတ်ပိုင်းများခေါင်းအေးအေး ထားပြီး စဉ်းစားဖို့လိုပါတယ်။…ငါဘာလုပ်တတ်လဲ…ဘာတွေလုပ်ချင်လဲ….ဘာဝါသနာပါလဲပြန်မေး ပါ။ မိမိအားသာတဲ့ အချက်တွေကို ထုတ်ယူအသုံးချမှအဆင်ပြေပါလိမ့်မယ်။ ဒီနှစ်ဟာ ဗုဒ္ဓဟူး၊ရာဟု သားသမီးတွေအားလုံးလိမ္မာပါး နပ်ဖို့လိုအပ်သလို…ခပ်တုံးတုံးနဲ့ ဆင်ခြင်တုံတရားနည်းတဲ့သူတွေကတော့ ဒုက္ခများနိုင်ပါတယ်။ အခွင့်အရေးတွေက အရိပ်ပြရုံလောက်သာ ပြမည်။ ကိုယ်က အရိပ်ပြလို့အကောင်မမြင်ဘူးဆိုရင်တော့ ဒီနှစ်ဟာ တိုးတတ်ဖို့လမ်းစမမြင် ပါဘူး။ စက်သုံးဆီရောင်းဝယ်ခြင်း၊ ဖျော်ရည်ယမကာများ၊ ကွန်ပျူတာနှင့် ဆက်သွယ်ရေးပစ္စည်းများ၊ ရွှေထည်၊ ငွေထည်၊ ကျောက်မျက်ရတနာများ တူးဖေါ်ရောင်းဝယ်ခြင်း … Read more