အမျိုးသမီး တွေပြောတဲ့ အိပ်ရာထဲမှာ မလုပ်သင့်တဲ့ အရာများ
အမျိုးသားအများစုဟာ ချစ်တင်းနှောဖို့ အိပ်ရာထဲရောက်သွားရင် စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားတတ်ကြပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေကို မေးမြန်းစုံစမ်းထားတဲ့ အဖြေတွေအရ ချစ်ပွဲဝင်တဲ့အခါမှာ သတိမလွတ်ပဲ ဆင်ခြင်သင့်တာတွေ၊ ကြိုတင်ပြင်ဆင်သင့်တာလေးတွေ ရှိပါတယ်။ ၁။ လက်သည်းညှပ်ပါ သင့်ရဲ့လက်တွေက အောက်ပိုင်းကို ဆင်းတော့မယ်ဆိုရင် သေချာသန့်ရှင်းစင်ကြယ်နေပြီး လက်သည်းတွေကိုလည်း သပ်သပ်ရပ်ရပ် ညှပ်ထားဖို့ လိုပါတယ်။ ဒီအချက်ကို မပေါ့ပါနဲ့။ ၂။ အလျင်မလိုပါနဲ့ ဖြည်းဖြည်းမှန်မှန် အောင်ပွဲခံ ဆိုတဲ့ စကားက ဒီနေရာလက်တွေ့အသုံးချရမှာပါ။ ကနဦးပွတ်သပ်ချော့မြူမှုလေးတွေ အလုံအလောက်နဲ့ ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေး လှုပ်ရှားတာက နှစ်ယောက်စလုံးအတွက် ခံစားမှုကို ပိုကောင်းစေပြီး သာယာမှုပိုရှိစေမှာပါ။ ၃။ မပြောမဆိုနဲ့ အနောက်တံခါးကို သွားမစမ်းပါနဲ့ မလုပ်ပါနဲ့၊ မလုပ်နဲ့ဆို လုံးဝမလုပ်ပါနဲ။ မသိဘူးဆိုရင် ပြောပြပါမယ်။ အနောက်ပေါက်ကို အသုံးပြုဖို့က ပြင်ဆင်မှုတွေ လိုအပ်ပါတယ်။ … Read more
အပျံသင်ခါစ သမီးငယ်တွေ သတိထားနိုင်ဖို့ ကိုယ်တိုင်ကြုံခဲ.သူတွေရဲ. ဖြစ်ရပ်မှန်တွေ
ကျွန်မက ပိုင်းလုံးတွေအကြောင်းရေးတော့ အမျိုးသမီးတချို့က ရယ်စရာလို သဘောထားပြီး ကွန်မန့်လာပေးကြတယ်။ သူတို့ကိုယ်သူတို့ ယုံကြည်မှု အပြည့်ရှိတယ်ထင်ရင် ကျွန်မဝမ်းသာရမှာပါ ။ ဟိုးတလောက ဆရာဝန်မလေးတယောက် ဒူဘိုင်းက မြန်မာတယောက်နဲ့ ငြိပါတယ်။ ဟိုက ဘယ်လောက်အပြောကောင်းတယ်မသိဘူး။ ဆရာဝန်မလေးက အိုင်ဖုန်းတလုံးဝယ်ပေးလိုက်တယ်။ အပြင်မှာ မတွေ့ဖူးဘူးနော်။ ရသမျှ ချူနေရင်း ကြာတော့ မူမမှန်တာ သိလာတယ်။နောက်တော့ဆရာဝန်မလေးက live လွှင့်ပြီး အကြောင်းစုံဖွင့်ချလို့ အဲဒီကောင်အကြောင်း ဗူးပေါ်သလို ပေါ်လာမှ ဖုန်းဖိုးငွေတွေ ပြန်ပေးပါတယ်။ အဲဒီကောင်ဟာ ကျွန်မအကောင့်မှာပါ လာအက်ထားတာ တွေ့ရတယ်။နောက်တခါ ညီမလေးတယောက် သူ့ ကိုယ်တွေ့ အဖြစ်အပျက်ကို ကျွန်မကို ဝန်ခံရင်း ရင်ဖွင့်ပါတယ်။ အဲဒီညီမလေးက ဖြူဖြူချောချောလေးပါ။ အသက်ကလည်း (၂၅) ကျော်ကျော်ပဲရှိတယ်။သူက ဘန်ကောက်မှာမာစတာတက်နေရင်း မြန်မာပြည်က လူတယောက်နဲ့ သိပါတယ်။ … Read more
