ပေးစရာရှိတဲ့အကြွေးတွေအားလုံးကျေပြီး စီးပွားရေးတွေတဟုန်ထိုးတက်လာစေတဲ့လောကီနည်းပညာ

လောကမှာမချမ်းသာချင်တဲ့သူမရှိသလို အကြွေးတွေနဲ့တချိန်လုံးပူပင်သောကရောက်နေကြရတဲ့ ဘဝမျိုးမှာလည်း နေချင်ကြမယ်မထင်ပါ။လူရယ်လို့ဖြစ်လာတဲ့အခါလောကဓံရဲ့ အဆိုးအကောင်းဒဏ်ကိုတော့ မည်သူမဆိုမလွှဲမသွေကြုံကြရပါတယ်။ ဒါပေမဲ့လူတစ်ယောက်ရဲ့အတိတ်ကံကိုတော့ဘုရားရဟန်းမှတပါး မည်သူမျှကြိုမသိနိုင်ပါ..သို့ပေမဲ့အတိတ်ကံကိုပဲအားကိုးနေလို့မရသလို အတိတ်ကံကိုပဲရိုးမယ်ဖွဲ့အပြစ်တင်နေလို့လည်းပြီးမယ်မထင်ပါ ဒါကြောင့်မို့လက်ရှိပစ္စုပ္ပန်မှာလည်း ကိုယ်စွမ်းသလောက် ကိုယ်လုပ်နိုင်သလောက်ကြိုးစားရုန်းကန်ကြရတာမို့ အကြွေးကျေစီးပွားတက်လာဒ်ရွှင်စေနိုင်တဲ့ နည်းလမ်းလေးမျှဝေလိုက်ရပါတယ်။ အကြွေးဆပ်ချင်သော်လည်း အခက်အခဲအကြောင်းအမျိုးမျိုးကြောင့်ပြန်လည်၍မဆပ်နိုင်သောသူများ အကြွေးပူမိနေသူများဤနည်းလမ်းကိုပြုလုပ်ကြည့်လိုက်ပါ။လိုအပ်တာတွေကတော့ ပန်းကန်တစ်ချပ်၊ကွမ်းရွက်တစ်ရွက်၊သံပုရာသီးတစ်လုံး တို့ဖြစ်ပါတယ်။ လုပ်ဆောင်ရမှာက ပထမဦးဆုံးပန်းကန်တစ်ချပ်ပေါ်တွင် အညှာချွေထားသောကွမ်းရွက်တစ်ရွက်ကိုတင်ပါ။ သံပုရာသီးတစ်လုံးကို နှစ်ခြမ်းခြမ်းပြီး အဲ့ဒီကွမ်းရွက်ပေါ်တွင်သံပုရာသီးခြမ်းကိုတင်ပါ။အစီအရင်ပြုလုပ်ထားသောပန်းကန်ပြားကို မိမိအိမ် ဘုရားဆင်တွင်ကပ်လှူထားရပါမယ်။ သောက်တော်ရေ တစ်ခွက်၊ ဖယောင်းတိုင်ငါးတိုင်၊ အမွှေးတိုင် ငါးတိုင် ထွန်းညှိ ပူဇော်ပြီး… “သိဒ္ဓိ လာဘံ” ဟူ၍ (၉) ခေါက် တိတိ ရွတ်ဆိုပေးရပါမယ်။ ထို့နောက် မိမိ ငွေကြေး အကြွေးများ မြန်မြန်ကြေစေကြောင်းဆုတောင်းပါ။ မိမိ မွေးနေ့မှစ၍ ပြုလုပ်ပါ လုပ်ဆောင်ရမည့်အချိန်မလိုအပ်ပါ။ သံပုရာသီးကို မကြာမကြာ လဲပေးပါ။ နေ့တိုင်း ဖယောင်းတိုင်ထွန်း … Read more

