ချစ်မိတဲ့အခါ ပျော်ရွှင်ရတာ ဒီလို အချက်တွေ ကြောင့်ပါ

ချစ်မိတဲ့အခါ ပျော်ရွှင်ရတာ ဒီလို အချက်တွေ ကြောင့်ပါကမ္ဘာကြီးက အချစ်တွေနဲ့မို့သာ လည်ပတ်နေတာပါ။ အချစ်တွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကြီးက အမြဲ ပျော်ရွှင်နေရသလားဆိုတော့ မပျော်ရွှင်ရပါဘူး။ ဒါပေမယ့် အချစ်ကို တွေ့ရှိသွားတဲ့ ချစ်ရတဲ့သူနဲ့ အပြန်အလှန် ချစ်ကြတဲ့ သူတိုင်းကတော့ ပျော်ရွှင်မှုကို ခံစားကြရပါတယ်။ဒီအချက်တွေကို ကြည့်ပြီး ဘာကြောင့် ချစ်မိတဲ့အခါ ပျော်ရွှင်ရလဲဆိုတာကို သိနိုင်ပါလိမ့်မယ်နော် ချစ်မိလို့”အဓိက အကြောင်းအရင်းကြီးကတော့ ချစ်နေလို့ပါပဲ။ လူတွေက ချစ်စိတ်ဝင်လာတဲ့အခါ ဘယ်လို အကြောင်းအရာမျိုးကိုမဆို အပြစ်မြင်ဖို့ ဝန်လေးလာတာကြောင့် ပိုပြီး အမြင် ကြည်လင်ကြပါတယ်။ အပြစ်မမြင်ပဲ ချစ်စိတ်တွေ ရှိခြင်းကြောင့် ပိုပြီး ပျော်ရွှင်စရာ ဖြစ်ရပါတယ်။ သူ့ကို ကြည့်နေရင်းကို အလိုလို ပျော်နေမိတာမျိုးက ချစ်တဲ့ စိတ်ကြောင့်ပဲ ဖြစ်ပါတယ် …။ နားလည်နိုင်လို့”လူတိုင်းက မပြည့်စုံပါဘူး။ … Read more

Facebook သုံးလို့ ရင့်ကျက်သွားတဲ့သူတွေဟာ ဒါတွေမလုပ်တော့ပါဘူး..

Facebook သုံးလို့ ရင့်ကျက်သွားတဲ့သူတွေဟာ ဒါတွေမလုပ်တော့ပါဘူး… သင်တကယ်လို့ Facebook သုံးလို့ ရင့်ကျက်သွားတဲ့အခါ ဒါတွေမလုပ်တော့မှာ မဟုတ်တော့ဘူးနော် … (1) profile pic , cover pic တွေကို ခဏခဏ မပြောင်းလဲတော့မှာမဟုတ်ပါဘူး …။ (2) ကိုယ်စာမပြန်ချင်တဲ့ သူတွေဆို ဝင်သာဝင်ကြည့်ပြီး တိတ်တိတ်လေး ပြန်ထွက်သွားတတ်ကြပါတယ် …။ (3) ကိုယ်မကြိုက်တဲ့ post မျိုးဆို ဝင်ဆဲတာ ဝင်ပြောတာမျိုး မလုပ်ဘဲ မသိချင်ယောင်ဆောင် ကျော်သွားတတ်ကြပါတယ် …။ (4) မဟုတ်က ဟုတ်က လုပ်တတ်တဲ့ သူတွေကိုလည်း တိတ်တိတ်လေးဘဲ unfriend လုပ်ခဲ့ကြတယ်။ Unfollow လုပ်လာတယ် …။ (5) ကိုယ်နဲ့မတည့်သူတွေကိုလည်း မန်ရှင်းခေါ်ပီး ရန်ဖြစ်မနေဘဲ block ဘဲ … Read more

