မဲညစ်နေတဲ့ချိုင်းကြား၊ ပေါင်ခြံ၊ တံတောင်ဆစ်တွေကို အမြန်ဆုံးဖြူဝင်းသွားစေမယ့် နည်းလမ်းများ

ပျိုမေတို့ အနေနဲ့ အတိုတွေ၊ လက်ပြတ်တွေ ဝတ်တဲ့အခါ ချိုင်းသားတွေ၊ ပေါင်ခြံတွေမဲနေရင် ကိုယ့်ကိုယ်ကို ယုံကြည် မှုတွေ လျော့နည်းနေ တတ်ပါတယ်။အခုဖော်ပြပေးမှာ ကတော့ ငွေကုန်ကြေး ကျလည်း သက်သာ တဲ့အပြင် လွယ်ကူ ရိုးရှင်းပြီး အိမ်မှာတင် ကိုယ်တိုင် ပြုလုပ် လို့ရတဲ့ နည်းလမ်းလေးတွေ ဖြစ်တာကြောင့် အားလုံး လုပ်ကြည့်လို့ အဆင်ပြေမှာပါနော် ။ (၁) ရှားစောင်းလက်ပတ် လတ်ဆတ်တဲ့ ရှားစောင်းလက်ပပ် အနှစ်ကိုယူပြီး မည်းနေတဲ့ တံတောင်ဆစ်၊ ဒူးခေါင်း နဲ့ ပေါင်ခြံတွေအပြင် တခြားမဲနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေအားလုံးကို လိမ်းပေးပါ။လိမ်းပေးပြီးတဲ့အခါမှာတော့ မိနစ် ၂၀ လောက်ထားပြီး ရနွေးလေးနဲ့ ပြန်လည်ဆေးကြောပေးလိုက်ရုံပါပဲ။ ထူးခြားတဲ့အာနိသင်ကို ချက်ချင်းတွေ့မြင်ပါ လိမ့်မယ်။ (၂) ဒိန်ချဉ် ဒိန်ချဉ် အသန့်ကို … Read more

ရေးထားတဲ့စာသားတွေက ကြမ်းထော်နေတာပဲ ရိုင်းတယ်လို့တော့မထင်ပါနဲ့

ကောင်မလေးတစ်ယောက် စိတ်ပါနေပြီဆိုတာ သိနိုင်တဲ့အချက် အမျိုးသမီးတွေကိုနားလည်ဖို့ခက်တယ်တဲ့ တကယ်ရောအဲ့လောက်ခက်လို့လား ။ အခု ကျွန်တော်တို့ ဖော်ပြမယ် အချက် ၁၀ ချက်ကတော့ အမျိုးသမီးတွေ စိတ်ပါနေတာကို သိနိုင်မယ့်အချက်တွေဖြစ်ပါတယ် ။ ၁. သင့်အနားရောက်နေတဲ့အချိန်မှာ ရှက်ကိုးရှက်ကန်းဖြစ်နေခြင်း များသောအားဖြင့်တော့ သင့်အပေါ်ကြိတ်ကြိုက်နေတဲ့ကောင်မလေးတွေက အခုလိုဖြစ်တတ်ပါတယ် ။ နဲနဲတော့ ကပြောင်းကပြန်ဆန်တယ် ..ဘာကြောင့်လဲဆိုတော့ အခုလိုသူခံစားလာရရင် ရှက်ရွံ့လာပြီးတော့ သင်နဲ့ဝေးရာကိုထွက်သွားတတ်တယ် ။ ၂. ရုတ်တရက်လာထိနေခြင်း တစ်ယောက်ယောက်စိတ်ပါနေတဲ့အချိန်မှာ အခုလိုဖြစ်တာက ယေဘုယျအဖြစ်အပျက်တစ်ခုပါပဲ ။ သူစိတ်ပါနေပြီဆိုရင်သင့်ကိုထိဖို့အကြောင်းပြချက်ရှာလိမ့်မယ် ။ အခုလိုတွေ့နေရပြီဆိုရင်တော့ သင်အခွင့်အရေးကိုလက်လွတ်မခံလိုက်နဲ့တော့ ။ ၃. ညစ်ညစ်ပတ်ပတ်ပြောခြင်း သူမရဲ့အပြောအဆိုအမူအယာကို သင်သတိထားမိလာလိမ့်မယ် ။ တစ်နေ့ထက်တစ်နေ့ပို ညစ်ပေပေပြောတတ်လာပြီးတော့ ချွဲတဲ့အသံမျိုးတွေပေါက်လာလိမ့်မယ် ။ ဒါဆိုရင်တော့ ကိုယ့်လူ..သင်မကြာခင် ကံကောင်းပြီပဲ ။ ၄. … Read more

