သွေးအားနည်းသူတွေ၊ သွေးပေါင်ကျသူတွေ အတွက် အကောင်းဆုံး သဘာဝဆေးနည်း…..
ခေါင်းအုံးအောက်မှာကြက်သွန်ဖြူထားပြီးအိပ်ခြင်းကြောင့်ရရှိလာမယ့်ကောင်းကျိုး ၄ ခု……
ခေါင်းအုံးအောက်မှာကြက်သွန်ဖြူထားပြီးအိပ်ခြင်းကြောင့်ရရှိလာမယ့်ကောင်းကျိုး ၄ ခု နှာခေါင်းပိတ်တာပျောက်စေတယ် တစ်ခါတစ်လေကျရင် နှာစေးလို့၊ အအေးမိလို့ နှာခေါင်းပိတ်တာမျိုးမဟုတ်ပဲ ညဘက်ရောက်မှ နှာခေါင်းတစ်ဖက်ပိတ်တာမျိုး ဖြစ်တတ်ပါတယ်။ ညအိပ်တဲ့အခါတိုင်းမှာ ကြက်သွန်ဖြူကို ခေါင်းအုံးအောက်ထားပြီး အိပ်မယ်ဆိုရင်တော့ ဒီလိုနှာခေါင်းပိတ်တာ သက်သာပြီး ပျောက်သွားစေပါတယ်။ အသက်ရှူလို့ပိုကောင်းလာစေပါတယ်။ ကိုယ်ခံအားစနစ်ပိုကောင်းလာစေတယ် ကြက်သွန်ဖြူက မကောင်းတဲ့ဘတ်တီးရီးယားတွေကို ချေဖျက်နိုင်ပါတယ်။ ဒါ့အပြင် ညအိပ်တဲ့အခါတိုင်းမှာ ကြက်သွန်ဖြူကို ခေါင်းအုံးအောက်ထားပြီး အိပ်မယ်ဆိုရင် ကိုယ်ခံအားစနစ်ပါ ပိုပြီးကောင်းလာစေပါတယ်။ မနက်နိုးတဲ့အခါမှာလည်း နေလို့ကောင်းတဲ့ feeling မျိုးရစေပါတယ်။ ပိုးကောင်တွေမလာအောင်ကာကွယ်ပေးနိုင်တယ် ကြက်သွန်ဖြူကို ခေါင်းအုံးအောက်မှာထားတာက ပိုးကောင်တွေ၊ ပင့်ကူတွေ၊ ခြင်တွေမလာအောင် ကြိုတင်ကာကွယ်ပေးပါတယ်။ တချို့ကတော့ ကြက်သွန်ဖြူကနံတယ်ဆိုပြီး အဲ့လိုထားတာမကြိုက်ပါဘူး။ ဒါပေမယ့် ပိုးကောင်တွေရှိတတ်ရင်တော့ ထားသင့်ပါတယ်။ ပိုပြီးအိပ်လို့ကောင်းလာစေတယ် ကြက်သွန်ဖြူက vitamin B1 ကြွယ်ဝတဲ့အတွက် အိပ်မပျော်ခြင်းကို တိုက်ထုတ်ပေးပြီး ကောင်းမွန်စွာနဲ့ … Read more
ချောင်းဆိုး အမြန်သက်သာပျောက်ကင်းစေဖို့ အိမ်မှာ ပြုလုပ်လို့ရတဲ့ ဆေးတစ်ခွက်
ချောင်းဆိုး အမြန်သက်သာပျောက်ကင်းစေဖို့ အိမ်မှာ ပြုလုပ်လို့ရတဲ့ ဆေးတစ်ခွက် ဖျားနေရင်းနဲ့ ချောင်းဆိုးပြီဆိုရင် အိပ်လို့လည်းမရ ခံရလည်းတော်တော် ခက်လှပါတယ်။လည်ပင်းယားပြီး ချောင်းမကြာခဏဆိုးလာပြီဆိုရင် ကိုယ့်အနီးနားက လူတွေပါ အနှောင့်အယှက်ဖြစ်ရပါတယ်။ ဆေးဝါးတွေကို အလွယ်တကူ မကြာခဏမှီဝဲတာဟာ သိပ်တော့မကောင်းလှပါဘူး။ ဒ့ါကြောင့် သဘာဝဆေးစွမ်းတစ်လက် ဖော်စပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။ အိမ်မှာပဲ အလွယ်တကူပြုလုပ်နိုင်မှာဖြစ်လို့ စာဖတ်သူတို့ အဆင်ပြေကြမှာပါ။ ပါဝင်ပစ္စည်း သကြား ၁ ခွက် ရေ ခွက်တစ်ဝက် သံပုယိုရည် စားပွဲတင်ဇွန်း ၁ဇွန်း ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း ဂျင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် လေးညှင်းပွင့် (ကြိတ်ပြီးသား) လက်ဖက်ရည်ဇွန်း ၁/၄ ပုံ ပြုလုပ်နည်း သကြားတစ်ခွက်ကို ရေခွက်တစ်ဝက်ဖြည့်ထားတဲ့ ခွက်ထဲထည့်လိုက်ပါ။ ပြီးရင် သံပုယိုသီးကို တစ်ခြမ်းလှီးပြီး အရည်ညှစ်ထည့်ပါ။ … Read more
သားသမီးကို ရိုင်းစေချင်တဲ့ မိဘရယ်လို့ ဘယ်ရှိပါ့မလဲ
ကိုယ့်သားသမီးကို ရိုင်းစေချင်တဲ့ မိဘ ရယ်လို့ ဘယ်ရှိပါ့မလဲ?ကိုယ်ကမိဘ အုပ်ထိန်းသူတစ်ယောက်ဆိုရင် ကိုယ့်သားသမီးကို ယဉ်ကျေး လိမ္မာ စေချင်ကြမှာ ဓမ္မတာပါပဲ။ ဒါပေမယ့် လောက မှာ ဖြစ်ချင်တဲ့အရာတိုင်းက လွယ်လွယ်ကူကူလေးဖြစ်လာတာမဟုတ်တဲ့အတွက် မဖြစ်လာတဲ့အခါလည်း စိတ်အရမ်းပူမသွားပဲ ကိုယ့်ဘက်က ဘယ်လို လေးတွေများ ထိန်းကျောင်းသင်ပြ ပေးမယ်ဆိုရင် အဆင်ပြေနိုင်မလဲဆိုတာ ကို ထပ်ပြီးကြိုးစားကြည့်ဖို့ အကြံပေးချင်ပါတယ်။ 1. ပျော်တတ်အောင်သင်ပေးပါ ဒီအရွယ်ဟာ ပျော်စရာတွေနဲ့ပြည့်နှက်နေတဲ့အချိန်ကောင်းပါ။ ဒီလိုအချိန်မှာမှ လောကကြီးရဲ့အနှစ်သာရကိုအပြည့်အ၀မခံစားရင် သိပ်နှမြောဖို့ကောင်းပါတယ်။ ဒါကြောင့် ဒီအရွယ်မှာ သူတို့ရဲ့ပျော်ရွှင်မှုတွေကိုမပိတ်ပင်ပဲ အတိုင်းတာတစ်ခုထိလွှတ်ထားပေးသင့်ပါတယ်။ 2. အကောင်းမြင်တတ်အောင်သင်ပေးပါ အကောင်းမြင်တတ်တဲ့စိတ်လေးကို ဆယ်ကျော်သက်အရွယ်ထဲကနေတဖြည်းဖြည်းသင်ပေးပါ။ တစ်ဘ၀လုံးအတွက် စိတ်ချမ်းသာဖို့အကောင်းမြင်တတ်တဲ့စိတ်လေးလည်းရှိဖို့လိုပါတယ်။ 3. တင်းတိမ်ရောင့်ရဲတတ်အောင်သင်ပေးပါ ဒီအရွယ်မှာ အရှိသင့်ဆုံးကတော့တင်းတိမ်ရောင့်ရဲနိုင်တဲ့ စိတ်ထားလေးပါပဲ…ဆိုလိုချင်တာက တစ်ချို့သော ဆယ်ကျော်သက်လေးတွေဟာ ဒီလိုမနူးမနပ်အရွယ်မှာ စိတ်ထွေပြီး အရမ်းကိုသူများထက်သာချင်တာမျိုး၊ လောဘကြီးတာမျိုးတွေဖြစ်လာတတ်ပါတယ်။ … Read more
အောက်ဆီဂျင်လေး (၁) လုံးလောက် အကူညီတောင်းပြီးနောက် (၇) နာရီအကြာမှာ “မလိုအပ်တော့ပါဘူး”လို့ ပို့စ်လေးပြန်တင်ခဲ့တဲ့ ရင်နာစရာဖြစ်ရပ်လေးတစ်ခု