အိပ်တဲ့အခါမှာ ဆံပင်စည်းပြီး မအိပ်သင့်တဲ့အကြောင်းအရင်းများ

အိပ်တဲ့အခါမှာ ဆံပင်ချပြီးအိပ်ရင် ဆံပင်တွေရှုပ်တယ်ဆိုပြီး စည်းအိပ်ကြတာမျိုးရှိပါတယ်။ ဒီလိုဆံပင်စည်းအိပ်တာက တစ်ရက်ဆိုတစ်ရက် ဆံပင်ပျက်စီးတာ အရမ်းသိသာပါတယ်။ ဒါကြောင့် အိပ်တဲ့အခါမှာ ဆံပင်စည်းပြီးမအိပ်သင့်တဲ့ အကြောင်းအရင်တွေကို ပြောပြပေးလိုက်ပါတယ်။ ဆံပင်ကျွတ်စေတယ် ဆံပင်စည်းပြီးအိပ်ရင် ဆံပင်တွေကို အမြစ်ကကနေဆွဲထားသလိုဖြစ်တဲ့အတွက် ဆံပင်တွေကျွတ်လာစေပါတယ်။ ဆံပင်စည်းအိပ်ပြီး အိပ်ယာနိုးလို့ ခေါင်းဖြီးလိုက်ရင် ဆံပင်တွေအများကြီး ကျွတ်ပါလာတာကို တွေ့ရမှာပါ။ ဆံသားပျက်စီးစေတယ် ဆံပင်စည်းပြီးအိပ်ရင် ဆံပင်ကျွတ်တဲ့အတွက် ဆံသားတွေလည်း တဖြေးဖြေးနဲ့ပျက်စီးလာမယ်။ အဓိကကတော့ ဆံပင်အောက်ဖျားတွေဖွာပြီး၊ ကျိုးကြေသလိုတွေ ဖြစ်လာမယ်။ အောက်ဖျားတွေအရမ်းပျက်စီးလာမယ်။ ဆံသားခြောက်သွေ့လာပါမယ်။ ထိပ်ပြောင်စေတယ် ဆံပင်တွေကျွတ်လာတာများရင် ထိပ်တွေကွက်လာတာ၊ ကျွတ်တာများတဲ့နေရာက ကွက်ပြီးပြောင်လာတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် အိပ်တဲ့အချိန်မှာလည်း ဆံပင်စည်းပြီးမအိပ်သင့်သလို၊ ကျန်တဲ့အချိန်တွေမှာလည်း ဆံပင်ကို တင်းကျပ်နေအောင် ခဏခဏစည်းတာမျိုး မလုပ်သင့်ပါဘူး။ ခေါင်းကိုက်စေတယ် ဆံပင်ကိုတင်းကျပ်နေအောင်စည်းထားပြီး အိပ်မယ်ဆိုရင်တော့ ဆံသားတွေကို ဆောင့်ဆွဲထားသလိုဖြစ်စေတဲ့အတွက် ခေါင်းအုံတာ၊ … Read more