(၇) ရက်သားသမီးများ၏ စိတ်နေသဘောထားနှင့် အချစ်ရေး

တနင်္ဂနွေ သားသမီးများရဲ့ စိတ်နေသဘောထားနှင့် အချစ်ရေး သင် တနင်္ဂနွေ သားသမီးလေးတွေကို ချစ်သူတော်မယ်ဆိုရင်….. တနင်္ဂနွေ သားသမီးတွေက အရမ်းကြီး မထူးဆန်းပေမဲ့ အခြားလူတွေနဲ့ ကွဲပြားတဲ့ စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေပါ။ ဒါကြောင့် သူတို့ဟာ အခြားလူတွေနဲ့ ကွဲပြားနေတတ်ကြပါတယ်။ တနင်္ဂနွေ သားသမီးတွေဟာ စာဖတ်ဝါသနာ ပါကြတယ်။ ဗဟုသုတကို လိုက်စားတယ်။ အအိပ်မက်တယ်။ အစားမကြီးဘူး။ ဒါပေမယ့် ခဏခဏ စားနေတတ်တာမျိုး၊ ဒေါသကြီးပေမယ့် ကောက်ရိုးမီးလိုမျိုး၊ ဒါပေမယ့် စိတ်ပြေလွယ်တယ်။ ဒါကြောင့်မို့ သူတို့ဟာ ချစ်စရာကောင်းနေပြန်ရော၊ ချစ်သူအပေါ် အနိုင်ယူလိုတဲ့စိတ် ရှိတယ်။ ကိုယ့်ချစ်သူကို ကိုယ့်စိတ် အလိုအကျအတိုင်း ဖြစ်စေချင်တဲ့ သူမျိုး၊ အရမ်းလဲ ချစ်တတ်ကြတယ်။ အချစ်ကြီးပြီး အချစ်အတွက်ဆို တဇွတ်ထိုးနိုင်တဲ့ သူတွေပါ။ ဒါကြောင့် အချစ်ရေးမှာ ကံညံ့တယ်လို့ … Read more

