တစ်ခါတုန်းက အပျိုကြီးတစ်ယောက်ဟာ ယောင်္ကျားလိုချင်လွန်းလို့ ဗေဒင်ဆရာဆီသွားမေးသောအခါ
တစ်ခါတုန်းက အပျိုကြီးတစ်ယောက်ဟာ ယောင်္ကျားလိုချင်လွန်းလို့ ဗေဒင်ဆရာဆီသွားမေးတယ်။ “ခင်ဗျားမှာ အိမ်ထောင်ကျမယ့်ဇာတာ ရှိပါတယ်´´ အပျိုကြီးခင်မျာ အရမ်းပျော်သွားပြီး “ဟီ ဟိ ဆရာ ဒါဆို ဘယ်အချိန်ရောက် အိမ်ထောင်ကျမလဲတိတိကျကျလေး ဟောလို့ ရရင် ဟောပေးပါဆရာရယ်´´ “အိမ်း ဒါကတော့ ….. ခင်ဗျားရဲ့ကံဇာတာ အပေါ်မူတည်ပြီး နိမိတ်ကောက်ယူတဲ့ အဟောနဲ့ ဆုံးဖြတ်ရမှာပဲ ဒါ့ကြောင့် ဒီညပဲ ရွာထဲကို လမ်းလျှောက် ထွက်ရင်းပတ်ဝန်းကျင်က ကြားရတဲ့ အသံ နိမိတ်ကိုကောက်ယူရမယ်´´ “ဟုတ်ကဲ့ ဘယ်လိုကောက်ယူရမှာလဲရှင့်…အဟိ ´´ “ဥပမာ – တစ် ဆိုတဲ့ အသံကို ကြားရရင် ခင်ဗျား တစ်လအတွင်း အိမ်ထောင်ကျမယ် နှစ် ဆိုတဲ့အသံကို ကြားရရင် နှစ်လအတွင်းပေါ့ဗျာ´´ အပျိုကြီး အပျော်လုံးဆို့ပြီး အိမ်ပြန်သွားတယ် ည ၇ … Read more
ရေဘဝဲအရှင်လတ်လတ်ကို Live လွှင့်ပြီး စားဖို့ကြိုးစားခဲ့သော မိန်းကလေး ရဲ့အဖြစ်
တရုတ်နိုင်ငံက မိန်းကလေးငယ်တစ်ဦးဟာ တရုတ်လူမျိုးတွေ ရေပန်းစားနေတဲ့ Kuaishou platform ပေါ်မှာ သူမဟာ ရေဘဝဲကို စားရန်လုပ်နေတဲ့အချိန်မှာ ၎င်းသတ္တဝါက သူမရဲ့မျက်နှာမှာ ကပ်နေခဲ့တဲ့ ဗီဒီယိုကို မျှဝေခဲ့ပါတယ်။ သူမက “တကယ်နာတယ်။ ကျွန်မ မဖယ်ရှားနိုင်ဘူး” ဆိုပြီး အော်ဟစ်ကာ ရေဘဝဲကို ဖယ်ထုတ်ရန်ရုန်းကန်နေရတဲ့ အချိန်မှာ သူမရဲ့ဘယ်ဘက်ပါးမှာ ရေဘဝဲကိုက်ရာများကျန်ရှိနေခဲ့ပါတယ်။ ဒီတော့ သူမရဲ့မျက်နှာမှာ ရေဘဝဲ ကိုက်ရာကျန်ရှိနေခဲ့တာကြောင့် သတိပြုမိပြီး “ကျွန်မရဲ့ မျက်နှာ ပုံပျက်ပန်းပျက် ဖြစ်သွားပြီ” ဆိုပြီး ငြီးနေခဲ့ပါတယ်။ ၎င်းမိန်းကလေးရဲ့ ဗီဒီယိုဟာ တရုတ်နိုင်ငံမှာ အလျင်အမြန်ပျံ့နှံ့သွားပြီး နောက်ပိုင်းမှာတော့ အနောက်တိုင်းလူမှုမီဒီယာများမှာလည်းပါ ၀ င်ခဲ့ပါတယ်။ အချို့သော မှတ်ချက်ပေးသူတွေက “ထိုက်တန်ပါတယ်။ သူမက ရေဘဝဲကို စားဖို့ကြိုးစားခဲ့တာကို ရေဘဝဲလည်း သူမကိုပြန်စားဖို့ကြိုးစားတာနေမာပါ” ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။ … Read more
အရမ်းကြောက်ဖို့ကောင်းပြီး အရမ်း အရေးကြီးလို့မျှဝေပေးလိုက်ရပါတယ်
ကြယ်စင်လေးကျဆုံးသွားတဲ့ ရက် (၁၀၀)ပြည့် နေ့လေးမှာ သူမရဲ့အုတ်ဂူလေးကိုသွားရောက်ပြီး နာကျင်ခံစားနေရတဲ့ ချစ်သူကောင်လေး
မတ်လ (၃) ရက်နေ့မှာ ဦးခေါင်းကျည်ထိမှန်ပြီး ကျဆုံးသွားတဲ့ သူရဲကောင်းမလေးကြယ်စင်ကိုတော့ ပြည်သူတွေက အခုချိန်ထိသတိရပြီး နှမျောနေကြဆဲပဲဖြစ်ပါတယ်။ ကြယ်စင်လေးက အသက် (၁၉)နှစ် အရွယ်သာရှိသေးပေမယ့် စိတ်ဓာတ်ကြံ့ခိုင်ပြီး ထက်မြက်တဲ့မိန်းကလေးဖြစ်ပါတယ်။တစ်ဦးတည်းသောသမီးလေးဖြစ်တဲ့ သူမကို မိဘတွေကလည်း သည်းသည်းလှုပ်ချစ်ပြီး စိတ်ချမ်းသာအောင်ထားပေးတာဖြစ်ပါတယ်။ အခုတော့ သမီးလေးကိုအပြီးတိုင်ဆုံးရှုံးလိုက်ရပြီဖြစ်လို့ မိဘတွေလည်း ယူကြုံးမရဖြစ်နေကြတာဖြစ်ပါတယ်။ ကြယ်စင်လေးရဲ့ နောက်ဆုံးခရီးကိုလည်း ပြည်သူအများအပြားက ဝမ်းနည်းကြေကွဲစွာနဲ့လိုက်ပါပို့ဆောင်ပေးခဲ့ကြ တာဖြစ်ပါတယ်။ကြယ်စင်လေးရဲ့ ချစ်သူဆိုရင် မသင်္ဂြိုလ်ခင်အချိန်ထိ သူမရဲ့ဘေးနားမှာပဲ အမြဲနေခဲ့တာဖြစ်ပါ တယ်။ဒါ့အပြင် ချစ်သူကောင်လေးက သူမကျဆုံးခဲ့တဲ့နေရာလေးကို သွားရောက်ပြီး ပန်းတွေလည်းထားပေးတာဖြစ်ပါတယ်။ ထွက်သွားတဲ့သူတွေထက် ကျန်ခဲ့ရတဲ့သူတွေက ပိုနာကျင်ခံစားရပြီး ဘယ်တော့မှ မမေ့ပျောက်နိုင်တာဖြစ်ပါတယ်။ အခုဆိုရင်တော့ ကြယ်စင်လေးကျဆုံးတာ ရက် (၁၀၀) ပြည့်သွားပြီဖြစ်လို့ ချစ်သူကောင်လေးက သူမရဲ့အုတ်ဂူလေးကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ချစ်သူကောင်လေးရဲ့ ခံစားချက်ကိုလည်း ပြည်သူတွေကနားလည်လို့ သူတို့နှစ်ယောက်အတွက် စိတ်မကောင်းဖြစ်နေရတာဖြစ်ပါတယ်။ ဒီကာလမှာ … Read more
ဆံပင်ကျွတ်တတ်တဲ့သူတွေ ခေါင်းလျှော်ရင် ဘယ်လိုလျှော်ရမလဲဆိုတာ …