ညအိပ်ချိန်မှာ အမျိုးသမီးတွေ အတွင်းခံ မဝတ်ပဲ ဘာ့ကြောင့် အိပ်သင့်တယ်ဆိုတာ

သင်ဟာ ညအိပ်ချိန်မှာ အတွင်းခံမဝတ်ပဲ အိပ်ဖူးပါသလား။ ဒါမှမဟုတ် ဘာမှမဝတ်ပဲရော အိပ်ဖူးပါသလား။ အမျိုးသမီးတွေဟာ အတွင်းခံ မဝတ်ပဲ ဒါမှမဟုတ် ဘာမှမဝတ်ပဲ အိပ်ခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်လို့ သိရပါတယ်။ Shape မှာဖော်ပြထားတဲ့ ဆောင်းပါးထဲမှာတော့ ပညာရှင်တွေက ညဘက်အိပ်ချိန်တွေမှာ အတွင်းခံမဝတ်ပဲ အိပ်ဖို့ တိုက်တွန်းထားပါတယ် အတွင်းခံတွေဟာ ဘက်တီးရီးယားပိုးတွေ ကပ်ငြိဖို့ ရာခိုင်နှုန်းများတဲ့နေရာတစ်ခုပါ။ ဘယ်လောက်ပဲ သန့်ရှင်းအောင် ထားထား၊ အပေါ့သွားပြီးတဲ့အခါ ရေစိုစွတ်ကျန်ခဲ့တဲ့ အတွင်းခံတွေနဲ့ တစ်ချိန်လုံး ထိတွေ့နေရမယ့် အမျိုးသမီးအင်္ဂါဟာ ဘက်တီရီးယားပိုးမွှားတွေ ကပ်ငြိသွားစေနိုင်ပါတယ်။ ဒီလို မဟုတ်ရင်တောင် အတွင်းခံရဲ့ အသားကြောင့်လည်း အမျိုးသမီးအင်္ဂါ ပူစပ်ပူလောင် ဖြစ်စေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်လို့ ဒေါက်တာ Alyssa Dweck ကပြောထားပါတယ်။ တစ်ချို့အမျိုးသမီးတွေက အမျိုးသမီးအင်္ဂါတွေ ယောင်ယမ်းတာ၊ နာကျင်တာမျိုးတွေ … Read more

ညညအိပ်မပျော်ရင် ဒီလိုလေးလုပ်ကြည့်ပါ

ညညအိပ်မပျော်ရင် ဒီလိုလေးလုပ်ကြည့်ပါ အိပ်ဆေး ညည အိပ်မပျော်နှိုင်သူတွေအတွက် အသုံးဝင်နိုင်မယ့် ကိုယ်တွေ့အိပ်ဆေး တခုကိုပြောပြချင်ပါတယ် ။ ကျနော်က နေ့လည် ၁၂ နာရီနောက် ပိုင်း လဘက်ရည်ချိုဖြစ်စေ၊ လဘက် ရည်ခါးဖြစ်စေ တခွက်လောက် သောက်မိရင် ညမှာ ကောင်းကောင်း အိပ်မပျော်တတ်ပါဘူး။ အဲဒီတော့ တခါတလေ ယောင်လို့ သောက်မိရင် ညမှာ အိပ်ရေးမဝတော့ ဘူး၊ အိပ်ပျော်ရင်လည်း နှစ်နှစ်ခြိုက် ခြိုက်မဟုတ်ဘူး၊ ဆိုတော့ နောက်တရက်မှာ လန်းလန်းဆန်းဆန်းမရှိ တော့ဘူးပေါ့။ ဒါကြောင့် ညမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမဲ့ နည်းလမ်း တွေကို စိတ်ဝင်စားပါတယ် ညအိပ်ရာမဝင်မီ ငှက်ပျောသီးဖျော်သောက်တာ၊ နွားနို့ပူပူသောက် တာ စတာတွေလုပ်ဘူးသလို၊ ညနေပိုင်းမှာ နာရီဝက် တနာရီ လမ်း လျှောက်တာ စတာတွေလည်း လုပ်ဘူးပါတယ်။ … Read more

လူတစ်ယောက်သေလျှင် လက်မနှစ်ခုနှင့် ခြေမနှစ်ခုကိုကြိုးချည်ထားတတ်သည် ဘာကြောင့်မှန်းမသိခဲ့ပါ