မနက်တိုင်းအသုံးနေတဲ့သွားတိုက်ဆေးဒီလောက်အသုံးဝင်တာအခုမှပဲသိတော့တယ်

မနက်မိုးလင်းတာနဲ့ လူတိုင်းပထမဆုံးစရှာတဲ့ ပစ္စည်းတွေထဲမှာ သွားတိုက်ဆေးက အပါအဝင်ပါပဲ။ သွားတိုက်မှသာ သင့်သွားတွေက သန့်ရှင်းခိုင်မာမှာပါ။ အားလုံးက သွားတိုက်ဆေးဟာ သွားအတွက်မရှိမဖြစ်လိုအပ်တယ်ဆိုတာ သိထားကြပါတယ်။ ဒါ့အပြင် သင့်အလှအပအတွက်ပါ အသုံးဝင်တယ်ဆိုတာ သိပြီးပြီလား။ ဒါကြောင့် အလွယ်တကူရနိုင်တဲ့ သွားတိုက်ဆေးကိုအသုံးပြုပြီး ပျိုမေတို့ ပိုလှသွားစေဖို့ အသုံးဝင်ပုံ (၅)မျိုးကို ပြောပြလိုက်ပါတယ်။ အစက်အပျောက်ဖယ်ရှားဖို့ ၁။ အဖြူရောင်သွားတိုက်ဆေးတစ်ဇွန်းကို ခွက်တစ်ခွက်ထဲထည့်ပါ။ ရေ လဘရည်ဇွန်းတစ်ဇွန်းထည့်ပါ။ ဒီနှစ်ခုကို အနှစ်ပုံစံဖြစ်အောင် ရောမွှေပေးပါ။ ၂။ သင့်လက်နဲ့ အနှစ်ကိုယူပြီး မျက်နှာပေါ်လိမ်းပါ။ ဒါမှမဟုတ် မျက်နှာပေါ်က အစက်အပျောက်တွေပေါ်လိမ်းပေးပါ။ ၃။ လိမ်းပြီးနောက်မှာတော့ နာရီဝက်ထားပြီးခြောက်သွားပါစေ။ အစက်အပျောက်ပေါ်တင်ပြီး တစ်ညလုံးလည်းထားနိုင်ပါတယ်။ ၄။ ပြီးတာနဲ့ရေနဲ့ဆေးပါ။ အစိုဓာတ်ထိန်းခရင်လိမ်းပေးပါ။ ၅။ ဒီနည်းလမ်းကို တစ်ပတ်မှာနှစ်ကြိမ်ကနေ သုံးကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။ အသားအရေတောက်ပဖို့ ၁။ မြေစေးနှစ်ဇွန်းနဲ့ … Read more

“သောကြာသားသမီးလေးတွေရဲ့ သူမတူတဲ့ မွေးရာပါအားသာချက်တွေနဲ့ ပင်ကိုယ်စရိုက် (၁၀) မျိုး”

ရက်သတ္တပတ်တစ်ခုရဲ့ ငါးရက်မြောက်နေ့မှာ မွေးဖွားတဲ့ သောကြာသားသမီးလေးတွေဟာ ဗီးနပ်စ်ဂြိုလ်ရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေတာဖြစ်ပါတယ်။ သောကြာသားသမီးလေးတွေမှာ သူများနဲ့မတူတဲ့ အားသာချက်နဲ့ ကိုယ်ရည်ကိုယ်သွေးတွေ အများကြီးရှိပါတယ်။ ဒီအားသာချက်တွေကိုသာ ကောင်းမွန်စွာ အသုံးချနိုင်ရင်တော့ အောင်မြင်တဲ့သူတွေဖြစ်လာမှာ မလွဲဧကန်ပါပဲ (၁) သောကြာသားသမီးလေးတွေဟာ ငြိမ်းချမ်းခြင်း၊ လှပခြင်း၊ အချစ်နဲ့ သာယာခြင်းတွေကို ကိုယ်စားပြုကြပါတယ် (၂) သောကြာသားသမီးလေးတွေဟာ အဆို၊ ပန်းချီလိုမျိုး အနုပညာအလုပ်တွေကို အထူးခုံမင်နှစ်သက်သလို ထူးကဲတဲ့ပါရမီလည်း ပါလာတတ်သူတွေဖြစ်ပါတယ် (၃) သင်ဟာ ပျော်ပျော်နေတတ်သူတစ်ယောက် ဖြစ်တဲ့အပြင် ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းတတ်သူပါ ဒါပေမယ့် အချစ်ရေးမှာတော့ အရမ်းကိုထိရှလွယ်တဲ့သူတစ်ယောက်ပါ (၄) သောကြာသားသမီးလေးတွေဟာ စိတ်ခံစားချက်ပြင်းထန်တဲ့သူတွေဖြစ်တဲ့အလျောက် အသည်းကွဲတဲ့အခါ ဒါမှမဟုတ် တစ်စုံတစ်ယောက်က ကိုယ့်ကို နာကျင်မှုတွေ ပေးသွားတဲ့အခါမှာ လွယ်လွယ်နဲ့ပြန်ပြီး မကုစားနိုင်ကြပါဘူး (၅) သင်ဟာမိန်းကလေးတစ်ယောက်ဆိုရင် သူတစ်ပါးရဲ့စိတ်ခံစားချက်တွေကို … Read more

