ချစ်သူတွေအဖြစ်မတွဲခင်မှာ နှစ်ယောက်သားဆွေးနွေးထားသင့်တဲ့ အကြောင်းအရာ(၄)မျိုး

အရာအားလုံးမြန်ဆန်လှတဲ့ အင်တာနက်ခေတ်ကြီးထဲမှာ ရည်းစားတစ်ယောက်ထားဖို့၊ ချစ်သူတစ်ယောက်ထားဖို့ဆိုတာလည်း အချိန်တွေအများကြီးယူစရာမလိုတော့ပါဘူး။ ဆိုရှယ်မီဒီယာမှာအခုတွေ့ပြီး ခဏနေဆိုချစ်သူတွေဖြစ်သွားတတ်ကြတဲ့ အထိ မြန်ဆန်တဲ့ခေတ်ကိုရောက်နေပါပြီ။ တကယ်တော့ ကိုယ့်အတွက်ချစ်သူရွေးချယ်ရာမှာ အချိန်အများကြီး မယူချင်ဘူးဆိုရင်တောင် ချစ်သူတွေအဖြစ်မတွဲကြခင်မှာ ဒီလိုမျိုးစကားစမြည်လေးတွေ ပြောဖူးသင့်ပါတယ်။ (၁) အခြေခံအကြိုက်လေးတွေအကြောင်းပြောပါ လူတစ်ယောက်နဲ့တစ်ယောက် ရေရှည်အဆင်ပြေမပြေဆိုတာ အကြိုက်တူ၊မတူဆိုတဲ့အချက်နဲ့ အများကြီးသက်ဆိုင်နေပါတယ်။ အသွင်တူမှအိမ်သူဖြစ်တယ်ဆိုတဲ့ စကားက အလကားရှိခဲ့တာမဟုတ်ပါဘူး။ ဒါကြောင့် သူနဲ့တွေ့ပြီး အခြေခံအကြိုက်လေးတွေအကြောင်း အပြန်အလှန်ပြောကြည့်ပါ။ အကြိုက်တွေကွဲလွဲလွန်းနေရင် သင်တို့နှစ်ယောက်က ရေရှည်အဆင်ပြေဖို့မဖြစ်နိုင်တာကြောင့် ရှေ့ဆက်တိုးဖို့မစဉ်းစားပါနဲ့။ (၂) ကြီးပြင်းခဲ့တဲ့ပတ်ဝန်းကျင်၊လက်ရှိနေထိုင်နေတဲ့ပတ်ဝန်းကျင်အကြောင်းပြောပါ တစ်ယောက်နဲ့တစ်ယောက်က ကြီးပြင်းခဲ့တဲ့ပုံစံချင်း မတူနိုင်ဘူးဆိုပေမယ့် အရမ်းကြီးတော့ ကွဲလွဲမနေသင့်ပါဘူး။ ဘယ်လိုလူတွေနဲ့အတူတူကြီးပြင်းခဲ့သလဲ၊ လက်ရှိမှာ ဘယ်လိုလူမျိုးတွေနဲ့ အချိန်ကုန်နေသလဲဆိုတာ သိရအောင်လုပ်ပါ ပြီးမှ ကိုယ်နဲ့အဆင်ပြေလောက်လားဆိုတာ စဉ်းစားပါ။ (၃) အခုလတ်တလောခေတ်စားနေတဲ့အကြောင်းအရာတွေအကြောင်းပြောပါ သူနဲ့ကိုယ်နဲ့ပုံစံတူရဲ့လား၊ စိတ်ဝင်စားတာတွေတူရဲ့လားဆိုတာ သိရဖို့ အခုလတ်တလောခေတ်စားနေတဲ့ အကြောင်းအရာတွေကို … Read more

နှလုံးသားတစ်ခုလုံးပုံအပ်ပြီး သင့်ကိုပဲတကယ်ချစ်နေတဲ့ ယောကျ်ားတစ်ယောက်ရဲ့လက္ခဏာ(၅)မျို

ယောကျ်ားလေးတစ်ယောက်နဲ့ပတ်သက်ပြီး ခန့်မှန်းရအခက်ဆုံးကတော့ သူကိုယ့်ကို နှလုံးအပြည့်နဲ့ တကယ်ချစ်တာလား၊ ဒါမှမဟုတ် ခင်မင်ရုံ သက်သက် ပဲလား၊ ဒါမှမဟုတ် အပျော်တွဲတာလား ဆိုတာကိုပါပဲ။အခုဖော်ပြပေးမှာ ကတော့ သင့်အပေါ်ကို နှလုံးသား တစ်ခုလုံးပုံအပ်ပြီး သင့်ကိုပဲ အရူးအမူးချစ်နေတဲ့ ယောကျ်ား တစ်ယောက်ရဲ့ လက္ခဏာတွေကိုပါဒီအချက်လေးတွေဟာ သင့်ချစ်သူ ဒါမှမဟုတ် တစ်စုံတစ်ယောက်နဲ့ပတ်သက်ပြီး သင်သိချင်နေတဲ့ မေးခွန်းလေးတွေကို ဖြေပေးသွားမှာ ဖြစ်ပါတယ်နော် …။ (၁) ဖုန်းနဲ့စကားပြောတယ် သင့်ကို အီစီကလီ ဒါမှမဟုတ် အပျော်လောက်ပဲ သဘော ထားတဲ့ ယောကျ်ားတစ်ယောက်ဟာ text တွေ၊ chatting တွေလောက်နဲ့ပဲ သင့်ကို စကားပြောမှာပါ …။ဒါပေမယ့်လည်း သင့်ကို တကယ်ချစ်တဲ့ ယောကျ်ားတစ်ယောက်ကတော့ သူအားတဲ့ အချိန်တိုင်း သင့်ကို ဖုန်းခေါ်မှာဖြစ်ပါတယ်။ သင့်ကို ဖုန်းပုံမှန်ဆက်တယ်၊ မကြာမကြာ … Read more