လူတစ်ယောက်သေလျှင် လက်မနှစ်ခုနှင့် ခြေမနှစ်ခုကိုကြိုးချည်ထားတတ်သည် ဘာကြောင့်မှန်းမသိခဲ့ပါ ထုံးစံအရလုပ်သည်ဟုသာ နားလည်ထား၏။ ဟိုတုန်းက ဆရာတော်တစ်ပါးဟောကြားသော တရားကိုနာရင်း ဤအကြောင်းကို သိခွင့်ရခဲ့သည်။ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ နားထောင်ရင်းသဘောကျမိသည်။ ဓမ္မမိတ်ဆွေများ အကျိုးရှိနိုင်သည့်အတွက် ဖော်ပြလိုက်ပါသည်။ တစ်ခါတုန်းက လယ်ပိုင်ရှင်သူဌေးတစ်ယောက်ဆီမှာ အခစားလုပ်သည့် သူရင်းငှားတစ်ယောက်ရှိသည်။ နေ့စဉ်လုပ်နေသော်လည်း ကြီးပွားတိုးတက်ခြင်းမရှိ၍ စိတ်ပျက်နေလေ၏။ တစ်နေ့၌ စဉ်းစားမိ၏ လယ်ပိုင်ရှင်ထံ လယ်တောင်းမည်။ ကိုယ်ပိုင် လယ်လုပ်ခွင့်ရလျှင် စီးပွားရေး အဆင်ပြေနိုင်သည်။ “သူဌေး သူဌေးမှာ မျက်စိတစ်ဆုံး လက်ညိုးထိုးမလွဲ လယ်တွေအများကြီးပါ။ ကျွန်တော့်မှာ လယ်တစ်ကွက်တောင်မရှိဘူး လယ်တစ်ရှင်စာလောက်ပေးပါ။ လယ်တစ်ရှင်စာဆိုတာ နွားနှစ်ကောင်နှင့် တစ်မိုးတွင်း လုပ်ကိုင်လောက်တဲ့ မြေကိုပြောတာပါ။ သူဌေးက သူရင်းငှားကိုကြည့်ပြီး သနားသွားပါတယ်။ “မင်းလိုချင်သလောက် ငါပေးမယ်။ ရော့ ဒီမှာ ငုတ်တစ်ချောင်း ရော့ ဒီမှာ … Read more

သနပ်ခါးလိမ်းတဲ့ မိန်းကလေးတိုင်းသိထားသင့်သည့်အချက်များ

မေမေ ပြောပြတဲ့ ပျိုမေ တို့အကြိုက် သနပ်ခါး ကျောက်ပျဉ် သနပ်ခါး ကျောက်ပြင် အသစ်ဆိုရေလေးဆေးလိုက်ပြီးသနပ်ခါး တုံးသွေးထည့်လိုက်တာပဲအဲသလိုလုပ်လို့မရပါဘူး ကျောက်သား အစစ်ကိုထွင်းထားတဲ့ ကျောက်ပျဉ် ဖြစ်ဖြစ် ဘိလပ်မြေ လိုမျိုးကိုပုံပြု့ထားတဲ့ကျောက်ပျဉ်ဖြစ်ဖြစ်ပထမဦးဆုံးအသုံးမပြု့ခင်မှာဝယ်လာတဲ့ကျောက်ပျဉ် ကိုရေစင်စင်ဆေးပြီး ကျောက်ပျဉ် ကိုရေပုန်းထဲကိုထည့်ပြီးရေနဲ့တစ်ညစိမ်ထားပါနောက်တစ်ရက်မှာနနွန်းတက်နဲ့ဆီ+ဆားနဲ့ကို သွေးပြီးတစ်နေကုန်နေလှမ်းထားရပါတယ် ဆီခြောက်တော့မှသနပ်ခါးကျောက်ပျဉ်ကိုရေထပ်ဆေးပြီးမှမိမိကြိုက်နှစ်သက်ရာ သနပ်ခါးတုံး ကိုသွေးရပါတယ် ထွက်လာတဲ့ သနပ်ခါး ကလေးတွေကညက်နေပြီးတနေကုန်ပါးပြင်ပေါ်အရာထင်နေပါတယ်တဲ့ကဲ ကျောက်ပျဉ်အ သစ်ကိုဘယ်လိုအသုံးပြု့ရသလဲဆိုတာသိသွားပြီပေါ့ မေမေပြောပြတယ် ကျောက်ပျဉ် ပေါ်သနပ်ခါး သွေးတာ လေ့ကျင့်ခန်း တစ်ခုလုပ်တာနဲ့တူတူပဲတဲ့ ဒါပေမဲ့ကြမ်းပြင်ပေါ်ချသွေးရတာမဟုတ်ပဲမိမိခါးအလည်လောက်အမြင့်ရှိတဲ့နေရာ မှာထားပြီးသွေးရမယ်တဲ့ သနပ်ခါး ကိုအားစိုက်သွေးနေရတော့လေ့ကျင့်ခန်းလုပ်နေတယ်လို့မထင်ရပေမယ့် နှစ်နဲ့ချီပြီးနေ့စဉ် သွေးနေရတော့လက်မောင်းကြွက်သွားတွေကပိုပြီးသန်မာတယ် ပျော့ပြီးရွဲကျခြင်းမျိုးမဖြစ်ဘူးတဲ့ဘယ်ညာတော့လှည့်သွေးပေါ့တဲ့ ငရုပ်သီးထောင်း တာလဲအတူတူပဲတဲ့ခေါင်းလေ့ကျင့်ခန်းကတော့ ရေအိုး ရွက်တာပါတဲ့ မေမေ အမေ(အဖွား)ပြောပြတာလို့ပြောတယ် Unicode မေမေ ပြောပြတဲ့ ပျိုမေ တို့အကြိုက် သနပ်ခါး ကျောက်ပျဉ် သနပ်ခါး … Read more

