အိပ်ပျော်နေချိန်ခန္ဓာကိုယ်သိမ့်ခနဲ့တုန်ရခြင်းအကြောင်းအရင်း
နှစ်နှစ်ခြိုက်ခြိုက် ကောင်းကောင်းမွန်မွန် အိပ်ပျော်သွားတဲ့အခါ အိပ်မက်ထဲမှာ လူဆိုးတွေ၊ သရဲတွေက နောက်ကလိုက်လို့ လွတ်အောင် ပြေးလွှားရင်း ချောက်ကမ်းပါးတွေထက်ကနေ၊ အမြင့်ကနေ ပြုတ်ကျသလို ခံစားမှုမျိုး လူတိုင်း ခံစားဖူးပါလိမ့်မယ်။ အဲဒီနောက် သင်ဟာ သိမ့်ကနဲ လှုပ်နှိုးလိုက်သလို ခံစားရပြီး၊ ဇောချွေးတွေ ပြန်နေတာတို့၊ နှလုံးခုန်မမှန် ကြောက်ရွံ့နေတာတို့ ဖြစ်ပါလိမ့်မယ်။ ဒီလို ခံစားရတဲ့အခြေအနေကို Hypnogogic jerk လို့ ခေါ်ပါတယ်။ Hypnogogic အခြေအနေနဲ့ စပ်လျဉ်းနေပြီး၊ ဆိုရရင် အိပ်လို့ပျော်လုပျော်ခင်စပ်ကြား အချိန်ခဏလေးနဲ့ ဆက်စပ်နေပါတယ်။ တစ်နည်းဆိုရသော် မှေးကနဲအိပ်ပျော်ရကနေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းအဆင့်ကို မရောက်မီ စပ်ကြားဖြစ်ပါတယ်။ Hypnogogic jerk မှာ အခြားအမည်ကွဲ အမျိုးမျိုးရှိသော်လည်း သေချာတာကတော့ ဒီလိုအခြေအနေမှာ တချို့သောလူတွေရဲ့ ခန္ဓာကိုယ်ကြွက်သားတွေ တမင်တကာမဟုတ်ဘဲ ဖျစ်လိုက်သလို … Read more