ယောက်ျား တိုင်းသိထားသင့်တဲ့ မိန်းကလေးတွေရဲ့ ပြသနာများ
ယောက်ျားတွေနဲ့ မိန်းမတွေ အမြင်ခြင်း မတူတတ်ကြပါဘူး။ ယောက်ျားတွေက ပြသနာတွေကို ပေါ့ပေါ့ထားတတ်တဲ့ သဘောရှိပြီး မိန်းမတွေကတော့ ပြသနာ အသေးအမွှားလေးကိုတောင် အလေးအနက် သဘောထားကြပါတယ်။ အဲဒါဟာ ယောက်ျားတွေ ဘာကြောင့် အငြင်းအခုန်တွေမှာ ရှုံးရတာလဲနဲ့ ရည်းစားတွေ ဘာကြောင့် ပြတ်ရတာလဲဆိုတာရဲ့ အဓိက တရားခံပါ။ မိန်းမတွေ ကြုံတွေ့ရတဲ့ ပြသနာကြီးများ အောက်မှာ မိန်းမတွေ သမီးရည်းစားဘဝမှာ ကြုံတွေ့ရတဲ့ ပြသနာတွေကို ပြောပြထားပါတယ်။ ဆက်သွယ်ရေး ပြသနာများ ၁. မိန်းမတွေဟာ စကာပြောခြင်းအပေါ် အရမ်းမှီခိုပါတယ် ယောက်ျားတွေအတွက်ကတော့ စကားပြောတယ်ဆိုတာ သတင်းအချက်အလက် ဖလှယ်ဖို့ပါ။ မိန်းမတွေကတော့ ကြင်နာမှု ပြချင်လို့၊ ပွတ်သီးပွတ်သပ်နေချင်လို့ စကားပြောကြတာပါ။ နောက်တစ်ကြိမ် သင့်ရဲ့ချစ်သူနဲ့ စကားပြောရင် ” သူကငါ့ကို မေးခွန်းတွေနဲ့ ရူးသွားအောင် လုပ်နေတာပဲ” … Read more
မိန်းမ(၄)ယောက်ယူထားတဲ့သူရဲ့ မယားကြီးပြောပြတဲ့ မျှဝေစားနေရတဲ့ အချစ်ရေးအကြောင်း
လူ ဆိုတာ မုန့် ကိုတော့ ဝေစားမယ်၊ အချစ်ကိုတော့ ဝေမစားနိုင်ဘူးလို့ တော်တော်များများ ခံယူထားကြသူတွေပါ။ ရှားရှားပါးပါး၊ မယားအမြောက်အများ၊ လင်အမြောက်အများ ယူပြီး အချင်းချင်း ကြည်ဖြူနေသူတွေလည်း လောကကြီးမှာ ရှိနေပါသေးတယ်။ အခုလည်း တရားဝင် မယားကြီးတစ်ယောက်ဟာ ခင်ပွန်းသည်ရဲ့အချစ်ကို တစ်ခြားလင်ညီအစ်မ(၃)ယောက်နဲ့ မျှဝေနေရခြင်းအပေါ်မှာ သူမရဲ့ သဘောထား ဘယ်လိုရှိတယ်ဆိုတာကို ထုတ်ဖော်ခဲ့ပါတယ်။ သူမရဲ့ Waraphon Pruksawan နာမည်ကတော့ ဖြစ်ပြီး၊ တရားဝင် မယားကြီးပါ။ မယား(၃)ယောက်နဲ့ ဘဝတုန်းက အဲဒီအမျိုးသားအနေနဲ့ ကျဉ်းထဲကြပ်ထဲ ရောက်နေတော့မှာပဲလို့ လူတွေက တွေးခဲ့ပေမယ့်၊ ယခုနှစ် အစောပိုင်းမှာ နောက်ထပ်မယားတစ်ယောက် ရယူခဲ့ပြီး၊ လေးယောက်မြောက် မယားကို တော်ကောက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ Waraphon ကတော့ အခြားမယား(၃)ယောက်နဲ့ ခင်ပွန်းသည်ရဲ့ အချစ်ကို မျှဝေနေရခြင်းအတွက် … Read more
ယောက်ျားမသိအောင် အမျိုးသမီးတွေ တိုးတိုးလေးဖတ်ဖို့
တစ်ရက် ဗေဒင်ဟောခန်းသို့ အမျိုးသမီးတစ်ဦး ရောက်ချလာသည် ဘာအကူအညီ ပေးရမ လဲ အဒေါ်ဟု မေးလိုက်ရာ အဓိကကတော့ ကျွန်မရဲ့ ယောင်္ကျားနဲ့ သားသမီးတွေ အခုတလော အိမ်ကို ကပ်တယ်ကို မရှိဘူး ဆရာလေး။ အိမ် မကပ်တော့ ကျွန်မက စိတ်တိုင်း မကျဖြစ်။ စိတ် တိုင်းမကျတော့ ကျွန်မက အော်တော့တာပေါ့။ ကျွန်မက အော်တော့ ဒင်းတို့က နားပူတယ်ဆိုပြီး အိမ်မှာ မနေချင်ကြပြန်ဘူး။အဲဒီတော့ ဆရာရယ် ကျွန်မဖြစ်ချင်တာက ကျွန်မ ယောက်ျားနဲ့ ကလေးတွေ အိမ်ကပ်စေချင်တယ်။ အိမ်မြဲစေချင်တယ်။ ခြေမများ စေချင်ဘူး။ အဲဒါကို ကူညီပေးပါဟု ပြောလေ၏။ အင်း… အဲဒီအတွက်တော့ စိတ်မပူပါနဲ့အဒေါ်ရေ။ ကျွန်တော် အခုပြောလိုက်တဲ့ ယတြာကိုသာ ဆောင် ရွက်လိုက်ပါ။ လင်ရော သားသမီးတွေရော … Read more
အတွေ့အကြုံရှိတဲ့ ကောင်မလေးက အပျိုစင်တွေထက် ပိုပြီးလှပတယ်ဆိုတာ….
အိမ်ထောင်ကျပြီး အမျိုးသမီးတွေ လှပလာတယ် ဆိုတာဟာ…… ၁။ ခင်ပွန်းသည်က စိတ်ချမ်းသာအောင် ထားလို့ တစ်ချို့ အမျိုးသမီးတွေ အိမ်ထောင်ကျပြီးမှ ပိုပိုလှလာတာကိုတွေ့ကြမှာပါ။ အဲဒါ ဘာကြောင့် လှပလာရသလဲ ဆိုတဲ့ အကြောင်းများစွာ ထဲမှာမှ ခင်ပွန်းသည်က စိတ်ချမ်းသာအောင် ထားတဲ့ အချက်လည်း သင် မမေ့ပါနဲ့။ ၂။ အိမ်ထောင်ရေး သာယာလို့… အိမ်ထောင်ရေး မသာယာတဲ့ အမျိုးသမီး တစ်ယောက် အနေနဲ့ အလွန် စိတ်ညစ်ရပါလိမ့်မယ်။ရုပ်ပိုင်းဆိုင်ရာ ဆိုတာ စိတ်ပိုင်းဆိုင်ရာ နဲ့ ဆက်စပ်နေတဲ့ အတွက်….. အိမ်ထောင်ရေး သာယာလို့ ပျော်ရွှင်ရတဲ့ အမျိုးသမီး တစ်ယောက် အတွက်က စိတ်ပျိုလို့ ကိုယ်ပါနုလာတဲ့ သဘောပါ။ ၃။ ချစ်ခြင်း မေတ္တာ ….. မေတ္တာ တရားဆိုတာ တိုင်းတာလို့မရ … Read more