ဝါယာရှော့မီးဘေး မဖြစ်ရအောင် လူတိုင်းသိထားသင့်သည့်အရာများ

မြန်မာနိုင်ငံအနှံအပြားတွင် မီးလောင်းခြင်းများ လေ့လာကြည့်ရာ ဝါယာရှောစ်ကြောင့် အများဆုံးဖြစ်နေပါသည်။ ဘာကြောင့် ဝါယာရှောစ် ဖြစ်ရပါသလဲ။ ကျွန်တော့်အတွေ့ကြုံနှင့် သိသလောက်ရှင်းပြပါမည်။ တိုးတက်လာသော လူနေမှုအဆင့်တန်းများ၏ အဓိက သော့ချက် တစ်ခု ဖြစ်သော အိမ်တွင်း လျှပ်စစ်အသုံးဆောင်ပစ္စည်းများ များပြားစွာ ယခုနှစ်များအတွင်း မြန်မာနိုင်ငံ အတွင်းသို့ဝင်ရောက်လာပါသည်။ ယခင်က မိမိအိမ်တွင် သွယ်တန်းထားသော မီးကြိုးများ၏ခံနိုင်ရည်ထက် ယခုအိမ်တစ်အိမ်အတွင်းသုံးစွဲနေသော လျှပ်စစ်ပစ္စည်းများ Loadက ပိုများနေသည်ကိုသတိမထားမိကြပါ ။ မျိုးစုံသော လျှပ်စစ်ပစ္စည်းများကိုသာ တစ်ခုပြီးတစ်ခု ဝယ်ယူကြပြီး အိမ်အတွင်း သွယ်တန်းထားသော မီးကြိုးများကိုလဲရန် မည်သူမျှ စိတ်မဝင်စားကြပါ။ ပလပ်ပေါက်ရှိရင် ထိုးပြီးအသုံးပြုလို့ရသည်ဆိုသော အတွေးများသာ မြန်မာနိုင်ငံပြည်သူ အများစုသိရှိကြပါသည်။ ကန်ထရိုက်တိုက်များတွင်လည်း လျှပ်စစ်နှင့် ဆိုင်သော အမှားခံပစ္စည်းများ လိုအပ်နေသည်ကိုတွေ့ရပါသည်။ အရေးကြီးဆုံးအချက်က လျှပ်စစ်ပစ္စည်းများကို ပြိုင်ပြီး မသုံးစွဲပါနှင့်။ ဥပမာ … Read more

လက်ရှိတွင်ပြည်ပရောက်ရှိနေသော်လည်း နွေဦးတော်လှန်ရေးဆန္ဒပြပွဲမှာ ခွန်အားဖြည့်မိငယ် သီချင်းလေးနဲ့ အားဖြည့်သီဆိုခဲ့တဲ့ အဆိုတော် ယုဇန.

လက်ရှိတွင်ပြည်ပရောက်ရှိနေသော်လည်း နွေဦးတော်လှန်ရေးဆန္ဒပြပွဲမှာ ခွန်အားဖြည့်မိငယ် သီချင်းလေးနဲ့ အားဖြည့်သီဆိုခဲ့တဲ့ အဆိုတော် ယုဇန.. အဆိုတော် ယုဇနကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူပါဝင်ခဲ့တဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ အခြေအနေအရပ်ရပ်ကြောင့် ပြည်ပနိုင်ငံသို့ ရောက်ရှိနေပေမယ့်လည်းသွေးအေးမသွားဘဲ တတ်နိုင်တဲ့ဘက်ကနေ တက်ကြွစွာ ပါဝင်နေဆဲပဲ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းကလည်း ယုဇနရဲ့ လူမှုကွန်ယက်တွင် ဗီဒီယိုဖိုင်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးဆန္ဒပြပွဲတွင် တေးသီချင်းတစ်ပုဒ်ဖြင့် ပါဝင်သီဆိုအားဖြည့်ခဲ့တဲ့ ယုဇနရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ ဇွန်လ (၁၂),(၁၃) ရက်နေ့ကို ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး ရက်သတ္တပတ်အဖြစ် ဩစတေးလျနိုင်ငံ ဆစ်စနီမြို့တွင် လူထုချီတက် ဆန္ဒပြပွဲ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ပြည်ပနိုင်ငံရောက် မြန်မာများနှင့် မြန်မာ့အရေးကို စိတ်ပါဝင်စားကြတဲ့ နိုင်ငံခြားသားများလည်းပါဝင်ခဲ့ကြတာကို မြင်တွေ့ကြရမှာပါ။ ဒီပွဲတွင် ယုဇနကတော့ … Read more