သင့်ရဲ့ဖုန်းကို အမြန်ပျက်စီးစေနိုင်တဲ့၊ အမှတ်တမဲ့ ပြုလုပ်နေမိကြတဲ့ အမှားများ

သူ့မှာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေလည်း ပါသလို၊တစ်ခုခု ချို့ယွင်းတာနဲ့ လုပ်ဆောင်မှုတွေကို ကမောက်ကမဖြစ်စေနိုင်တဲ့ သက်ရောက်မှုတွေလည်း ပါရှိပါတယ်။ ဒီတော့ ဖုန်းတစ်လုံးဟာ သက်ရှိသတ္တဝါတစ်ကောင်နဲ့ တူတယ်ဆိုပါစို့။ပိုင်ရှင်က ဂရုမစိုက်ရင် ဖုန်းရဲ့ ကျန်းမာရေးကလည်း ကောင်းမှာ မဟုတ်ပါဘူး။အခု ဖော်ပြချင်တာကတော့ သင့်ရဲ့ဖုန်းကို ပျက်စီးစေနိုင်တဲ့၊အမှတ်တမဲ့ ပြုလုပ်နေမိကြတဲ့ အမူအကျင့်တွေပါ။ (၁) Source တွေကို မစူးစမ်းမဆင်ခြင်ပဲ ဝင်ရောက်ခြင်း အခုတလောမှာ iPhone ဖုန်းပေါက်တယ်ဆိုတဲ့သတင်းတွေ မကြာခဏ ကြားရလေ့ရှိပါတယ်။တကယ်က အဲဒါဟာ ဟက်ကာတွေကနေတီထွင်ထားတဲ့ လှည့်စားမှုဆိုတာ လူတိုင်း အသိနည်းပါတယ်။ဒီတော့ မခိုင်မာတဲ့ Source တွေ၊ Recommended ပေးမထားတဲ့App တွေကို လုံးဝမသုံးသင့်ပါဘူး။ဗိုင်းရပ်စ်တွေလည်း အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။ (၂) အပူလွန်တဲ့နေရာမှာ ထားရှိခြင်း ဖုန်းတစ်လုံးကို ဝယ်လိုက်ပြီဆိုရင် ဖြစ်တန်သမျှကိုယ်နဲ့နီးနီးကပ်ကပ် ဆောင်ထားသင့်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် နေရောင်ခြည်တိုက်ရိုက်ရောက်တဲ့နေရာတွေမှာ ဖုန်းတစ်လုံးကို … Read more