သူများမြေကို တစ်လက္မလေးတောင် ချဲ့မယူမိစေနဲ့ အရမ်းကြောက်ဖို့ကောင်းတယ်
ဒီလိုနေ့တွေမှာ ဆံပင်ညှပ်ပါက လာဘ်တိတ်စေတတ်သည်
ဒီလိုနေ့တွေမှာ ဆံပင်ညှပ်ပါက လာဘ်တိတ်စေတတ်သည် ။ဒါဆိုဘယ်နေ့တွေမှာ ဆံပင်ညှပ်မလဲ ဖတ်ကြည့်လိုက်ပါ… ဒီလိုနေ့တွေမှာ ဆံပင်ညှပ်ပါက လာဘ်တိတ်စေတတ်သည် ဘယ်နေ့တွေမှာဆံပင်ညှပ်မလဲ …. ဆရာကြီးများက ခုနစ်ရက်သားသမီးများ၏ ကောင်းကျိုးကို ချင့်ချိန်စဉ်းစားပြီး ဆိုရိုးစကားများ ထားရှိခဲ့ပါတယ် ။ ဒါ့ကြောင့် ရှေးစကားအလင်္ကာအရ မိမိမွေးနေ့ ၊မိမိရဲ့အညွန့်နေ့ ၊မိမိရဲ့ဆပွတ်နေ့ဒီသုံးရက်မှာဆံပင်မရိတ်သင့်ဘူး ၊ ဆံပင်မညှပ်သင့်ပါဘူး လို့မှတ်ယူရပါသည်။ တနင်္ဂနွေသားသမီးများက တနင်္ဂနွေ၊တနလာင်္၊သောကြာနေ့တွေမှာ ဆံပင်မညှပ်သင့်ပါ။ တနလာင်္သားသမီးများက တနလာင်္၊အင်္ဂါ၊စနေနေ့တွေမှာဆံပင်မညှပ်သင့်ပါ….။ အင်္ဂါသားသမီးများက အင်္ဂါ ၊ဗုဒ္ဓဟူး၊တနင်္ဂနွေနေ့တွေမှာ ဆံပင်မညှပ်သင့်ပါ။ ဗုဒ္ဓဟူးသားသမီးများက ဗုဒ္ဓဟူး၊ကြာသပတေး၊တနလာင်္နေ့ တွေမှာဆံပင်မညှပ်သင့်ပါ။ ကြာသပတေးသားသမီးများက ကြာသပတေး၊သောကြာ၊အင်္ဂါနေ့ တွေမှာဆံပင်မညှပ်သင့်ပါ။ သောကြာသားသမီးများက သောကြာ၊စနေ၊ဗုဒ္ဓဟူးနေ့တွေမှာဆံပင်မညှပ်သင့်ပါ။ စနေ၊သားသမီးများက စနေ၊တနင်္ဂနွေ၊ကြာသပတေးနေ့ တွေမှာဆံပင်မညှပ်သင့်ပါ။ ဗေဒင်ယတြာများကို ဖတ်ရှုလေ့လာကြသူများလည်း လုပ်ထားပေးနော်….ကျေးဇူးအထူး တင်ရှိပါသည်။ သင်ဆရာ မြင်ဆရာကြားဆရာများအားလုံးကို အစဉ်ဦးညွှတ်ကန်တော့လျက်…..။ရှေးဗေဒင် unicode ဒီလိုနေ့တွေမှာ … Read more
ကိုယ့်ဘဝလက်တွဲဖော်အဖြစ် ဘယ်တော့မှ မရွေးချယ်သင့်တဲ့ ယောကျာ်းအမျိုးအစား(၄)မျိုး
ဘဝလက်တွဲဖော်မရွေးချယ်ခင်မှာ သေချာလေး အလေးအနက်ထား စဉ်းစားဖို့တော့ လိုအပ်ပါတယ်။ ဘဝမှာ အချစ်တစ်ခုတည်း ရှိရုံနဲ့ ဘဝကြီးက ပြီးပြည့်စုံသွားတာ မဟုတ်ပါဘူး။ ဒီတော့ ကိုယ့်ဘဝလက်တွဲဖော်ကို ရွေးချယ်တော့မယ့်အချိန်မှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေ အများကြီး ရှိလို့နေပါတယ်။ ဒီတော့ ကိုယ့်ဘဝလက်တွဲဖော်အဖြစ် ဘယ်တော့မှ မရွေးချယ်သင့်တဲ့ သူမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဦးဆောင်နိုင်စွမ်း မရှိတဲ့သူ ကိုယ့်ဘဝရဲ့ အိမ်ထောင်ဦးစီးဖြစ်လာမယ့် သူတစ်ယောက်ဟာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေနဲ့ ဦးဆောင်နိုင်စွမ်းတွေတော့ ရှိဖို့လိုအပ်ပါတယ်။ ဘဝကို အတူတူ လက်တွဲသွားကြတဲ့အခါ မိန်းမသားဖြစ်တဲ့ ကိုယ်ကချည်း ဦးဆောင်နေလို့လည်း မဖြစ်ပြန်ပါဘူး။ ကိုယ့်ဘဝရဲ့ နေ့ရက်တွေမှာ ကိုယ်ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးမယ့် ဦးဆောင်နိုင်စွမ်းရှိတဲ့ သူကသာ ကိုယ့်ရဲ့ လက်တွဲဖော်ဖြစ်သင့်ပါတယ်။ အမြဲတမ်း လိမ်ညာတတ်တဲ့ သူ လူတွေက အလိမ်အညာစကားတွေနဲ့ သိပ်တော့မကင်းတတ်ကြပါဘူး။ … Read more
အချစ်ရေးမှာ ဒီလို စိတ်နေစိတ်ထားမျိုးတွေ ရှိနေရင်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး
အချစ်ရေးကိစ္စ တွေမှာ ငါဘာလို့အမြဲအဆင်မပြေဖြစ်နေရတာလဲ ၊ ငါနဲ့ကိုက်ညီတဲ့သူတော့ဒီတစ်သက်တွေ့ပါ့မလားလို့စိတ်ပူနေတဲ့သူတွေအတွက် ပြင်ဆင်သင့်တဲ့ စိတ်နေစိတ်ထားလေးတွေလည်းရှိပါတယ်။ အချစ်ရေးအဆင်ပြေဖို့အတွက် အရေးအကြီးဆုံး အချက် (၅) ချက်ကတော့ … (1) စံနှုန်း မြင့်နေတာ လူတစ်ယောက်မှာ ကိုယ်ပိုင် အကြိုက်နဲ့ စံနှုန်းတွေရှိတတ်ပါတယ် ။ သို့ပေမယ့် ချစ်သူရွေးတဲ့အခါမှာတော့ ငါကြိုက်တဲ့အချက်တွေမရှိလို့ ၊ ငါမျှော်မှန်းထားတဲ့ချစ်သူပုံမျိုးမဟုတ်လို့ဆိုတဲ့စိတ်မျိုးရှိနေရင်လည်း ကိုယ်နဲ့ အဆင်ပြေနိုင်တဲ့သူတွေအားလုံးနဲ့ လွဲချော်ရနိုင်ပါတယ်။ (2) မညှိနှိုင်းချင်ဘူး ရန်ဖြစ်ရင်လည်း သူပဲအလျော့ပေးရမယ် ၊ ငါကတော့ ဘလိုချေပြလိုက်မယ်ဆိုတဲ့ စိတ်မျိုးရှိနေတာက အချစ်ရေးမှာလုံးဝမကောင်းပါဘူး။ ကိုယ်မကြိုက်တာတွေကို ကိုယ့်ချစ်သူကိုပြင်စေချင်သလိုမျိုးပဲ ကိုယ့်ဘက်ကလည်း အလျော့ပေးသင့်တဲ့အခါပေးရပါမယ်။ သူပဲငါမကြိုက်တာအကုန်ပြင်ရမယ် ၊ ငါကတော့ နေချင်သလိုနေမယ် ကြိုက်ရင်နေ မကြိုက်ရင် ထွက်သွားဆိုရင်တော့ ဘယ်လို relationship နဲ့မှ ကြာကြာမြဲမှာမဟုတ်ပါဘူး (3) ကိုယ်နဲ့ … Read more