မိန်းကလေး (၁)ယောက်L.Tနေခဲ့မိလို့  ဒီလိုအဖြစ်ကြုံခဲ့ရပါတယ် သတိထားကြဖို့

အစ်ကိုအောင်အောင်ရေ အစ်မ မော်မော် ကတွေ့ ချင်လို့  အိမ်ကိုလာခဲ့ပါ တဲ့မော်မော်ရဲ သူငယ်ချင်းဖြစ်သူမောင်တေဇာမကောင်းဖြစ်နေတာ ကဖုန်းဆတ်ပြီး ကျွန်တော့်ကိုပြောပါသည်။ တနယ်ထဲသား ငယ်သူငယ်ချင်းတွေပါပဲ…မော်မော်နိုင်ငံခြားမှာအလုပ်လာလုပ်တာ ၁ နှစ်နီးပါးကြာပြီးနောက် နေ ကိုတော့ကြားသည်။ တခေါက်မှမရောက်ဖြစ်သေး ။ ခုတော့သူ ကိုယ် တိုင်ခေါ်ခိုင်းနေပြီမို့  ညနေဖက်အိမ်မှထွက်ခဲ့သည်။သူအိမ်ရောတ်တော့ သူလုပ်ဖေါ်ကိုင်တ်ေတွေက သူအပေါ် ထပ်မှာရှိတယ်ပြောလို့  ကျွန်တော် အိမ်အပေါ်ထပ်သို့တန်း တက်ခဲ့သည်။ မော်မော်က ကခြေသံကြားသဖြင့်ခေါင်းထောင်ကြည့်သည်။ ကျွန်တော်အနားရောက်သွားသည်နှင့် ။ အကိုအောင်အောင် ကတော့ငါ့ညီမလေး ဘယ်လိုဖြစ်နေသလဲလိုသတင်းတောင်လာမေးဖေါ်မရဘူး။ ခေါ်ခိုင်းမှပဲပေါ်လာတော့တယ်နော်။မဟုတ်ပါဘူးမော်မော်ရာ အကိုလည်း ဒီရက်မှာအလုပ်နဲနဲ များနေ လို့ မလာဖြစ်သေးတာပါ။မော်မော်ကိုကြည့်ရတာ အသားအရေ ဖြုဖတ်ဖြုရော်နှင့်တော်တော်လဲ ပိန်သွားသည်။ ဟိုတုံးကမော်မော် နှင့် လုံးဝမတူတော့။မော်မော် နှင့်ကျွန်တော်က ၄ နှစ်ကွာသည် ။ ငယ်ငယ်ကတည်းကအိမ်နီးချင်းနေလာသည်မို … Read more

အရမ်းမှန်လို့ ထပ်ခါထပ်ခါတင်ဖြစ်တဲ့ ( ၇ ) ရက်သားသမီးများအကြောင်းနှင့်စိတ်နေစိတ်ထားများ