နောက် ၁၀ နှစ်ကြာလျှင် သင့်ကိုနောင်တရစေမယ့် အရာများ

တကယ်လို့ နောက် ၁၀ နှစ်ကျရင် သင်ဒါတွေကြောင့် နောင်တရမယ်ဆိုတာကို သင်ယခုသိမယ်ဆိုရင် သင်ပြုပြင်နိုင်မလား။ ဆွေးနွေးကြည့်ကြရအောင်………. ၁။ မျက်နာဖုံးစွပ်ပြီး အသက်ရှင်နေထိုင်ခြင်း သူများရဲ့အထင်အမြင်ကို အထူးအလေးထားမယ်။ သူများဝေဖန်မူကို အမြဲစိုးရိမ်နေမယ်။ သူများအလိုကျ အသက်ရှင်နေထိုင်မယ်။သူများအထင်ကြီးတဲ့ ပုံစံအတိုင်း နေထိုင်ပြမယ် ဆိုရင် နောက်ဆုံးတော့ ဟန်ဆောင်မှန်းမသိ ဟန်ဆောင်မိပြီးသားဖြစ်သွားပါတယ်။ ကိုယ့်ကိုယ်ကို ပျောက်ဆုံးပြီး ဂုဏ်၊ အဆင့်အတန်း၊ အတန်းအစား စတဲ့ အတုအယောင်တွေကြားမှာ ဟိုတူညီဝတ်စုံဝတ်လိုက်၊ ဒီဖွင့်ပွဲသွားလိုက်၊ ဟိုနေ့စုဝေးလိုက် ဟိုဟာဝိုင်းစားလိုက်၊ ဓါတ်ပုံတင်လိုက်၊ ဒီနေ့စုဝေးလိုက့်၊ ဒီဆိုင်မှာစားလိုက်၊ ဓါတ်ပုံတင်လိုက်နဲ့ တဝဲလည်လည်နွံနစ်သလိုပါပဲ နှစ်လေနက်လေ ဖြစ်သွားပါတော့တယ်။ ကိုယ်တကယ်တန်ဖိုးထားရမဲ့ ကိုယ့်အိမ်ထောင်ရေး၊ သားရေးသမီးရေးတွေ အာလုံးလစ်ဟင်းကုန်ပါတော့တယ်။ ၂။ အခြားသူများမှ မိမိအိမ်မက်ကို အကောင်အထည်ဖေါ်စေခြင်း လူဆိုတာ အလွန်အံ့သြစရာကောင်းပါတယ်။ ကိုယ့်စိတ်ကို ကိုယ်မနိုင်ရင် သူများနိုင်သွားပါလိမ့်မယ်။ … Read more