လတ်တလောမှာ နိုင်ငံရေးအခြေအနေတွေကြောင့် စိတ်မကောင်းစရာ သတင်းတွေအပြင် တစ်ကျော့ပြန်ကူးစက်လာတဲ့ ကိုဗစ်ရောဂါကြောင့် လူအများအပြား သေဆုံးနေရတဲ့ မြင်ကွင်းတွေကိုလည်း နေ့ရောညပါ တွေ့မြင်နေရပါတယ်။ ဒါ့အပြင် နေအိမ်တွေမှာ ကုသနေကြတဲ့ ကိုဗစ်လူနာတွေများလာတာနဲ့အမျှ အောက်ဆီဂျင်များ အလွယ်တကူမရှိတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဒီလို အောက်ဆီဂျင်များအလွယ်တကူ အရေးပေါ်မရရှိတာကြောင့် ချစ်ရသူတွေကို မျက်စိအောက်မှာပဲ ဆုံးရှုံးခဲ့ရပါတယ်။ ယခုမှာလည်း အောက်ဆီဂျင်အလွယ်တကူမရတဲ့ ပြဿနာကြောင့် စိတ်မကောင်းစရာ ဖြစ်ရပ်လေးတစ်ခု ကြားသိခဲ့ရပါတယ်။ ဒီဖြစ်ရပ်လေးကတော့ အရေးပေါ်အသက်ရှုဖို့လိုအပ်နေတဲ့ မိခင်အတွက် အောက်ဆီဂျင်လေး (၁) လုံးလောက် လူမှုကွန်ယက်ပေါ်မှာ ကူညီကြဖို့အသနားခံတဲ့ ပို့စ်တင်ပြီးနောက် (၇)နာရီအကြာလောက်မှာပဲ မိခင်ဖြစ်သူဟာ ဆုံးပါးသွားခဲ့ရပါတယ်။ အသက်ရှူဖို့ ခက်ခဲနေတဲ့ မိခင်အတွက် အကူညီတောင်းနေရှာလာတဲ့ ပို့စ်လေးက နာရီပိုင်းအတွင်းမှာပဲ “မလိုတော့ပါဘူး”ဆိုတဲ့ စကားလေးတွေကြောင့် မြင်ရသူအဖို့ စိတ်မကောင်းဖြစ်ရပါတယ်။ ဒါ့အပြင် ပိုပြီးရင်နာစရာကောင်းတာကတော့ … Read more
ရုတ်တရက် ချွဲကျပ်ပြီး အသက်ရှူမဝ ဖြစ်လာပါလျှင်
၁ – ပရုပ်ဆီ သို့မဟုတ် ဒါဏ်ကြေလိမ်းဆေး တမျိုးမျိုးကို လက်ညိုး တကော်စာယူပြီး ခွက်တစ်လုံးတွင်ထည့်ကာ ရေနွေးပူပူလောင်းထည့် ဆေးပျော်သွားအောင် မွှေပေးပါ။ ၂ – မတ်ခွက်ကိုလက်ဖဝါးနဲ့အုပ်ပါ ခွက်အတွင်းမှာ ထွက်လာသည့်ဆေးငွေ့ကို နှာခေါင်းနဲအဆုပ်အတွင်းသို့ရောက်အောင် ဖြေးညင်းစွာရှူသွင်းပါ။ ၃ – ဦးခေါင်းကိုအပေါ်မော့ပြီး ပါးစပ်မှ ရှူသွင်းထားသည့်လေကို ပြန်ထုတ်ပါ ။ (ရေနွေးခွက်ရှိရာသို ပြန်ထုတ်သည့် လေကိုမဝင်ပါစေနဲရှူသွင်း ပြန်ထုတ် ၁၀ ကြိမ်ပြုလုပ်ပါ။ ထိုသို့လုပ်ခြင်းဖြင့် နှာခေါင်းနဲ့လည်ချောင်းအတွင်း အပူရှိန်ရှိနေသည်။ ၄ – ကျန်ရှိနေသည့် အပူငွေ့ကို ( ခွက်ထဲမှနွေးငွေ့ပြန်ရှူ ထုတ်မသုံး )ရှူလိုက် ၊ထုတ်လိုက် ၊၁၀ ကြိမ် ထပ်မံပြုလုပ်ပေးပါ။ထိုသို့လုပ်နေစဉ် ချွဲများပျော်ကျလာမည် ၁ ၀ ကြိမ်ပြည့်အောင် ဆက်လုပ်ပေးပါ ။ သတိပြုရန် – … Read more