ဆံပင်ကျွတ်တတ်တဲ့သူတွေ ခေါင်းလျှော်ရင် ဘယ်လိုလျှော်ရမလဲဆိုတာ ….. ဆံပင်ကျွတ်ခြင်းဆိုတာက လူတိုင်းနေ့စဉ်ကြုံတွေ့နေရတာပါ။လူတစ်ယောက်ကတစ်နေ့ကို ဆံပင် ၁၀၀ လောက်ကျွတ်နိုင်ပါတယ်။ ဒါပေမယ့်ဆံပင်ကျွတ်တာကလည်း ခေါင်းလျှော်တာနဲ့သက်ဆိုင်မှုရှိပါသေးတယ်။အဲ့ဒီတော့ ခေါင်းဘယ်လိုလျှော်မလဲဆိုရင် ဒီတိုင်းလျှော်မယ်ပဲဖြေမိကြမှာပါ တကယ်က ဆံပင်မကျွတ်အောင် ခေါင်းလျှော်တဲ့အခါမှာ ဂရုစိုက်သင့်တာလေးတွေရှိပါတယ်။ဘာတွေ ဂရုစိုက်ရမလဲဆိုတာကို ဖော်ပြပေးပါမယ်။ ၁ — ခေါင်းလျှော်ရည်နဲ့ ဆံပင်ပျော့ဆေး (သို့) ပေါင်းဆေး အသုံးများခြင်း ခေါင်းလျှော်ရည်နဲ့ ဆံပင်ပျော့ဆေး များများသုံးတာက ဆံကေသာကို ပိုပြီး ကောင်းမွန်ပျော့ပြောင်းစေတယ်လို့ထင်မိကြပါလိမ့်မယ်။ ဒါပေမယ့် အများကြီးသုံးရင် ဆံကေသာကိုထိခိုက်နိုင်တဲ့ အတွက် ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။အဲ့ဒါမလို့ အတော်အသင့်လောက်ပဲအသုံးပြုသင့်ပါတယ်။ ၂ — ရေနွေးနဲ့ခေါင်းလျှော်ခြင်း လူတချို့က ရေနွေးနဲ့ ခေါင်းလျှော်တတ်ကြပါတယ်။ရေနွေးနဲ့ခေါင်းလျှော်ပြီးရင် ခဏကြာတဲ့အခါမှာ လူကို အိပ်ပျော်စေနိုင်ပါတယ်။ ရေနွေးနဲ့ခေါင်းလျှော်လိုက်ရင် ဆံပင်ပေါက်စေနိုင်တဲ့ Follicles တွေကိုသေစေနိုင်တာမလို့ ဆံပင်ကျွတ်တာတွေ ဆံပင်ပါးတာတွေဖြစ်စေနိုင်ပါတယ်။ အဲ့ဒါမလို့ … Read more
သားကြီးမယားကြီးရှိရဲ့သားနဲ့Facebookပေါ်တတ် ရည်းစားထားနေကြသော ချီးထုပ်များကိုဒဲ့ပြောပါတယ်
သားကြီးမယားကြီးရှိရဲ့သားနဲ့Facebookပေါ်တတ် ရည်းစားထားနေကြသော ချီးထုပ်များကိုဒဲ့ပြောပါတယ် သားကြီးမယားကြီးရှိရဲ့သားနဲ့Facebookပေါ်တတ် ရည်းစားထားနေကြသော ချီးထုပ်များကိုဒဲ့ပြောပါတယ်၊ ငါ့များလားမသိဘူးလို့မတွေးပါနဲ့ခင်ဗျားကို ပြောတယ်လို့ပဲ မှတ်ပါ ။ မနက်လင်းတာနဲ့ ဖုန်းကောက်ကိုင် … မောနင်းချစ် မောနင်းသဲလေး ဘာလုပ်။ အိမ်က မိန်းမ ချက်စရာ ဆန်ရှိရဲ့လားကျ မမေးဘူး။ ညက ကိုကို့ကို အိမ်မက်ထဲ ထည့်မက်ရဲ့လားလုပ် ။ အိမ်က မိန်းမညက ကလေးဂျီလို့ တစ်ညလုံး မအိပ်လိုက် ရတာကျ မသနားဘူး ချစ်ကလေး နေမကောင်းဘူးလား ဘာစားထားလဲ … ဆေးကောသောက်ပြီးပြီလား မသက်သာရင် ဆေးခန်း လိုက်ပြပေး မယ်နော် ဘာမှ စိတ်မပူနဲ့ ကိုကိုရှိတယ်။ အိမ်က မိန်းမနေမကောင်းဖြစ်လို့ ဆေးသောက် ပီးပီလား မေးဖော် မရဘူး သက်သာလား နည်းနည်းလေးမှမေးဖော်မရဘူး။ အားတာနဲ … Read more