လူတိုင်းသိချင်သော “မင်းလေးပါးဆုံ ရွှေတိဂုံကိန်းကျမည်” ဆိုသော တဘောင်၏ အဓိပ္ပါယ်

လူတိုင်းသိချင်သော “မင်းလေးပါးဆုံ ရွှေတိဂုံကိန်းကျမည်” ဆိုသော တဘောင်၏ အဓိပ္ပါယ် စွန်းလွန်းဆရာတော်သည် ရဟန္တာဟု ကျော်ကြားသလို ဝန်ကြီးချုပ်ဟောင်း ဦးနု၏ကိုးကွယ်ကြည်ညိုသော ဆရာတော်တစ်ပါးလည်း ဖြစ်လေသည်။ ရဟန္တာဟူသော ပုဂ္ဂိုလ်တို့သည် ရှေ့ဖြစ်လာမည့် အရာများကို သိမြင်နိုင်စွမ်း ရှိသလို ပညာဉာဏ် တန်ခိုးများလည်း ပြည်စုံ၏။ ဟုတ်တိုင်း မှန်ရာသာလျှင် မိန့်လေသည်။ ၁၉၄၈ မှ ၁၉၆၂ အထိ ဝန်ကြီးချုပ်ဖြစ်ခဲ့သော ဦးနုသည် ထိုအချိန်က ကျော်ကြားနေသော( မင်းလေးပါးဆုံ ရွှေတိဂုံကိန်းကျမည့် တဘောင် )အားဆရာတော်ထံ မေးလျှောက်လေသည်။ ဦးနု အမေး။ ။ အရှင်မြတ်ဘုရား ဒီတဘောင်ဟာမြန်မာပြည်မှာ မင်းလေးပါး ပေါ်မှာလား( ဒါမှမဟုတ် )အာဏာလုပွဲ ဖြစ်မှာလား ( ဒါမှမဟုတ် )တခြားတိုင်းပြည်ကမင်းလေးပါး လာဆုံမှာလားဘုရား။ ဆရာတော်အဖြေ။ ။ ဒကာတော်ကြီးဦးနု … Read more

ချစ်သူမထားခင် အနည်းဆုံး(၃)လလောက် လေ့လာသင့်တာ ဒီအချက်(၅)ချက် ကြောင့်ပါ

ချစ်သူမထားခင် အနည်းဆုံး(၃)လလောက် လေ့လာသင့်တာ ဒီအချက်(၅)ချက် ကြောင့်ပါ ခုကြိုက်၊ ခုအဖြေပေး လပိုင်းလောက်တွဲပြီးပြတ်သွားတဲ့ relationship မျိုးမဖြစ်ရအောင်လို့ ချစ်သူမထားခင် အနည်းဆုံး ၃ လလောက်တော့ လေ့လာသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့.. (၁) တကယ်ချစ်လား ၊ မချစ်လား သိနိုင်တယ် တစ်ခါတစ်လေ သူရော ကိုယ်ရော တကယ်ချစ်တာလား ဒါမှမဟုတ် စိတ်ကစားတာလားဆိုတာကို မသဲကွဲတတ်ကြပါဘူး။ အကယ်၍ စိတ်ကစားပြီး သဘောကျရင်ခုန်တာမျိုးကို ချစ်တယ်လို့ အထင်မှားတတ်ပါတယ်။ ဒါကြောင့် ၃ လလောက်အနည်းဆုံး နှစ်ဖက်စလုံးသောအောင် အချိန်ယူပါ။ (၂) တစ်ယောက်အကြောင်း တစ်ယောက်သိနိုင်မယ် ဒီလိုစဉ်းစားနေတုန်းမှာပဲ သူ့အကြောင်းလည်းကိုယ်လေ့လာ ကိုယ့်အကြောင်းလည်း သူလေ့လာဖို့ date ပေးပါ။ အဲဒါမှ သူ့ရဲ့ စိတ်ဓာတ်တွေ၊အတွေးအခေါ်တွေ၊ အကျင့်စရိုက်တွေကိုလည်း သိနိုင်မှာဖြစ်ပြီး လက်ခံနိုင်မခံနိုင်ကိုလည်း ပြတ်ပြတ်သားသားသိနိုင်မှာဖြစ်ပါတယ်။ (၃) … Read more

ထက်မြက်တဲ့ မိန်းကလေးတွေဟာ ဒီလိုအမှားမျိုးတွေကို ဘယ်တော့မှ ခွင့်မလွှတ် တတ်ပါဘူး ..