( ၇ ) ရက်သားသမီးများအကြောင်းနှင့်စိတ်နေစိတ်ထားများ တနင်္ဂနွေ သားသမီးများ အကြောင်း အရမ်းကြီးချောတဲ့ထဲမပါပေမဲ့ ရုပ်မဆိုးကြပါဘူး နှုတ်ခမ်းအလှပိုင်ရှင်တွေလဲဖြစ်တယ် အိပ်တယ်ဆိုတာ သူ့တို့ရဲ့ အကြီးမားဆုံးဝါသနာပါ အစောကြီးထရတာလဲ သေအောင်မုန်းတယ် သီချင်းတွေဟာ သူတို့အတွက် အကောင်းဆုံး သူငယ်ချင်းတွေပါ စိတ်ညစ်စရာရှိရင် ဘယ်သူ့ကိုမှ မပြောပဲ တစ်ယောက်ထဲသာဝမ်းနည်းနေတတ်ပါတယ် တစ်ယောက်ထဲအေးဆေးနေရတာကို နှစ်သက်တဲ့ သူတွေပါ အကောင်းဆုံးဆိုတဲ့အရာတွေကိုသာ ရွေးချယ်တတ်သူတွေပါ ငွေကြေးမှာလဲ လက်အရမ်းဖွာတယ် အမြဲတမ်းလူကြီးတစ်ယောက်လို ရင့်ကျက်ချင်ယောင်ဆောင်တတ်ပေမဲ့ ကလေးစိတ်ကတော့ လုံးဝမပျောက်သေးပါဘူး ချစ်သူအပေါ်အရမ်းအချစ်ကြီးသလို တစ်ယောက်ဆို တစ်ယောက်ပဲ ချစ်တတ်ပါတယ် စိတ်ဆိုးလဲ ခဏဆိုတဲ့ သူတွေပါ…စိတ်ထဲမှာခုသွားရင်တော့ ဟန်ဆောင်ပြုံးတောင် မပြုံးပြတတ်ပါဘူး သစ္စာတရားကို တန်ဖိုးထားတဲ့သူတွေမို့ သူကိုယ်တိုင်လဲသစ္စာရှိသလို သူ့ကို သစ္စာဖောက်ရင်လဲ အရမ်းမုန်းတတ်တဲ့သူတွေပါ မှန်ရဲ့လား ဗျ မှန်ရင် Share လိုက်တော့ တနင်္ဂနွေ … Read more

GZ လေးတွေ မိုးရွာထဲမှာ ထမင်းစားနေရတာတောင် အပြုံးမပျက်ရှာဘူး (ရုပ်/သံ)

GZ လေးတွေ မိုးရွာထဲမှာ ထမင်းစားနေရတာတောင် အပြုံးမပျက်ရှာဘူး (ရုပ်/သံ) ပြည်သူတွေအတွက် တိုက်ပွဲ ဝင်နေတဲ့ GZလေးကတော့ ပြည်သူအတွက် တောထဲ တောင်ထဲမှာ နေပြီး… စစ်ပညာတွေကို သင်ကြားနေကြတာပါ…. မြို့ပြက လူတွေ လက်ဖက်ရည်ဆိုင်ထိုင် ဂိမ်းတွေဆော့ NIGHT CLUB တွေ တက်နေချိန်မှာ… GZတွေကတော့ အပင်ပန်းခံ စစ်ပညာတွေသင်ကြား ပြည်သူဘက်တော်သား ပြည်သူတွေ ရှေ့ကနေ မားမား မတ်မတ် ရပ်တည်ဖို့… မိဘဆွေမျိုးတွေကို ပစ် တိုင်းပြည်အတွက် ဆိုတဲ့ စိတ်နဲ့ တောထဲတောင်ထဲမှာ နေနေကြတာပါ…. အခုခါမှာတော့ GZလေးတွေ မိုးရွာထဲမှာ ထမင်း ဝိုင်းဖွဲ့ စားနေရတာတောင် အပြုံးမပျက်ပဲ ချိုသာတဲ့ သူတော့ အပြုံးလေးတွေကို တွေ့မြင်ရမှာမယ့် ဗီဒီယိုဖိုင်လေး ဖေါ်ပြပေးမှာပဲ ဖြစ်ပါတယ်… ပရိသတ်တွေလဲ … Read more

အစဉ်တွဲဖက်မစားသုံးသင့်သော အစားအစာ (၇၅) မျိုး

အစဉ်တွဲဖက်မစားသုံးသင့်သော အစားအစာ (၇၅) မျိုး ဘယ်သောအခါမျှ တွဲဖက်မစား သင့်သော အစားအစာ( ရ၅ ) မျိုး – ၁။ ဆူးပုတ်ရွက် + ဆိတ်သား { မူးဝေ } ၂။ ကိုကိုး(ဖျော်ရည်)+ ပဲမြစ် { မူးဝေ } ၃။ ဝက်သား+ ဒေါင်းသား{ ဝမ်းလျှော } ၄။ ဝက်သား+ { ဝမ်းလျှော } ၅။ ဝက်သား + ပေရည်ပေသီး { ဝမ်းလျှော } ၆။ ရှောက်သီး + စောင်းလျှားသီး{ ဝမ်းလျှော}၇။ ခိုသား + စောင်းလျားသီး{ ဝမ်းလျှော } ၈။ ဆီးသီး+ စားတော်ပဲ … Read more