တစ်နိုင်ငံလုံး မိုးရွာသွန်းပေးမယ့် နောက် ထပ်မုန်တိုင်းတစ်လုံး လာပါပီဗျာ…

တစ်နိုင်ငံလုံး မိုးရွာသွန်းပေးမယ့် နောက် ထပ်မုန်တိုင်းတစ်လုံး လာပါပီဗျာ ၂၀၂၁ ဇွန်လ ၉ရက်နေ့မှ ၁၂ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် Depression အဆင့် မုန်တိုင်ငယ်တစ်ခုဖြစ်ပေါ်နိုင်ပြီး မုတ်သုန်လေအားအလွန်ကောင်းလာကာ တနင်္သါရီတိုင်း မွန်ပြည်နယ် မုတ္တမ ပင်လယ်ကွေ့ ကရင်ပြည်နယ်နှင့် ဧရာဝတီ တိုင်းရခိုင်ပြည်နယ်တို့တွင်မိုးများစွရွာသွန်း နိုင်ပြီး ကျန်တစ်နိုင်ငံလုံးမှာလည်း မိုးရွာသွန်းဖွယ်ရှိပါတယ် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက် (၂၀၂၁ ခုနှစ်၊ ဇွန်လ (၂)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့ မြောက်ပိုင်းတို့တွင် မုတ်သုံလေ အားနည်းနေပြီး၊ ကျန်ဘင်္ဂလားင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။ ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက် မိုးလေဝသအ‌ခြေအနေ။ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။ အမြင်တာ။ (၄)မိုင်၊ … Read more

မိန်းကလေးတိုင်း ဘဝ မှာ တစ်ခါလောက်တော့ လုပ်ကြည့်သင့်တဲ့ အရာများ

မိန်းကလေး တိုင်း ဘဝ မှာ တစ်ခါလောက်တော့ လုပ်ကြည့်သ င့်တဲ့ အရာများ ကိုယ့်ရဲ့နေ့စဉ်လုပ်နေကျ နိစ္စဓူဝကိစ္စတွေကနေ ခွဲထွက်ပြီး မတူညီတဲ့နေထိုင်မှုပုံစံတခုကို တခါတရံလောက်ဖြစ်ဖြစ် ပြောင်းလဲနေထိုင်လိုက်ကြည့်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အတော်လေး အထောက်အကူဖြစ်စေတဲ့ ကိစ္စတခုပါပဲ ပျိုမေတို့ရေ။ ဒါကြောင့်မို့လို့ ပျိုမေတိုင်းရဲ့ ဘဝမှာ တခါလောက်တော့ အနည်းဆုံးဖြစ်ဖြစ် လုပ်ကြည့်သင့်တဲ့ အရာလေးတွေကို ပြန်လည်မျှဝေပေးချင်ပါတယ်။ (၁) တယောက်တည်းခရီးတွေ ထွက်ပါ မိန်းကလေးတယောက်အနေနဲ့ တယောက်တည်းခရီးသွားဖို့ဆိုတာဟာ အနည်းငယ်စွန့်စားရတဲ့ ကိစ္စတခုဆိုပေမယ့် တယောက်တည်းခရီးသွားခြင်းကနေ ထင်မထားလောက်တဲ့ အကျိုးကျေးဇူးတွေ ရနိုင်တာကြောင့် လုံခြုံဘေးကင်းမယ်လို့ ထင်ရတဲ့ နေရာဒေသတခုခုကို တယောက်တည်း ခရီးသွားဖို့ပြင်ဆင်ပြုလုပ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။ (၂) တရက်လောက် ဖုန်းမသုံးဘဲ အချိန်တွေကို ဖြတ်သန်းကြည့်ပါ စိတ်ဝင်စားစရာတွေ ပြည့်နှက်နေတဲ့ ဆိုရှယ်မီဒီယာတွေကို ဖြတ်ပြီး ဖုန်းအသုံးမပြုဘဲ … Read more