ထက်မြက်တဲ့ မိန်းကလေးတွေဟာ ဒီလိုအမှားမျိုးတွေကို ဘယ်တော့မှ ခွင့်မလွှတ် တတ်ပါဘူး .. Relationship တစ်ခုမှာ နားလည်လက်ခံလို့ရတဲ့ အချက်တွေရှိသလို ဘယ်လိုမှ ခွင့်လွှတ်လို့မရနိုင်တဲ့ အချက်တွေဆိုတာ ရှိပါတယ်နော်။ ထက်မြက်တဲ့ မိန်းကလေးတွေက သူတို့ရဲ့ relationship ကို ထက်ထက်မြက်မြက် ကိုင်တွယ်တတ်ကြသလို ဒီအရာတွေကိုတော့ သူတို့အနေနဲ့ ဘယ်တော့မှ ခွင့်မလွှတ်တတ်ကြပါဘူး။ လေးစားမှုမရှိတာ ဘယ်လောက်ပဲ ရင်းနှီးတဲ့ ဆက်ဆံရေးပဲ ဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် လေးစားမှုဆိုတာတော့ လိုကိုလိုအပ်ပါတယ်။ လေးစားမှုမရှိတဲ့ ဆက်ဆံရေးကတော့ အထိန်းအကွပ်မဲ့ပြီး ဗရမ်းဗတာဆန်လွန်းသလို ပြသနာတွေလည်း များတတ်ပါတယ်။ ထက်မြက်တဲ့ မိန်းကလေးတွေက သူတို့အပေါ် ငါ့ချစ်သူပဲဆိုပြီး ဖြစ်သလို ဆက်ဆံတာမျိုးကိုတော့ လက်မခံတတ်ကြပါဘူး။ သူတို့အပေါ် လေးစားမှုရှိရှိ ဆက်ဆံတာမျိုးကိုပဲ လိုချင်ကြပြီး သူများတွေအပေါ်လည်း သူတို့က လေးလေးစားစားပဲ ပြုမူတတ်ကြပါတယ်။ … Read more

မိန်းကလေးတိုင်း အချစ်နဲ့ ပတ်သက်ပြီး သိထားသင့်၊ လက်ခံထားသင့်တဲ့ အချက်များ

မိန်းကလေးတိုင်း အချစ်နဲ့ ပတ်သက်ပြီး သိထားသင့်၊ လက်ခံထားသင့်တဲ့ အချက်များ ရည်းစားဆိုတာက တစ်သက်လုံး လက်တွဲသွားဖို့ကို ရည်ရွယ်ပြီး တွဲဖြစ်ခဲ့ပေမယ့် အကြောင်းမတိုက်ဆိုင်လို့ လမ်းခွဲပြတ်စဲတာမျိုးတွေလည်း ဖြစ်တတ်တာပဲ ဒါက မဆန်းပါဘူး။ ကိုယ့်ကိုယ် ထားရစ်ခဲ့တဲ့ ချစ်သူမျိုးကိုတော့ လွမ်းလောက်မယ် မထင်ပါဘူးနော်။ ဒါပေမယ့်လို့ သူ့ဆီကတော့ ကိုယ်သိခွင့်ရလိုက်တဲ့ သင်ခန်းစာတွေ အများကြီးပါပဲ။ အချစ်နဲ့ပတ်သက်ပြီး မိန်းကလေးတိုင်း သိထားသင့်တဲ့ အချက်လေးတွေကို စေတနာရှေ့ထားပြီး ပြောပြချင်ပါတယ်။ သူလိုလူက နောက်ထပ် တစ်ယောက်မရှိနိုင်တော့ဘူးလို့ ထင်နေတာတွေ ရပ်လိုက်ပါ။ ဒီလို ထင်လိုက်မိပြီဆိုတာနဲ့ သင့်ရဲ့အမြင်တွေ ပိတ်သွားတတ်လို့ပါနော်။ သူလိုပဲ ကိုယ့်ကိုယ် ချစ်ပေးနိုင်တဲ့သူတွေ ကိုယ့်အနားမှာ ရှိနေပါသေးတယ်။ သူက အရာရာ မဟုတ်ပါဘူး ဒါကြောင့် သူ့မရှိရင် မဖြစ်ဘူးဆိုတဲ့ အတွေးမျိုးတွေကို ဖျောက်ပါ။ လူတိုင်းက … Read more