မိန်းခလေးတိုင်း သိထားသင့်ထားပါတယ် (ကျေးဇူးပြု၍ ပြန်လည်မျှဝေပေးကြပါနော်)

အမျိုးသမီးမိန်းကလေးများသတိပြုမိစေရန်ကျေးဇူးပြုပီးသင်သိသောအမျိုးသမီးများကိုမျှဝေပေးပါ(သင် သည် အမျိုးသားတစ်ယောက် ဆိုပါကယခု အကြောင်းရာအားအမျိုးသမီးများအတွက် မျှဝေပေးပါ)အမျိုးသမီးများရာသီကာလ အတွင်းအောက်ပါအချက် များမလုပ်သင့်ပါဒါတေကတော့ ၁။ရာသီချိန်ကာလအတွင်း ရေခဲရေ ၊ဆိုဒါ မသောက် သုံးသင့်သလို အုန်းသီးလဲ မစားသင့်ပါ။သုတေသီများ၏လေ့လာချက် များအရ ရာသီကာလအတွင်းရေခဲရေသောက် သုံးးခြင်းသည်သားအိမ်တွင်းကျန်ရှိနသောရာသီသွေးကိုခဲစေတက်ပီး ၅နှစ် မှ ၁၀ နှစ် အတွင်းအကြိမ်ရေများလာသည့်အခါသားအိမ်ကင်ဆာအကျိတ်ဖြစ်ပေါ်စေနိုင်ပါတယ်။ ၂။ အမျိုးသမီးများရာသီချိန်ကာလအတွင်း ခေါင်းလျှော်ခြင်းမပြုသင့်ပါ အဘယ်ကြောင့်ဆိုသော်ရာသီချိန်ကာလအတွင်း ဦးခေါင်း၏ချွေးပေါက်ငယ် လေးများပွင့်နေတက် ပြီးခေါင်းလျှော် လိုက် ခြင်းအားဖြင့်ပိုမိုကျယ် သွားစေကာ ဦးခေါင်းအတွင်းပိုင်းကို လေတိုက်ရိုက် သက်ရောက် စေခြင်းကြောင့် ဦးခေါင်းကိုက် ခဲခြင်းကို ဖြစ်စေတက် ပါတယ်။ထိုသို့ဖြစ်ခြင်းသည် အရမ်းအန္တရယ် များပီး ငယ်ရွယ်စဉ်မှာမသိသာသော်လဲ ကြီလာသည့်အခါ မှာပိုမိုခံစားရပါတယ်။ ၃။ ရာသီကာလအတွင်းသခွားသီးမစားသင့်ပါ ဘာဖြစ်လို့လဲ ဆိုတော့ သခွားသီးအတွင်းက အရည်ဓာတ်ဟာဆိုရင် သားအိမ်နံရံမှာရှိတဲ့ရာသီသွေးစွန့်ပစ်ရာ အပေါက် ငယ် … Read more

ယနေ့မိုးကြီးနိုင်သော တိုင်းနှင့်ပြည်နယ်များနှင့် မိုးရရှိနိုင်သော မြို့များ

ယနေ့မိုးကြီးနိုင်သော တိုင်းနှင့်ပြည်နယ်များနှင့် မိုးရရှိနိုင်သော မြို့များ ယနေ့မိုးကြီးနိုင်သော တိုင်းနှင့် ပြည်နယ်များမှာ တနင်္သါရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ပဲခူးတိုင်း ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ် တို့ဖြစ်ကြပါသည်…။ ယနေ့ မိုးရေရရှိနိုင်သော မြို့များမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း ချင်းပြည်နယ် မကွေးတိုင်းငဖဲ စေတုတ္တရာ လောင်းရှည် ဆော စလင်း ပွင့်ဖြူ ရေနံချောင်း ဆိပ်ဖြူ ဆင်ဖြူကျွန်း ချောက် ပေါက် မြိုင် ထီးလင်း ဂန့်ဂေါ ကလေး ခမ်းပတ် တမူး မိုးရရှိနိုင်ပါတယ် နေ့စဉ်မိုးလေဝသသတင်း (၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၃)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော် အခြေအနေ။ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေနှင့် အနောက်ဘင်္ဂလားကမ်းခြေတို့အနီးတွင် … Read more

