မလှောင်ပါနဲ့ သားရယ် ရှက်စရာမဟုတ်ပါ အဘွားတို့ကို မလှောင်ကြပါနဲ့ သားတို့ရယ်
မလှောင်ပါနဲ့ သားရယ် ရှက်စရာမဟုတ်ပါ….အဘွားတို့ကို မလှောင်ကြပါနဲ့ ဝေးလံခေါင်သီတဲ့ ဒေသကနေ ဘုရားလာဖူးတဲ့ အဘွားတွေကို လူငယ်တစ်ယောက် ဓာတ်ပုံရိုက်ပြီး မစူးစမ်းမဆင်ခြင်ဘဲ Onlineပေါ် တင်လိုက်တယ်….. သူတင်လိုက်တဲ့ပုံက ခဏအတွင်းမှာပဲ ပြန့်သွားပြီး တစ်ချို့က လှောင်ကြ တစ်ချို့က မလှောင်သင့်ကြောင်းပြောကြတာပေါ့။ ဒါကို အဲ့ဒီလူငယ်က မသိသေးပါဘူး… အဲ့ဒီနောက် အဘွားတွေရှိရာကို သွားပြီး အဘွားတစ်ယောက်ကို သွားမေးတယ်……. လူငယ် > ဘွားဘွား တစ်ခုလောက်မေးပါရစေ….? ဘွား၂> ရပါတယ်… မေးပါ သား…. လူငယ် > ဘွားဘွားတို့က ဘုရားဖူးလာတာဆိုရင် ဘာဖြစ်လို့ ဝတ်ကောင်းစားလှ ဝတ်ပြီး မလာကြတာလဲ..? သားတို့ မြို့ကြီးက လူတော်တော်များများက ဘုရားဖူးသွားကြရင် ဝတ်ကောင်းစားလှတွေ ဝတ်ကြတယ်…။ ဘွား၂> ဒီလိုကွဲ့သား…အဘွားတို့က ဘုရားကို ဖူးဖို့ပဲလာတာ…ဘုရားဖူးဖို့. ဝတ်ကောင်းစားလှတွေဝတ်မှ … Read more