အံ့သြစရာ ကောင်းလောက်အောင် ချိုင်းကြားက အသားအရေကို ဖြူဝင်းလာစေမယ့် သဘာဝနည်းလမ်း (၅) မျိုး…
သြစရာ ကောင်းလောက်အောင် ချိုင်းကြားက အသားအရေကို ဖြူဝင်းလာစေမယ့် သဘာဝနည်းလမ်း (၅) မျိုး ချိုင်းကြားအသားအရေ မည်းနေတာကြောင့် လက်ပြတ်၊ချိုင်းပြတ်၊ဝတ်ဖို့ အခက်ေ တွ့တာ၊ရေကူးဝတ်စုံနဲ့ ရဲရဲဝံ့ဝံ့ရေမကူးနိုင်တဲ့ ပျိုမေတွေအတွက် နည်းလမ်းကော င်းတွေကို အကြံပြုပေးချင်ပါတယ်။ အသုံးပြုရမယ့် ပစ္စည်းတွေကလည်း နေအိမ်မှာ အလွယ်တကူရနိုင်တဲ့ ပစ္စည်းတွေပါ။ ချိုင်းကြားအသားအရေ ဟာ နေရောင်နဲ့ လုံးဝမထိတွေ့ရတာကြောင့် အဲ့ဒီနေရာမှာ ဆဲလ်သေတွေစုပုံလာပြီး ချိုင်းကြား အသားအရေ မည်းညစ်ရတာဖြစ်ပါတယ်။ ဒီနည်းလမ်းတွေထဲက စိတ်ကြိုက် နည်းလမ်းတစ်ချို့ ကို ရွေးချယ်အသုံးပြုပေးပါက ညိုမည်းနေတဲ့ ချိုင်းကြား အသား အရေကို သိသိသာသာဖြူဝင်းလာစေမှာဖြစ်ပါတယ်။ (၁)သံပရို သံပရိုရည်ဟာ ဗက်တီးရီးယားတွေကို နှိမ်နင်းပေးနိုင်တဲ့ သဘာဝဆေး တစ်မျိုြး ဖစ်သလို ညိုမည်းနေတဲ့ နေရာတွေကို အရောင်ချွတ်ပေးနိုင်တဲ့ အရောင်ချွတ်ဆေးအဖြစ်လည်း အသုံးပြုလို့ရပါတယ်။ သံပရိုကို … Read more
ဒီချိန်မှာ မိသားစုတိုင်း သံပုရာသီး( ၉ ) လုံးကိုယခုကဲ့သို့ပြုလုပ်ပြီး ဆောင်ဖြစ်အောင်ဆောင်ထားပေးကြပါ(အကာအကွယ်တစ်ခုဖြစ်စေပါတယ်)
ဒီကြားထဲမိသားစုအားလုးံ သံပုရာသီးတလုးံစီဆောင်ထားကြနော် စီရင်မည့်သူ မွေးနေ့မရောက်ခင် တစ်ရက်ကြို ပြီး သံပုရာသီးကို ဈေးကနေ ၉ လုံးဝယ်လာပါ ပြီးရေသေချာဆေး မွေးနေ့မတိုင်ခင် ည (မိမိမွေးနေ့က တနဂ်နွေဆို စေနည 9:45 )မှာဘုရားကပ် ဘုရားကို သရဏဂုံ ၉ခေါက် သံဗုဒေ္ဓ ကိုးခေါက် ဘုရားဂုဏ်တော် ကိုးခေါက်ဆီ ရွတ် နောက်နေ့မွေးနေ့မနက် ၉း၄၅ မှာလည်း တစ်ခါ အပေါ်ကအတိုင်း ၉ခေါက်ဆီရွတ် ပြီး သံ အသစ် တစ်ချောင်း နဲ့ သံပရာသီး အားလုးံကို အရဟံလို့လိုက်ရေးပါ ပြီးရင်အိမ်ရှိလူကုန် အားလုးံဆောင်ထားကြပါ စီရင်မည့်သူ သီလ ကြီးရင် ကြီးသလိုအစွမ်းထက်မြက်သော အစီအရင်ဖြစ်ပါတယ်. . တစ်ယောက်တစ်လုးံဆီ ဆောင်ထားကြ ပိုတဲ့ အလုးံတွေ ကိုဘုရားဆပ်ပြီးကပ်ထားကြပါ။ သံပုရာတစ်လုးံရဲ့အား က … Read more