ကိုရီးယားရောက်ကရင်တိုင်းရင်းသူအဆိုတော်မ​လေးရဲ့ “မြန်မာ့နွေဦး” သီချင်းသစ်​လေးစတင်ဖြန့်ချီ (ရုပ်/သံ)

ကိုရီးယားရောက်ကရင်တိုင်းရင်းသူအဆိုတော်မ​လေးရဲ့ “မြန်မာ့နွေဦး” သီချင်းသစ်​လေးစတင်ဖြန့်ချီ (ရုပ်/သံ) ရုပ်သံဖိုင်ကိုအောက်ဆုံးမှာ ဖေါ်ပြထားပါတယ်… တောင်ကိုရီးယားနိုင်ငံရောက် အသက် ၁၃ နှစ်အရွယ် ကရင်တိုင်းရင်းသူအဆိုတော် နော်မာသာထူးဝါး (Wanyiwah ) မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်တွေကိုဝေမျှဖို့ “ မြန်မာ့နွေဦး” သီချင်းသစ်တစ်ပုဒ်ကို သီဆို ဖြန့်ချိထားပါတယ်။ ပန်းပွင့်တွေထဲ တော်လှန်ရေးသင်္ကေတလက်ချောင်း ၃ ချောင်းတွေဖူးပွင့်လာမလားဆိုတဲ့ စာသားပါတဲ့ မြန်မာ့နွေဦးသီချင်းကိုဆိုရင်း မြန်မာနိုင်ငံက သူငယ်ချင်းတွေရဲ့လတ်တလော ပင်ပန်းခက်ခဲပြီး ကြောက်စရာကောင်းတဲ့နွေဦးရာသီကို ဖြတ်သန်းနေရပြီးမကြာခင်မှာအကြောက်တရားမရှိပျော်ရွှင်စရာနွေဦးရာသီရောက်လာဖို့မျှော်လင့်နေပါတယ်လို့ နော်မာသာထူးဝါးက သူ့ခံစားချက်တွေ မျှဝေထားပါတယ်။ နော်မာသာထူးဝါးရဲ့မိဘတွေဟာ မြန်မာနိုင်ငံမှာနေချိန်တုန်းက တိုင်းရင်းသားလူနည်းစုတွေ အပေါ်ဖိနှိ.ပ်ခံရတဲ့​နေရာက ထွက်ပြေးလာပြီးထိုင်းနိုင်ငံကဒုက္ခသည်စခန်းတစ်ခုမှာအခြေချခဲ့ပါတယ်။ သူ့ရဲ့ဖခင်ကွယ်လွန် သွားပြီးနောက်မှာငွေကြေးချို့တဲ့နွမ်းပါးတဲ့ ကလေး ၃ ယောက်မိခင်ဟာတောင်ကိုရီးယားနိုင်ငံကိုသွားဖို့ဆုံးဖြတ်ခဲ့ပြီးသီချင်းဆိုဝါသနာကြီးလှတဲ့နော်မာသာထူးဝါး အတွက်အခွင့်အရေးပိုကောင်းဖို့ မျှော်လင့်ခဲ့တာပါ။ နော်မာသာထူးဝါးဟာတောင်ကိုရီးယားနိုင်ငံရဲ့လူကြိုက်များတဲ့ ​တေးဂီတပွဲတခုမှာ ပါဝင်လာပြီးနောက်မှာတစ်နိုင်ငံလုံးကအာရုံစိုက်ခံခဲ့ရပါတယ်။သူသီဆိုထားတဲ့ “အိမ်လေးတစ်လုံးလိုချင်တယ်” သီချင်းနဲ့ဟာလည်းယူကျုမှာ ပေါက်သွားခဲ့ပြီး မြန်မာပရိသတ်တွေရဲ့အားပေးမှုတွေလည်း မြင့်တက်လာကာ … Read more